စင်ကာပူမှာ Telegram မှ တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုများ ၃ နှစ်အတွင်း နှစ်ဆ တိုးလာ

1004

ရောင်နီ (NP News) - ဇန်နဝါရီ ၁
စင်္ကာပူမှာ တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းချသူတွေကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေတဲ့ကြားက သုံးနှစ်အတွင်း Telegram မှ မှောင်ခိုရောင်းဝယ်မှုတွေဟာ နှစ်ဆ တိုးလာတယ်လို့ Animal Concerns Research and Education Society (Acres) က ဆိုပါတယ်။
Telegram ပလက်ဖောင်းပေါ်မှာ ရောင်းချထားတဲ့တားမြစ် တောရိုင်းတိရစ္ဆာန် အရေအတွက်ဟာ ၂၀၂၁ ခုနှစ်က ၃၃၃ ကြိမ်ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာတော့ ၆၆၀ ကြိမ်ထိ နှစ်ဆနီးပါး တိုးလာခဲ့တယ်လို့ Acres ရဲ့ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဆားမြစ်ဆောရိုင်း တိရစ္ဆာန်တွေ ရောင်းချဖို့ ကမ်းလှမ်းသူ အရေအတွက်ကလည်း ၂၀၂၁ ခုနှစ်က ၆၆ ယောက်မှ ၂၀၂၃ ခုနှစ်မှာ ၃၈၇ အထိ တိုးလာခဲ့ပါတယ်။
အိန္ဒိယ ကြယ်လိပ်၊ ကျားသစ်လိပ်၊ ကင်းမြီးကောက် စတဲ့ရှားပါးတိရစ္ဆာန်တွေဟာ Telegram အဖွဲ့တွေကြား ၀ယ်လိုအား အမြင့်မားဆုံး မြင့်တက်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေဖြစ်ပါတယ်။
ဥပမာအား လူကြိုက်အများဆုံး တိရစ္ဆာန်ဖြစ်တဲ့ အိန္ဒိယကြယ်လိပ်တွေဟာ ၂၀၂၁ ခုနှစ်က ၄ ကောင်မှ ၂၀၂၃ ခုနှစ်မှာ ၂၁ ကောင်အထိ တိုးလာခဲ့ပါတယ်။
စင်္ကာပူမှာ ၂၀၂၂ ခုနှစ်ကတည်းက မျိုးစိတ်ရောင်းဝယ်ဖောက်ကားသူတွေကို ဒဏ်ငွေနဲ့ ထောင်ဒဏ်တွေ ပြင်းပြင်းထန်ထန် ချမှတ်ခဲ့တဲ့ကြားက မှောင်ခိုရောင်းဝယ်မှုတွေ ဆက်တိုက် တိုးလာနေတာပဲဖြစ်ပါတယ်။
တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ပေါက်စျေးဟာဆယ်ဒေါ်လာမှ ဒေါ်လာ ၃၀၀၀ ခန့်အထိ ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ Telegram မွ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္ေဖာက္ကားမႈမ်ား ၃ ႏွစ္အတြင္း ႏွစ္ဆ တိုးလာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁
စကၤာပူမွာ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ေရာင္းခ်သူေတြကို ဖမ္းဆီးအေရးယူမႈမ်ား ျပဳလုပ္ေနတဲ့ၾကားက သုံးႏွစ္အတြင္း Telegram မွ ေမွာင္ခိုေရာင္းဝယ္မႈေတြဟာ ႏွစ္ဆ တိုးလာတယ္လို႔ Animal Concerns Research and Education Society (Acres) က ဆိုပါတယ္။
Telegram ပလက္ေဖာင္းေပၚမွာ ေရာင္းခ်ထားတဲ့တားျမစ္ ေတာ႐ိုင္းတိရစာၦန္ အေရအတြက္ဟာ ၂၀၂၁ ခုႏွစ္က ၃၃၃ ႀကိမ္ရွိခဲ့ရာမွ ၂၀၂၃ ခုႏွစ္မွာေတာ့ ၆၆၀ ႀကိမ္ထိ ႏွစ္ဆနီးပါး တိုးလာခဲ့တယ္လို႔ Acres ရဲ႕ ဒီဇင္ဘာလက ထုတ္ျပန္တဲ့ အစီရင္ခံစာအရ သိရပါတယ္။
ဆားျမစ္ေဆာ႐ိုင္း တိရစာၦန္ေတြ ေရာင္းခ်ဖို႔ ကမ္းလွမ္းသူ အေရအတြက္ကလည္း ၂၀၂၁ ခုႏွစ္က ၆၆ ေယာက္မွ ၂၀၂၃ ခုႏွစ္မွာ ၃၈၇ အထိ တိုးလာခဲ့ပါတယ္။
အိႏၵိယ ၾကယ္လိပ္၊ က်ားသစ္လိပ္၊ ကင္းၿမီးေကာက္ စတဲ့ရွားပါးတိရစာၦန္ေတြဟာ Telegram အဖြဲ႕ေတြၾကား ၀ယ္လိုအား အျမင့္မားဆုံး ျမင့္တက္ေနတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြျဖစ္ပါတယ္။
ဥပမာအား လူႀကိဳက္အမ်ားဆုံး တိရစာၦန္ျဖစ္တဲ့ အိႏၵိယၾကယ္လိပ္ေတြဟာ ၂၀၂၁ ခုႏွစ္က ၄ ေကာင္မွ ၂၀၂၃ ခုႏွစ္မွာ ၂၁ ေကာင္အထိ တိုးလာခဲ့ပါတယ္။
စကၤာပူမွာ ၂၀၂၂ ခုႏွစ္ကတည္းက မ်ိဳးစိတ္ေရာင္းဝယ္ေဖာက္ကားသူေတြကို ဒဏ္ေငြနဲ႔ ေထာင္ဒဏ္ေတြ ျပင္းျပင္းထန္ထန္ ခ်မွတ္ခဲ့တဲ့ၾကားက ေမွာင္ခိုေရာင္းဝယ္မႈေတြ ဆက္တိုက္ တိုးလာေနတာပဲျဖစ္ပါတယ္။
တားျမစ္ထားတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕ေပါက္ေစ်းဟာဆယ္ေဒၚလာမွ ေဒၚလာ ၃၀၀၀ ခန႔္အထိ ရွိတယ္လို႔ သိရပါတယ္။