မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို ရန်သူနိုင်ငံလိုမျိုး ပြုမူဆက်ဆံသွားဖွယ်ရှိနေ

 1112

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၄

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံတစ်နိုင်ငံလိုမျိုး ထိရောက်စွာ ဆက်ဆံဖို့ မူဝါဒတွေ အပြောင်းအလဲလုပ်ဆောင်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၃ခုနှစ်အထိ ဖြစ်ပွားတဲ့ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ပြီးနောက် သီးခြားနိုင်ငံတွေအဖြစ်ရပ်တည်ခဲ့ပြီး လက်ရှိအချိန်မှာ နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာနေကြောင်းသိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ၎င်းတို့ဟာ တောင်ကိုရီးယားနဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုထားသလို ၊ တောင်ကိုရီးယားကို ရန်သူနိုင်ငံလိုမျိုး ဆက်ဆံနိုင်ဖို့ မူဝါဒတွေ အပြောင်းအလဲလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Korea Institute for National Unification ရဲ့ သုတေသီ မစ္စတာဟောင်မင်က "မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ပြန်လည်ပေါင်းစည်းရေးကို စွန့်လွှတ်လိုက်မယ်ဆိုရင် တောင်ကိုရီးယားကို ရန်သူနိုင်ငံအဖြစ် ဆက်ဆံလာဖွယ်ရှိနေပါတယ်။ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးလည်းရှိလာတော့မှာမဟုတ်ဘူး၊ မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယားလက်နက်တွေအသုံးပြုတိုက်ခိုက်လာဖွယ်ရှိနေပါတယ်"လို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ဘက်သုံးဂြိုလ်တုကိုအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သလို အမေရိကန်နိုင်ငံအထိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း စစ်ဘက်သုံး ဂြိုလ်တု သုံးစင်းထပ်မံလွှတ်တင်သွားဖို့ အစီအစဉ်တွေရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားရာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။

zawgyi version
ေျမာက္ကိုရီးယားႏိုင္ငံက ေတာင္ကိုရီးယားကို ရန္သူႏိုင္ငံလိုမ်ိဳး ျပဳမူဆက္ ဆံသြားဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၄

ေျမာက္ကိုရီးယားႏိုင္ငံဟာ ေတာင္ကိုရီးယားႏိုင္ငံကို ရန္သူႏိုင္ငံတစ္ႏိုင္ငံလိုမ်ိဳး ထိေရာက္စြာ ဆက္ဆံဖို႔ မူဝါဒေတြ အေျပာင္းအလဲလုပ္ေဆာင္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားတို႔ဟာ ၁၉၅၀ ခုႏွစ္ကေန ၁၉၅၃ခုႏွစ္အထိ ျဖစ္ပြားတဲ့ ကိုရီးယားကြၽန္းဆြယ္စစ္ပြဲ အဆုံးသတ္ၿပီးေနာက္ သီးျခားႏိုင္ငံေတြအျဖစ္ရပ္တည္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျဖစ္လာေနေၾကာင္းသိရပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္က ၎တို႔ဟာ ေတာင္ကိုရီးယားနဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းႏိုင္ဖို႔ မျဖစ္ႏိုင္ေၾကာင္း ေျပာဆိုထားသလို ၊ ေတာင္ကိုရီးယားကို ရန္သူႏိုင္ငံလိုမ်ိဳး ဆက္ဆံႏိုင္ဖို႔ မူဝါဒေတြ အေျပာင္းအလဲလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာဆိုခဲ့ဖူးပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ရွိ Korea Institute for National Unification ရဲ႕ သုေတသီ မစၥတာ ေဟာင္မင္က "ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားနဲ႔ျပန္လည္ေပါင္းစည္းေရးကို စြန႔္လႊတ္လိုက္မယ္ဆိုရင္ ေတာင္ကိုရီးယားကို ရန္သူႏိုင္ငံအျဖစ္ ဆက္ဆံလာဖြယ္ရွိေနပါတယ္။ ႏွစ္ႏိုင္ငံၾကား သံတမန္ ဆက္ဆံေရးလည္းရွိလာေတာ့မွာမဟုတ္ဘူး၊ ေျမာက္ကိုရီးယား ႏိုင္ငံဟာ န်ဴကလီးယားလက္နက္ေတြအသုံးျပဳတိုက္ခိုက္လာဖြယ္ရွိေနပါတယ္"လို႔ ေျပာပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း စစ္ဘက္သုံးၿဂိဳလ္တုကိုေအာင္ျမင္စြာ လႊတ္တင္ႏိုင္ခဲ့သလို အေမရိကန္ႏိုင္ငံအထိ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ကို ေအာင္ျမင္စြာစမ္းသပ္ခဲ့ၿပီးေနာက္ ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္က လာမယ့္ ၂၀၂၄ ခုႏွစ္အတြင္းမွာလည္း စစ္ဘက္သုံး ၿဂိဳလ္တု သုံးစင္းထပ္မံလႊတ္တင္သြားဖို႔ အစီအစဥ္ေတြရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားရာ ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.