ရုရှားနိုင်ငံတွင် ကားအစီးရေ(၅ဝ)ခန့် ဆင့်တိုက်ခဲ့ပြီး အနည်းဆုံးလူ(၄)ဦး သေဆုံး

365

Pika (NP News) - ဇန်နဝါရီ ၁ဝ
ရုရှားနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစဘက်မြို့ကြားရှိ အဝေးပြေးလမ်းမပေါ်တွင် ကားအစီးရေ(၅ဝ)ခန့် ဆင့်တိုက် ခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံးကာ အခြားလူ(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Novgorod ဒေသယာဉ် ထိန်းရဲချုပ် Viktor Gavrilov က ပြောကြားခဲ့သည်။
၎င်းက "အဲဒီယာဉ်ဆင့်တိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးနဲ့ သူမရဲ့တစ်နှစ်အရွယ်ကလေး အပါအဝင် အနည်းဆုံး လူ(၄)ဦး သေဆုံးခဲ့ပါတယ်။ ပြီးတော့ အခြားလူ(၁၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသော စီစီတီဗီမှတ်တမ်းများတွင် နှင်းခဲနေသော လမ်းမပေါ်မှာ ကားနှင့် ထရပ်ကား အများအပြားစုပုံနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အဆိုပါယာဉ်တိုက်မှုအတွင်း ကားအစီးရေ (၅ဝ) ခန့် ပါဝင်နိုင်ကြောင်း Novgorod ဒေသ အုပ်ချုပ်ရေးမှူး Andrey Nikitin က ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအေဂျင်စီများ နှင့် အရေးပေါ်ဝန်ဆောင်မှုများသည် အပျက်အစီးရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ထောက်ပံ့ကူညီပေးမှုများ လုပ်ဆောင်ပေးလျက်ရှိ ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်နိုင်ရန်အတွက် ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်း စေလွှတ် ပေးခဲ့ကြောင်းလည်း သိရသည်။ အခင်းဖြစ်ပွားရာနေရာသို့ အစားအစာ နှင့် သောက်စရာများအပြင် ဘတ်စ်ကား များနှင့် မိုလ်ဘိုင်းအပူပေးစက်များကို ပေးပို့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် မော်စကိုမြို့သို့သွားသည့် အဝေးပြေးလမ်းမကြီးကို နာရီအတော်ကြာ ပိတ်ဆို့ ထားခဲ့ရကြောင်းလည်း သိရသည်။ ယာဉ်အသေးစားများကို အခင်းဖြစ်ပွားရာနေရာအား လှည့်ပတ်ကာ ခရီးဆက်သွားနိုင်စေရန်အတွက် အခြားလမ်းကြောင်းတစ်ခုကို စီစဉ်ပေးထားသော်လည်း ကုန်တင်ကား အစီးရေ(၆ဝ)ကျော်မှာ အဝေးပြေးလမ်းမကြီးပေါ်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။
နှစ်သစ်ကူးနေ့အပြီးတွင် စတင်ခဲ့သော နှင်းထူထပ်စွာကျဆင်းမှုသည် ယခုသီတင်းပတ်အထိ ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက အစောပိုင်းတွင် သတိပေးပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားႏိုင္ငံတြင္ ကားအစီးေရ(၅ဝ)ခန႔္ ဆင့္တိုက္ခဲ့ၿပီး အနည္းဆုံးလူ(၄)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၁ဝ
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ႏွင့္ စိန႔္ပီတာစဘက္ၿမိဳ႕ၾကားရွိ အေဝးေျပးလမ္းမေပၚတြင္ ကားအစီးေရ(၅ဝ)ခန႔္ ဆင့္တိုက္ ခဲ့ၿပီး အနည္းဆုံးလူ(၄)ဦးေသဆုံးကာ အျခားလူ(၁၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း Novgorod ေဒသယာဥ္ ထိန္းရဲခ်ဳပ္ Viktor Gavrilov က ေျပာၾကားခဲ့သည္။
၎က "အဲဒီယာဥ္ဆင့္တိုက္မႈေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦးနဲ႔ သူမရဲ႕တစ္ႏွစ္အ႐ြယ္ကေလး အပါအဝင္ အနည္းဆုံး လူ(၄)ဦး ေသဆုံးခဲ့ပါတယ္။ ၿပီးေတာ့ အျခားလူ(၁၁)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္" ဟု ေျပာခဲ့သည္။
ဆိုရွယ္မီဒီယာေပၚတြင္တင္ထားေသာ စီစီတီဗီမွတ္တမ္းမ်ားတြင္ ႏွင္းခဲေနေသာ လမ္းမေပၚမွာ ကားႏွင့္ ထရပ္ကား အမ်ားအျပားစုပုံေနသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ အဆိုပါယာဥ္တိုက္မႈအတြင္း ကားအစီးေရ (၅ဝ) ခန႔္ ပါဝင္ႏိုင္ေၾကာင္း Novgorod ေဒသ အုပ္ခ်ဳပ္ေရးမႉး Andrey Nikitin က ေျပာၾကားခဲ့သည္။
ေဒသဆိုင္ရာ ဥပေဒစိုးမိုးေရးေအဂ်င္စီမ်ား ႏွင့္ အေရးေပၚဝန္ေဆာင္မႈမ်ားသည္ အပ်က္အစီးရွင္းလင္းေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေထာက္ပံ့ကူညီေပးမႈမ်ား လုပ္ေဆာင္ေပးလ်က္ရွိ ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
ထို႔အျပင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ကယ္ဆယ္ႏိုင္ရန္အတြက္ ကယ္ဆယ္ေရးရဟတ္ယာဥ္တစ္စင္း ေစလႊတ္ ေပးခဲ့ေၾကာင္းလည္း သိရသည္။ အခင္းျဖစ္ပြားရာေနရာသို႔ အစားအစာ ႏွင့္ ေသာက္စရာမ်ားအျပင္ ဘတ္စ္ကား မ်ားႏွင့္ မိုလ္ဘိုင္းအပူေပးစက္မ်ားကို ေပးပို႔ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ေမာ္စကိုၿမိဳ႕သို႔သြားသည့္ အေဝးေျပးလမ္းမႀကီးကို နာရီအေတာ္ၾကာ ပိတ္ဆို႔ ထားခဲ့ရေၾကာင္းလည္း သိရသည္။ ယာဥ္အေသးစားမ်ားကို အခင္းျဖစ္ပြားရာေနရာအား လွည့္ပတ္ကာ ခရီးဆက္သြားႏိုင္ေစရန္အတြက္ အျခားလမ္းေၾကာင္းတစ္ခုကို စီစဥ္ေပးထားေသာ္လည္း ကုန္တင္ကား အစီးေရ(၆ဝ)ေက်ာ္မွာ အေဝးေျပးလမ္းမႀကီးေပၚတြင္ ပိတ္မိေနဆဲျဖစ္ေၾကာင္း သိရသည္။
ႏွစ္သစ္ကူးေန႔အၿပီးတြင္ စတင္ခဲ့ေသာ ႏွင္းထူထပ္စြာက်ဆင္းမႈသည္ ယခုသီတင္းပတ္အထိ ဆက္လက္ျဖစ္ပြားႏိုင္ဖြယ္ရွိေၾကာင္း တာဝန္ရွိသူမ်ားက အေစာပိုင္းတြင္ သတိေပးေျပာဆိုခဲ့သည္။