မြန်မာနိုင်ငံရဲ့စစ်အင်အားအတောင့်တင်းဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ယခင်နှစ်ထက်မြင့်တက်လာ

47328
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ကမ္ဘာတဝှမ်းစစ်အင်အားအတောင့်တင်းဆုံးနိုင်ငံတွေထဲမှာ အဆင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၃၅ နေရာမှာရပ်တည်နေခဲ့ကြောင်း global fire power အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါအဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်းကမ္ဘာတဝှမ်းရှိ နိုင်ငံတွေရဲ့စစ်အင်အားတွေကို လေ့လာသုံးသပ်ကာ ကမ္ဘာအဆင့်အညွှန်းကိန်းတွေထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံနဲ့ပတ်သက်ပြီး တစ်နိုင်ငံချင်းစီရဲ့ စစ်သားအရေအတွက်၊ ကာကွယ်ရေးအသုံး စရိတ်နဲ့ စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှု၊ ကာကွယ်ရေးစစ်ရေးလှုပ်ရှားမှုစတဲ့အချက်တွေကိုအခြေခံကာ ကမ္ဘာ့အဆင့်သတ်မှတ်ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဂလိုဘယ်ဖိုင်းယားအဖွဲ့ရဲ့ဖော်ပြချက်အရ အမေရိကန်၊ ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့ဟာ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာစစ်အင်အားအတောင့်တင်းဆုံးနိုင်ငံတွေအဖြစ် ထိပ်ဆုံးနေရာတွေမှာရပ်တည်နေကြောင်းသိရပါတယ်။ အာဆီယံဒေသအတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့စစ်အင်အားအဆင့်သတ်မှတ်ချက်ဟာ အဆင့် ၆ နေရာမှာရှိနေပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတို့က ထိပ်ဆုံး ၅ နေရာအတွင်းရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အင်အားအတောင့်တင်းဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကမ္ဘာ့အဆင့် ၃၈ နေရာမှာရပ်တည်ခဲ့ပါတယ်။၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများထဲ စင်အင်အားအတောင့်တင်းဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံက ရမှတ်ပေါင်း ၀ ဒသမ ၅၂၅၁ မှတ်ရရှိခဲ့ပြီး ကမ္ဘာအဆင့် ၃၅ နေရာမှာရှိနေခဲ့ကြောင်းသိရပါတယ်။

zawgyi version
ျမန္မာႏိုင္ငံရဲ႕စစ္အင္အားအေတာင့္တင္းဆုံး ကမာၻ႔အဆင့္သတ္မွတ္ခ်က္ ယခင္ႏွစ္ထက္ျမင့္တက္လာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၃
ျမန္မာႏိုင္ငံဟာ ၂၀၂၄ ခုႏွစ္အတြက္ ထုတ္ျပန္လိုက္တဲ့ ကမာၻတဝွမ္းစစ္အင္အားအေတာင့္တင္းဆုံးႏိုင္ငံေတြထဲမွာ အဆင့္တက္လာခဲ့ၿပီး ကမာၻ႔အဆင့္ ၃၅ ေနရာမွာရပ္တည္ေနခဲ့ေၾကာင္း global fire power အဖြဲ႕က သတင္းထုတ္ျပန္လိုက္ပါတယ္။
အဆိုပါအဖြဲ႕ဟာ ႏွစ္စဥ္ႏွစ္တိုင္းကမာၻတဝွမ္းရွိ ႏိုင္ငံေတြရဲ႕စစ္အင္အားေတြကို ေလ့လာသုံးသပ္ကာ ကမာၻအဆင့္အၫႊန္းကိန္းေတြထုတ္ျပန္ေပးေနျခင္းျဖစ္သည္။ ကမာၻ႔ႏိုင္ငံေပါင္း ၁၄၅ ႏိုင္ငံနဲ႔ပတ္သက္ၿပီး တစ္ႏိုင္ငံခ်င္းစီရဲ႕ စစ္သားအေရအတြက္၊ ကာကြယ္ေရးအသုံး စရိတ္နဲ႔ စစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈ၊ ကာကြယ္ေရးစစ္ေရးလႈပ္ရွားမႈစတဲ့အခ်က္ေတြကိုအေျခခံကာ ကမာၻ႔အဆင့္သတ္မွတ္ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
ဂလိုဘယ္ဖိုင္းယားအဖြဲ႕ရဲ႕ေဖာ္ျပခ်က္အရ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္ နဲ႔ အိႏၵိယႏိုင္ငံတို႔ဟာ၂၀၂၄ ခုႏွစ္အတြင္း ကမာၻစစ္အင္အားအေတာင့္တင္းဆုံးႏိုင္ငံေတြအျဖစ္ ထိပ္ဆုံးေနရာေတြမွာရပ္တည္ေနေၾကာင္းသိရပါတယ္။ အာဆီယံေဒသအတြင္းႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံရဲ႕စစ္အင္အားအဆင့္သတ္မွတ္ခ်က္ဟာ အဆင့္ ၆ ေနရာမွာရွိေနၿပီး အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ထိုင္း၊ စင္ကာပူ၊ ဖိလစ္ပိုင္ႏိုင္ငံတို႔က ထိပ္ဆုံး ၅ ေနရာအတြင္းရွိခဲ့ပါတယ္။
ျမန္မာႏိုင္ငံရဲ႕ စစ္အင္အားအေတာင့္တင္းဆုံး ကမာၻ႔အဆင့္သတ္မွတ္ခ်က္ဟာ ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္က ကမာၻ႔အဆင့္ ၃၈ ေနရာမွာရပ္တည္ခဲ့ပါတယ္။၂၀၂၄ ခုႏွစ္အတြက္ ကမာၻ႔ႏိုင္ငံမ်ားထဲ စင္အင္အားအေတာင့္တင္းဆုံးႏိုင္ငံေတြစာရင္းမွာ ျမန္မာႏိုင္ငံက ရမွတ္ေပါင္း ၀ ဒသမ ၅၂၅၁ မွတ္ရရွိခဲ့ၿပီး ကမာၻအဆင့္ ၃၅ ေနရာမွာရွိေနခဲ့ေၾကာင္းသိရပါတယ္။