အမျိုးသား(၂)ဦးက ဆံပင်ညှပ်ဆိုင်တံခါးကိုဖွင့်ခိုင်းပြီး ဖွင့်ပေးသူကိုဓားဖြင့်ခုတ်ကာ ဖုန်းလုယက်ယူဆောင်မှုဖြစ်ပွား

1526
ကျော်(NP News) - ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုးသား(၂)ဦးက ဆံပင်ညှပ်ဆိုင်တံခါးကိုဖွင့်ခိုင်းပြီးနောက် ဖွင့်ပေးသူကိုဓားဖြင့်ခုတ်ကာ ကိုင်ဆောင်ထားသည့်ဖုန်းကိုလုယက်ယူဆောင်သွားခဲ့ကြကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၂ ရက်)၊ ည ၁၁ နာရီကျော်ခန့်က မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ် လမ်းရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းတွင်ဖွင့်လှစ်ထားသည့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ အမျိုးသား(၂)ဦးရောက်ရှိလာကာ တံခါးအားရိုက်နှက်ပြီးဖွင့်ခိုင်းခဲ့သဖြင့် ဆိုင်ဝန်ထမ်းလူငယ်တစ်ဦးက ဖွင့်ပေးခဲ့ကြောင်း သိရသည်။
"တက္ကသိုလ်ပတ်လမ်း တိပိဋကမ္ဘောဇဘုန်းကြီးကျောင်းရှေ့က ဆံပင်ညှပ်ဆိုင်မှာဖြစ်သွားတာပါ။ ဆိုင်ကကောင်လေးက တံခါးကိုအပြင်ကနေ ထုရိုက်နေလို့ ဖွင့်ပေး လိုက်တဲ့အချိန် သူ့ကိုအပြင်ဆွဲထုတ်ပြီး ဓားနဲ့ခုတ်တယ်။ ပတ်ဝန်းကျင်က အသံတွေကြားလို့ထွက်ကြည့်ကြတော့ ကောင်လေး ကိုင်ထားတဲ့ဖုန်းကိုလုယူပြီး ထွက်ပြေးသွားတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်ခုတ်ခံရမှုကြောင့် ဆိုင်ဝန်ထမ်းလူငယ်၏ မျက် နှာ၊ ဦးခေါင်းနှင့် လက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ သော်လည်း မစိုးရိမ်ရဘဲ ဒေသခံလူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်အား ရဲတပ်ဖွဲ့မှလာရောက်စစ်ဆေး၍ ပြစ်မှုကျူး လွန်သူ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
zawgyi version
အမ်ိဳးသား(၂)ဦးက ဆံပင္ညႇပ္ဆိုင္တံခါးကိုဖြင့္ခိုင္းၿပီး ဖြင့္ေပးသူကိုဓားျဖင့္ခုတ္ကာ ဖုန္းလုယက္ယူေဆာင္မႈျဖစ္ပြား
ေက်ာ္(NP News) - ဇန္နဝါရီ ၁၃
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ အမ်ိဳးသား(၂)ဦးက ဆံပင္ညႇပ္ဆိုင္တံခါးကိုဖြင့္ခိုင္းၿပီးေနာက္ ဖြင့္ေပးသူကိုဓားျဖင့္ခုတ္ကာ ကိုင္ေဆာင္ထားသည့္ဖုန္းကိုလုယက္ယူေဆာင္သြားခဲ့ၾကေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယမန္ေန႔ (ဇန္နဝါရီလ ၁၂ ရက္)၊ ည ၁၁ နာရီေက်ာ္ခန္႔က ေမာ္လၿမိဳင္ၿမိဳ႕၊ ေစ်းႀကိဳရပ္ကြက္၊ တကၠသိုလ္ပတ္ လမ္းရွိ ဆံပင္ညႇပ္ဆိုင္တစ္ဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ေမာ္လၿမိဳင္ၿမိဳ႕၊ ေစ်းႀကိဳရပ္ကြက္၊ တကၠသိုလ္ပတ္လမ္းတြင္ဖြင့္လွစ္ထားသည့္ ဆံပင္ညႇပ္ဆိုင္တစ္ဆိုင္သို႔ အမ်ိဳးသား(၂)ဦးေရာက္ရွိလာကာ တံခါးအား႐ိုက္ႏွက္ၿပီးဖြင့္ခိုင္းခဲ့သျဖင့္ ဆိုင္ဝန္ထမ္းလူငယ္တစ္ဦးက ဖြင့္ေပးခဲ့ေၾကာင္း သိရသည္။
"တကၠသိုလ္ပတ္လမ္း တိပိဋကေမာၻဇဘုန္းႀကီးေက်ာင္းေရွ႕က ဆံပင္ညႇပ္ဆိုင္မွာျဖစ္သြားတာပါ။ ဆိုင္ကေကာင္ေလးက တံခါးကိုအျပင္ကေန ထု႐ိုက္ေနလို႔ ဖြင့္ေပး လိုက္တဲ့အခ်ိန္ သူ႔ကိုအျပင္ဆြဲထုတ္ၿပီး ဓားနဲ႔ခုတ္တယ္။ ပတ္ဝန္းက်င္က အသံေတြၾကားလို႔ထြက္ၾကည့္ၾကေတာ့ ေကာင္ေလး ကိုင္ထားတဲ့ဖုန္းကိုလုယူၿပီး ထြက္ေျပးသြားတယ္"ဟု ေဒသခံလူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။
ဓားျဖင့္ခုတ္ခံရမႈေၾကာင့္ ဆိုင္ဝန္ထမ္းလူငယ္၏ မ်က္ ႏွာ၊ ဦးေခါင္းႏွင့္ လက္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ ေသာ္လည္း မစိုးရိမ္ရဘဲ ေဒသခံလူမႈကူညီေရးအသင္းမွ ေျမျပင္ကုသမႈမ်ားျပဳလုပ္ေပးၿပီးေနာက္ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
ျဖစ္စဥ္အား ရဲတပ္ဖြဲ႕မွလာေရာက္စစ္ေဆး၍ ျပစ္မႈက်ဴး လြန္သူ(၂)ဦးအား ဖမ္းဆီးရမိေရးအတြက္ အမႈဖြင့္ကာ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။