ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ပဲရစ်၊ လန်ဒန်မြို့တွေအပါအဝင် ကမ္ဘာကျော်မြို့တွေကို ကျော်ဖြတ်ပြီး ပြည်ပခရီးသွားလာရောက်မှု အများဆုံးမြို့အဖြစ် သတ်မှတ်ခံရ

 4747

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃၁

၂ဝ၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား လာရောက်မှုအများဆုံးမြို့ကြီး ၁ဝ မြို့စာရင်းထဲမှာ မြန်မာနိုင်ငံရဲ့မြို့တွေ ပါဝင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိပ်ဆုံးမှာရပ်တည်နေကြောင်း MasterCard အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ၂ဝ၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွားဦးရေ ၂၂ ဒသမ ၇၈ သန်း လာရောက်ခဲ့ပြီး ကမ္ဘာကျော် ပဲရစ်မြို့ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအဖွဲ့ဟာ ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်းရှိ မြို့များအနက် ပြည်ပခရီးသွား လာရောက်မှုအများဆုံး မြို့ပေါင်း ၂ဝ စာရင်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ခဲ့ရာ ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့၊ ဖူးခက်မြို့နဲ့ ပတ္တယားမြို့တို့ဟာ ထိပ်ဆုံး မြို့ပေါင်း ၂ဝ ထဲမှာ ပါဝင်နေခဲ့ကြောင်း သိရပါတယ်။

၂ဝ၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွားလာရောက်မှုအများဆုံးမြို့တွေထဲမှာ ဘန်ကောက်မြို့၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ဒူဘိုင်းမြို့၊ စင်ကာပူ၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ အမေရိကန် နယူးယောက်မြို့၊ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ တူရကီနိုင်ငံ အန်တယ်ယာမြို့တို့ ပါဝင်နေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုလာရောက်တဲ့ ပြည်ပခရီးသွားဦးရေ ၂၂ သန်းကျော် ရှိခဲ့သလို ဖူးခက်မြို့ကို လာရောက်တဲ့ ပြည်ပခရီးသွားအရေအတွက်က ၁ဝ သန်းနီးပါးရှိခဲ့ကာ ပတ္တယားမြို့ကို လာရောက်တဲ့ ပြည်ပ ခရီးသွားအရေအတွက် ၉ သန်းခွဲကျော် ရှိခဲ့ကြောင်း သိရပါတယ်။

MasterCard အဖွဲ့က ထုတ်ပြန်တဲ့ ၂ဝ၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွားလာရောက်မှု အများဆုံးမြို့ပေါင်း ၂ဝ စာရင်း ထဲမှာ အာဆီယံဒေသအတွင်း နိုင်ငံများမှ မြို့ပေါင်း ၆ မြို့ပါဝင်ခဲ့ပြီး ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို၊ ဘရူးနိုင်းနိုင်ငံတို့ရဲ့မြို့တွေ ပါဝင်ခြင်း မရှိကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ပဲရစ္၊ လန္ဒန္ၿမိဳ႕ေတြအပါအဝင္ ကမာၻေက်ာ္ၿမိဳ႕ေတြကို ေက်ာ္ျဖတ္ၿပီး ျပည္ပခရီးသြားလာေရာက္မႈ အမ်ားဆုံးၿမိဳ႕အျဖစ္ သတ္မွတ္ခံရ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃၁

၂ဝ၂၃ ခုႏွစ္အတြင္း ျပည္ပခရီးသြား လာေရာက္မႈအမ်ားဆုံးၿမိဳ႕ႀကီး ၁ဝ ၿမိဳ႕စာရင္းထဲမွာ ျမန္မာႏိုင္ငံရဲ႕ၿမိဳ႕ေတြ ပါဝင္ျခင္းမရွိဘဲ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ထိပ္ဆုံးမွာရပ္တည္ေနေၾကာင္း MasterCard အဖြဲ႕ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ၂ဝ၂၃ ခုႏွစ္အတြင္း ျပည္ပခရီးသြားဦးေရ ၂၂ ဒသမ ၇၈ သန္း လာေရာက္ခဲ့ၿပီး ကမာၻေက်ာ္ ပဲရစ္ၿမိဳ႕ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါအဖြဲ႕ဟာ ၂ဝ၂၃ ခုႏွစ္အတြင္း ကမာၻတဝန္းရွိ ၿမိဳ႕မ်ားအနက္ ျပည္ပခရီးသြား လာေရာက္မႈအမ်ားဆုံး ၿမိဳ႕ေပါင္း ၂ဝ စာရင္းကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာထုတ္ျပန္ခဲ့ရာ ထိုင္းႏိုင္ငံရဲ႕ ဘန္ေကာက္ၿမိဳ႕၊ ဖူးခက္ၿမိဳ႕နဲ႔ ပတၱယားၿမိဳ႕တို႔ဟာ ထိပ္ဆုံး ၿမိဳ႕ေပါင္း ၂ဝ ထဲမွာ ပါဝင္ေနခဲ့ေၾကာင္း သိရပါတယ္။

၂ဝ၂၃ ခုႏွစ္အတြင္း ျပည္ပခရီးသြားလာေရာက္မႈအမ်ားဆုံးၿမိဳ႕ေတြထဲမွာ ဘန္ေကာက္ၿမိဳ႕၊ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕၊ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕၊ ဒူဘိုင္းၿမိဳ႕၊ စင္ကာပူ၊ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕၊ အေမရိကန္ နယူးေယာက္ၿမိဳ႕၊ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕၊ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕၊ တူရကီႏိုင္ငံ အန္တယ္ယာၿမိဳ႕တို႔ ပါဝင္ေနေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကိုလာေရာက္တဲ့ ျပည္ပခရီးသြားဦးေရ ၂၂ သန္းေက်ာ္ ရွိခဲ့သလို ဖူးခက္ၿမိဳ႕ကို လာေရာက္တဲ့ ျပည္ပခရီးသြားအေရအတြက္က ၁ဝ သန္းနီးပါးရွိခဲ့ကာ ပတၱယားၿမိဳ႕ကို လာေရာက္တဲ့ ျပည္ပ ခရီးသြားအေရအတြက္ ၉ သန္းခြဲေက်ာ္ ရွိခဲ့ေၾကာင္း သိရပါတယ္။

MasterCard အဖြဲ႕က ထုတ္ျပန္တဲ့ ၂ဝ၂၃ ခုႏွစ္အတြင္း ျပည္ပခရီးသြားလာေရာက္မႈ အမ်ားဆုံးၿမိဳ႕ေပါင္း ၂ဝ စာရင္း ထဲမွာ အာဆီယံေဒသအတြင္း ႏိုင္ငံမ်ားမွ ၿမိဳ႕ေပါင္း ၆ ၿမိဳ႕ပါဝင္ခဲ့ၿပီး ကေမာၻဒီးယား၊ ျမန္မာ၊ ဖိလစ္ပိုင္၊ လာအို၊ ဘ႐ူးႏိုင္းႏိုင္ငံတို႔ရဲ႕ၿမိဳ႕ေတြ ပါဝင္ျခင္း မရွိေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.