ရန်ကုန်မြို့၌ မြွေကိုက်ခံရသည်ဟု ယူဆရသော အသက်(၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့မှုဖြစ်ပွား

1994
စော (NP News) - ဇန်နဝါရီ ၇
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် မြွေကိုက်ခံရသည်ဟု ယူဆရသော အသက် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်သည် ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်)၊ မွန်းလွဲပိုင်းတွင် မြောက်ဒဂုံမြို့နယ်၊ (၄၈)ရပ်ကွက်ရှိ နေအိမ်ဘေး၌ ကစားနေစဉ် မြွေကိုက်ခံခဲ့ရသည်ဟု ယူဆရကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“သူက မနက် (၉)နာရီလောက်ကထင်တယ်။ အိမ်ဘေးမှာ ကစားနေရင်းနဲ့ လက်မှာ အကောင်ကိုက်ခံရတာကိုတွေ့လို့ လူကြီးတွေက မေးတယ်။ မေးတော့ ကြွက်ကိုက်ခံရသလို ဘာလိုလိုပေါ့။ အဲဒီတော့ ဒီအတိုင်းပဲ ထားလိုက်တာ။ နေ့ခင်းကျတော့ အဆိပ်တက်လာတယ်လို့ သိရတယ်။ အဲဒီတော့ ကျွန်တော်တို့ကိုလှမ်းခေါ်တာပါ။ လက်မှာ အပေါက်နှစ်ပေါက်နဲ့ ဆိုတော့ ကျွန်တော်တို့ယူဆတာတော့ မြွေလို့ထင်တာပဲ။ ဘယ်ဘက်လက်ခုံမှာ အကိုက်ခံရတာပါ”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါကလေးငယ်အား မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကင်းမြို့နယ် ကလေးဆေးရုံသို့ ပို့ဆောင်ကုသစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ထို့သို့ ကွယ်လွန်ဆုံးပါးသွားသည့် ကလေးငယ်သည် အသက် (၅)နှစ်အရွယ် ရှိ မအိန္ဒြာကျော်ဖြစ်ကြောင်းလည်း သိရသည်။
“လူကြီးပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ် ချုံထူထပ်တဲ့နေရာတွေ၊ ပစ္စည်းတွေစု ပုံထားတဲ့နေရာတွေ သွားတယ်ဆိုရင် သတိထားပြီးသွားသင့်တယ်။ကျွန်တော်တို့ သွားဖမ်းတဲ့မြွေတော်တော်များများကလည်း ချုံပုပ်တွေမှာ တွေ့ရတာများတယ်။ ဒီကလေးဆိုလည်း သစ်ပင်ဘေးနားက သစ်ပုံရှိနေတာကို မြွေတို့၊ တိရစ္ဆာန်တို့ အောင်းနိုင်တယ်။ ကလေးတွေကို ခြံထဲဆင်းဆော့ခိုင်းရင်လည်း အဲဒီလိုနေရာမျိုးကို ရှင်းထားတာမျိုး၊ ကလေးကို အဲဒီလိုလွှတ်ထားပေးတာမျိုး မဖြစ်စေချင်ဘူး”ဟု အထက်ပါအသင်းက အကြုံပြုပြောကြားထားသည်။
လက်ရှိတွင် ကလေးငယ်၏ရုပ်အလောင်းကို Medical လူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝီဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ ေႁမြကိုက္ခံရသည္ဟု ယူဆရေသာ အသက္(၅)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ေသဆုံးခဲ့မႈျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၇
ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ေႁမြကိုက္ခံရသည္ဟု ယူဆရေသာ အသက္ (၅)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါကေလးငယ္သည္ ယမန္ေန႔ (ဇန္နဝါရီလ ၆ ရက္)၊ မြန္းလြဲပိုင္းတြင္ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၄၈)ရပ္ကြက္ရွိ ေနအိမ္ေဘး၌ ကစားေနစဥ္ ေႁမြကိုက္ခံခဲ့ရသည္ဟု ယူဆရေၾကာင္း ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
“သူက မနက္ (၉)နာရီေလာက္ကထင္တယ္။ အိမ္ေဘးမွာ ကစားေနရင္းနဲ႔ လက္မွာ အေကာင္ကိုက္ခံရတာကိုေတြ႕လို႔ လူႀကီးေတြက ေမးတယ္။ ေမးေတာ့ ႂကြက္ကိုက္ခံရသလို ဘာလိုလိုေပါ့။ အဲဒီေတာ့ ဒီအတိုင္းပဲ ထားလိုက္တာ။ ေန႔ခင္းက်ေတာ့ အဆိပ္တက္လာတယ္လို႔ သိရတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကိုလွမ္းေခၚတာပါ။ လက္မွာ အေပါက္ႏွစ္ေပါက္နဲ႔ ဆိုေတာ့ ကြၽန္ေတာ္တို႔ယူဆတာေတာ့ ေႁမြလို႔ထင္တာပဲ။ ဘယ္ဘက္လက္ခုံမွာ အကိုက္ခံရတာပါ”ဟု ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါကေလးငယ္အား ေျမာက္ဥကၠလာပၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးမွတစ္ဆင့္ ရန္ကင္းၿမိဳ႕နယ္ ကေလးေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ကြယ္လြန္ဆုံးပါးသြားသည့္ ကေလးငယ္သည္ အသက္ (၅)ႏွစ္အ႐ြယ္ ရွိ မအိျႏၵာေက်ာ္ျဖစ္ေၾကာင္းလည္း သိရသည္။
“လူႀကီးပဲျဖစ္ျဖစ္၊ ကေလးပဲျဖစ္ျဖစ္ ခ်ဳံထူထပ္တဲ့ေနရာေတြ၊ ပစၥည္းေတြစု ပုံထားတဲ့ေနရာေတြ သြားတယ္ဆိုရင္ သတိထားၿပီးသြားသင့္တယ္။ကြၽန္ေတာ္တို႔ သြားဖမ္းတဲ့ေႁမြေတာ္ေတာ္မ်ားမ်ားကလည္း ခ်ဳံပုပ္ေတြမွာ ေတြ႕ရတာမ်ားတယ္။ ဒီကေလးဆိုလည္း သစ္ပင္ေဘးနားက သစ္ပုံရွိေနတာကို ေႁမြတို႔၊ တိရစာၦန္တို႔ ေအာင္းႏိုင္တယ္။ ကေလးေတြကို ၿခံထဲဆင္းေဆာ့ခိုင္းရင္လည္း အဲဒီလိုေနရာမ်ိဳးကို ရွင္းထားတာမ်ိဳး၊ ကေလးကို အဲဒီလိုလႊတ္ထားေပးတာမ်ိဳး မျဖစ္ေစခ်င္ဘူး”ဟု အထက္ပါအသင္းက အႀကဳံျပဳေျပာၾကားထားသည္။
လက္ရွိတြင္ ကေလးငယ္၏႐ုပ္အေလာင္းကို Medical လူမႈကူညီေရးအသင္းမွ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေမဓါဝီေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။