ဓမ္မစေတီခေါင်းလောင်းကြီးကို ထပ်မံ ဆယ်ယူရန်အတွက် စာတင်ထားဟု ဦးစံလင်းဆို

 2732

Pearl (NP News) - ဇန်နဝါရီ ၁၆

ဓမ္မစေတီခေါင်းလောင်းကြီးကို ထပ်မံဆယ်ယူရန်အတွက် စာတင်ထားကြောင်း ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် ထပ်မံ ကြိုးစားသူ ဦးစံလင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းကလည်း ဦးစံလင်း နှင့် အဖွဲ့သည်ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရန်ကြိုးပမ်းခဲ့ပြီး NLD အစိုးရ လက်ထက်တွင်လည်း ခေါင်းလောင်းကြီးကို ဆယ်ယူရန် စာပို့တင်ပြခဲ့ဖူးသည်။ ယခု တစ်ကြိမ်တွင် နစက ဥက္ကဋ္ဌထံ လိပ်မူပြီး ထပ်မံဆယ်ယူခွင့်ရရှိရန်အတွက် တင်ပြခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုချက်ရရှိပါက ခေါင်းလောင်းတော်ကြီး တူးဖော်ခြင်းလုပ် ငန်းကို ဆောင်ရွက်မည်ဖြစ်ကာ (၁၀)ရက်အတွင်း ကြိုးချည်ပြီး နောက် (၁၀)ရက်အတွင်း ခေါင်းလောင်းတော်ကြီး ကုန်းတော်ပေါ်သို့ရောက်ရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

"ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဘယ်အချိန် ဖော်ဖော်ရတယ်။ နွေဆိုရင်တော့ နွံများတယ်၊ မိုးရာသီဆိုရင်တော့ ရှင်းတယ်။ ရက် (၂၀)လို့ မှန်းထားပေမယ့် နွေဆိုရင် တစ်လလောက်ကြာမယ်။ ရေငုပ်သမားတွေကိုတော့ ကော့သောင်းက လူဟောင်းတွေပဲ ပြန်ခေါ်မယ်"ဟု ဦးစံလင်းက NP News ကို ပြောသည်။

ခေါင်းလောင်းဆယ်ယူရန်အတွက် နိုင်ငံတော်မှ ဆွဲ/တွန်း သင်္ဘော Tugboat (၂)စီး၊ ခေါင်းလောင်းကြီးကိုလေသွင်း ဆယ်ယူရန်အတွက် Barge (၂)စီး၊ 3st Steel Wire ကြိုး (၂)ခွေ၊ နိုင်လွန်ကြိုး (၂)ခွေနှင့် အခြားလိုအပ်သော ပစ္စည်းများကို ဆောင်ရွက်ပေးရန် နှင့် သောင်တူးရေယာဉ် (၁၇၀၁)ကို ပူးတွဲ လုပ်ပိုင်ခွင့် ချမှတ်ပေးရန်လည်း ဦးစံလင်း၏ ခွင့်ပြုချက်တောင်း ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

"ဒီခေါင်းလောင်းကြီး ဆယ်ယူရေး နဲ့ ပတ်သက်လို့ အသက်နဲ့ ထပ်တူ ယုံကြည်ထားတယ်။ ခေါင်းလောင်းကို သတ်မှတ်ရက် အတွင်း မတွေ့ရင် လူပုံအလယ်မှာ သေနတ်နဲ့ပစ်သတ်လို့ရတယ်"ဟု ဦးစံလင်းက ပြောသည်။

ခေါင်းလောင်းကြီးကို လေသွင်းဆယ်ယူပြီးနောက် အဆင့်ဆင့် သယ်ယူမှုများလုပ်ဆောင်မှုအပြီး ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်း ရွှေတိဂုံစေတီတော်သို့ တင်လှူပူဇော်လိုကြောင်းလည်း ၎င်းကပြောသည်။

zawgyi version
ဓမၼေစတီေခါင္းေလာင္းႀကီးကို ထပ္မံ ဆယ္ယူရန္အတြက္ စာတင္ထားဟု ဦးစံလင္းဆို
Pearl (NP News) - ဇန္နဝါရီ ၁၆

