မြောက်ဒဂုံမြို့နယ်ရှိ တိရစ္ဆာန်ဂေဟာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ခွေးနှင့်ကြောင် အကောင်ရေ (၂၀)ထက်မနည်း မီးလောင်သေဆုံးခဲ့

1174
စော (NP News) - ဇန်နဝါရီ ၄
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ တိရစ္ဆာန်ဂေဟာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ခွေးနှင့်ကြောင် အကောင်ရေ (၂၀)ထက်မနည်း မီးလောင်သေဆုံးခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၃ ရက်)၊ ည (၇)နာရီဝန်းကျင်အချိန်တွင် မြောက်ဒဂုံမြို့နယ်၊ (၄၈)ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းရှိ တိရစ္ဆာန်ဂေဟာ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မီးစက်က စလောင်တာပါ။ ဟိုတယ်ပုံစံတော့ ပုံစံပဲ ဒါပေမယ့် ဂေဟာပါ။ ကြောင်နဲ့ခွေးနဲ့ရောနေတော့ အကောင်(၂၀)ကျော်တော့ သေဆုံးသွားမယ်။ ခွေးလေးတွေက လိမ်မာတယ်။ မီးကလောင်နေတော့ နောက်မှာငြိမ်ငြိမ်လေးတွေနေတဲ့ အကောင်တွေများတယ်။ အဲတာကြောင့်လည်း သိပ်အထိ အခိုက်မရှိတာ”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
တိရိစ္ဆာန်ဂေဟာ မီးလောင်မှုအား သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများနှင့် လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည (၈)နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ခွေးပိုင်ရှင် အမျိုးသမီးတစ်ဦးတွင် ခွေးကိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

zawgyi version
ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ တိရစာၦန္ေဂဟာ၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေခြးႏွင့္ေၾကာင္ အေကာင္ေရ (၂၀)ထက္မနည္း မီးေလာင္ေသဆုံးခဲ့
ေစာ (NP News) - ဇန္နဝါရီ ၄
ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ တိရစာၦန္ေဂဟာ၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေခြးႏွင့္ေၾကာင္ အေကာင္ေရ (၂၀)ထက္မနည္း မီးေလာင္ေသဆုံးခဲ့ေၾကာင္း ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇန္နဝါရီလ ၃ ရက္)၊ ည (၇)နာရီဝန္းက်င္အခ်ိန္တြင္ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၄၈)ရပ္ကြက္၊ ေအာင္ဆန္းသူရိယလွေသာင္းလမ္းရွိ တိရစာၦန္ေဂဟာ၌ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“မီးစက္က စေလာင္တာပါ။ ဟိုတယ္ပုံစံေတာ့ ပုံစံပဲ ဒါေပမယ့္ ေဂဟာပါ။ ေၾကာင္နဲ႔ေခြးနဲ႔ေရာေနေတာ့ အေကာင္(၂၀)ေက်ာ္ေတာ့ ေသဆုံးသြားမယ္။ ေခြးေလးေတြက လိမ္မာတယ္။ မီးကေလာင္ေနေတာ့ ေနာက္မွာၿငိမ္ၿငိမ္ေလးေတြေနတဲ့ အေကာင္ေတြမ်ားတယ္။ အဲတာေၾကာင့္လည္း သိပ္အထိ အခိုက္မရွိတာ”ဟု ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
တိရိစာၦန္ေဂဟာ မီးေလာင္မႈအား သက္ဆိုင္ရာၿမိဳ႕နယ္မီးသတ္စခန္းမ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားမွ ဝိုင္းဝန္းမီးျငႇိမ္းသတ္ခဲ့ရာ ည (၈)နာရီတြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ေခြးပိုင္ရွင္ အမ်ိဳးသမီးတစ္ဦးတြင္ ေခြးကိုက္ခံရသျဖင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၎က ေျပာသည္။