အမျိုးသားတစ်ဦး အထပ်မြင့်တိုက်(၈)လွှာမှခုန်ချခဲ့၍ ပွဲချင်းပြီးသေဆုံးမှု ရန်ကုန်၌ဖြစ်ပွား

 14677

စော (NP News) - ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ဒဂုံ)မြို့နယ်၌ တက္ကစီမောင်းနှင်သည့် အမျိုးသားတစ်ဦး အထပ်မြင့်တိုက် (၈)လွှာပေါ်မှ ခုန်ချခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ယမန်နေ့(ဇန်နဝါရီလ ၁၀ ရက်)၊ ည (၁၀)နာရီဝန်းကျင်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်အိမ်ရာရှိ အထပ်မြင့်တိုက်တစ်လုံး ၏(၈)လွှာပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“သူ့အိမ်က ဗိုလ်မင်းရောင်အိမ်ရာထဲမှာ။ သူ့အလုပ်အကိုင်က တက္ကစီမောင်းတယ်။ ကားပြန်သိမ်းပြီးတော့ အပေါ်တက်လာတယ်။ အိမ်ပေါ်တက်တာကို သူ့အခန်းထဲမရောက်ဘဲနဲ့ အဲဒီပေါ်ကနေ ခုန်ချသွားတယ်။ (၈)လွှာ အပေါ်ဆုံးအထပ်ပေါ့။ ကျွန် တော်တို့ရောက်တဲ့အချိန်မှာ သေဆုံးနေပြီ”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ခုန်ချသည့် အမျိုးသားသည် အသက်(၄၂)နှစ်အရွယ်ရှိ ဦးကျော်မျိုးဟန်ဖြစ်ပြီး ၎င်းသည် တက္ကစီမောင်းသည့် အလုပ်ကိုလုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းကပြောသည်။

၎င်း၏ရုပ်အလောင်းအား ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းကားဖြင့် မြောက်ဥက္ကာပဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
အမ်ိဳးသားတစ္ဦး အထပ္ျမင့္တိုက္(၈)လႊာမွခုန္ခ်ခဲ့၍ ပြဲခ်င္းၿပီးေသဆုံးမႈ ရန္ကုန္၌ျဖစ္ပြား

ေစာ (NP News) - ဇန္နဝါရီ ၁၁

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ဒဂုံ)ၿမိဳ႕နယ္၌ တကၠစီေမာင္းႏွင္သည့္ အမ်ိဳးသားတစ္ဦး အထပ္ျမင့္တိုက္ (၈)လႊာေပၚမွ ခုန္ခ်ခဲ့ရာ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားသည္ ယမန္ေန႔(ဇန္နဝါရီလ ၁၀ ရက္)၊ ည (၁၀)နာရီဝန္းက်င္အခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ၄၂ ရပ္ကြက္၊ ဗိုလ္မင္းေရာင္အိမ္ရာရွိ အထပ္ျမင့္တိုက္တစ္လုံး ၏(၈)လႊာေပၚမွ ခုန္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

“သူ႔အိမ္က ဗိုလ္မင္းေရာင္အိမ္ရာထဲမွာ။ သူ႔အလုပ္အကိုင္က တကၠစီေမာင္းတယ္။ ကားျပန္သိမ္းၿပီးေတာ့ အေပၚတက္လာတယ္။ အိမ္ေပၚတက္တာကို သူ႔အခန္းထဲမေရာက္ဘဲနဲ႔ အဲဒီေပၚကေန ခုန္ခ်သြားတယ္။ (၈)လႊာ အေပၚဆုံးအထပ္ေပါ့။ ကြၽန္ ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ ေသဆုံးေနၿပီ”ဟု ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ခုန္ခ်သည့္ အမ်ိဳးသားသည္ အသက္(၄၂)ႏွစ္အ႐ြယ္ရွိ ဦးေက်ာ္မ်ိဳးဟန္ျဖစ္ၿပီး ၎သည္ တကၠစီေမာင္းသည့္ အလုပ္ကိုလုပ္ကိုင္ေနသူျဖစ္ေၾကာင္း ၎ကေျပာသည္။

၎၏႐ုပ္အေလာင္းအား ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းကားျဖင့္ ေျမာက္ဥကၠာပေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.