ဓမၼေစတီေခါင္းေလာင္းႀကီးကို ထပ္မံဆယ္ယူရန္အတြက္ စာတင္ထားေၾကာင္း ေခါင္းေလာင္းႀကီးကို ဆယ္ယူရန္အတြက္ ထပ္မံ ႀကိဳးစားသူ ဦးစံလင္းက ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္အတြင္းကလည္း ဦးစံလင္း ႏွင့္ အဖြဲ႕သည္ဓမၼေစတီေခါင္းေလာင္းႀကီးကို ဆယ္ယူရန္ႀကိဳးပမ္းခဲ့ၿပီး NLD အစိုးရ လက္ထက္တြင္လည္း ေခါင္းေလာင္းႀကီးကို ဆယ္ယူရန္ စာပို႔တင္ျပခဲ့ဖူးသည္။ ယခု တစ္ႀကိမ္တြင္ နစက ဥကၠ႒ထံ လိပ္မူၿပီး ထပ္မံဆယ္ယူခြင့္ရရွိရန္အတြက္ တင္ျပခဲ့ျခင္းျဖစ္သည္။

ခြင့္ျပဳခ်က္ရရွိပါက ေခါင္းေလာင္းေတာ္ႀကီး တူးေဖာ္ျခင္းလုပ္ ငန္းကို ေဆာင္႐ြက္မည္ျဖစ္ကာ (၁၀)ရက္အတြင္း ႀကိဳးခ်ည္ၿပီး ေနာက္ (၁၀)ရက္အတြင္း ေခါင္းေလာင္းေတာ္ႀကီး ကုန္းေတာ္ေပၚသို႔ေရာက္ရွိရန္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ၎က ေျပာ သည္။

"ခြင့္ျပဳခ်က္ရၿပီဆိုတာနဲ႔ ဘယ္အခ်ိန္ ေဖာ္ေဖာ္ရတယ္။ ေႏြဆိုရင္ေတာ့ ႏြံမ်ားတယ္၊ မိုးရာသီဆိုရင္ေတာ့ ရွင္းတယ္။ ရက္ (၂၀)လို႔ မွန္းထားေပမယ့္ ေႏြဆိုရင္ တစ္လေလာက္ၾကာမယ္။ ေရငုပ္သမားေတြကိုေတာ့ ေကာ့ေသာင္းက လူေဟာင္းေတြပဲ ျပန္ေခၚမယ္"ဟု ဦးစံလင္းက NP News ကို ေျပာသည္။

ေခါင္းေလာင္းဆယ္ယူရန္အတြက္ ႏိုင္ငံေတာ္မွ ဆြဲ/တြန္း သေဘၤာ Tugboat (၂)စီး၊ ေခါင္းေလာင္းႀကီးကိုေလသြင္း ဆယ္ယူရန္အတြက္ Barge (၂)စီး၊ 3st Steel Wire ႀကိဳး (၂)ေခြ၊ ႏိုင္လြန္ႀကိဳး (၂)ေခြႏွင့္ အျခားလိုအပ္ေသာ ပစၥည္းမ်ားကို ေဆာင္႐ြက္ေပးရန္ ႏွင့္ ေသာင္တူးေရယာဥ္ (၁၇၀၁)ကို ပူးတြဲ လုပ္ပိုင္ခြင့္ ခ်မွတ္ေပးရန္လည္း ဦးစံလင္း၏ ခြင့္ျပဳခ်က္ေတာင္း ခံစာတြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

"ဒီေခါင္းေလာင္းႀကီး ဆယ္ယူေရး နဲ႔ ပတ္သက္လို႔ အသက္နဲ႔ ထပ္တူ ယုံၾကည္ထားတယ္။ ေခါင္းေလာင္းကို သတ္မွတ္ရက္ အတြင္း မေတြ႕ရင္ လူပုံအလယ္မွာ ေသနတ္နဲ႔ပစ္သတ္လို႔ရတယ္"ဟု ဦးစံလင္းက ေျပာသည္။

ေခါင္းေလာင္းႀကီးကို ေလသြင္းဆယ္ယူၿပီးေနာက္ အဆင့္ဆင့္ သယ္ယူမႈမ်ားလုပ္ေဆာင္မႈအၿပီး ေဖေဖာ္ဝါရီလ သို႔မဟုတ္ မတ္လအတြင္း ေ႐ႊတိဂုံေစတီေတာ္သို႔ တင္လႉပူေဇာ္လိုေၾကာင္းလည္း ၎ကေျပာသည္။

Picture

L Mone

18/01/2024 21:19

လာပြန်ပြီလားဗျာ...ဒီတစ်ခါတော့...တွေတဲ့တုတ်နဲ့ ဝိုင်းရိုက်ကြရုံပဲ ရှိတော့တယ်

Related news

© 2021. All rights reserved.