မင်္ဂလာဒုံမြို့နယ်၌ တွဲကား နှင့် စက်ရုံဖယ်ရီကားတို့ တိုက်မိခဲ့ရာ လူ(၃၀)ထက်မနည်း ထိခိုက်ဒဏ်ရာရ

913
သန့်ဇင်(NP News) - ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် တွဲကား နှင့် စက်ရုံဖယ်ရီကားတို့ တိုက်မိခဲ့ရာ လူ(၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြယ်စင် မေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် ၆နာရီခွဲဝန်းကျင်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနှင့် (၁၀၆) မှတ်တိုင်ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကွန်တိန်နာတွဲကားက တညင်းကုန်းလမ်းဆုံမီးပွိုင့်ကနေ ခရေပင်လမ်းခွဲကို ဖြတ်တက်တာပေါ့။ စက်ရုံဖယ်ရီကား(Light Truck)က တညင်းကုန်းလမ်းဆုံဘက်ကို ပြန်ဆင်းတာမှာ အဲဒီနေရာက အကွေ့ဆိုတော့ ကွန်တိန်နာကားက အရှိန်မထိန်းနိုင်တဲ့ သဘောမျိုးဖြစ်ပြီး စက်ရုံဖယ်ရီကားကို ဝင်တိုက်မိတာမျိုးပါ” ဟု ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဖယ်ရီကားပေါ်တွင်လိုက်ပါလာသည့် စက်ရုံဝန်ထမ်း (၃၀)ကျော်အနက် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး (၂၀)ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး အသက်(၃၀)နှစ်အရွယ် အမျိုးသမီးတွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဖယ်ရီကားပေါ်မှာက လူပေါင်း(၃၀)ကျော်ပါတယ်။ စုစုပေါင်းထိခိုက်ဒဏ်ရာရတာကတော့ (၃၂)ယောက်ပေါ့။ တစ်ယောက် တလေပဲ လွတ်တာပါ။ အမျိုးသမီးတစ်ဦးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေပေါ့။ ကျန်တဲ့လူတွေက သိပ်စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး။ အကြံပြုချင်တာတော့ ဘယ်ယာဉ်မောင်းပဲဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆင်ဆင်ခြင်ခြင်မောင်းကြဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာများရရှိသူများအား လူမှုကူညီရေးအသင်းများစုပေါင်းကာ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္၌ တြဲကား ႏွင့္ စက္႐ုံဖယ္ရီကားတို႔ တိုက္မိခဲ့ရာ လူ(၃၀)ထက္မနည္း ထိခိုက္ဒဏ္ရာရ
သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၇
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ တြဲကား ႏွင့္ စက္႐ုံဖယ္ရီကားတို႔ တိုက္မိခဲ့ရာ လူ(၃၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၾကယ္စင္ ေမတၱာလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ဇန္နဝါရီလ ၁၇ ရက္)၊ နံနက္ ၆နာရီခြဲဝန္းက်င္အခ်ိန္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ခေရပင္လမ္းခြဲႏွင့္ (၁၀၆) မွတ္တိုင္ၾကား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြန္တိန္နာတြဲကားက တညင္းကုန္းလမ္းဆုံမီးပြိဳင့္ကေန ခေရပင္လမ္းခြဲကို ျဖတ္တက္တာေပါ့။ စက္႐ုံဖယ္ရီကား(Light Truck)က တညင္းကုန္းလမ္းဆုံဘက္ကို ျပန္ဆင္းတာမွာ အဲဒီေနရာက အေကြ႕ဆိုေတာ့ ကြန္တိန္နာကားက အရွိန္မထိန္းႏိုင္တဲ့ သေဘာမ်ိဳးျဖစ္ၿပီး စက္႐ုံဖယ္ရီကားကို ဝင္တိုက္မိတာမ်ိဳးပါ” ဟု ၾကယ္စင္ေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဖယ္ရီကားေပၚတြင္လိုက္ပါလာသည့္ စက္႐ုံဝန္ထမ္း (၃၀)ေက်ာ္အနက္ အမ်ိဳးသား(၁၁)ဦးႏွင့္ အမ်ိဳးသမီး (၂၀)ဦးမွာ ထိခိုက္ဒဏ္ရာ အနည္းငယ္သာရရွိခဲ့ၿပီး အသက္(၃၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတြင္ ျပင္းထန္ေသာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“ဖယ္ရီကားေပၚမွာက လူေပါင္း(၃၀)ေက်ာ္ပါတယ္။ စုစုေပါင္းထိခိုက္ဒဏ္ရာရတာကေတာ့ (၃၂)ေယာက္ေပါ့။ တစ္ေယာက္ တေလပဲ လြတ္တာပါ။ အမ်ိဳးသမီးတစ္ဦးကေတာ့ ဦးေခါင္းထိခိုက္ဒဏ္ရာရတဲ့အတြက္ စိုးရိမ္ရတဲ့အေျခအေနေပါ့။ က်န္တဲ့လူေတြက သိပ္စိုးရိမ္ရတဲ့အေျခအေနေတာ့မဟုတ္ပါဘူး။ အႀကံျပဳခ်င္တာေတာ့ ဘယ္ယာဥ္ေမာင္းပဲျဖစ္ျဖစ္ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ဆင္ဆင္ျခင္ျခင္ေမာင္းၾကဖို႔ပဲ ေျပာခ်င္ပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ထိခိုက္ဒဏ္ရာမ်ားရရွိသူမ်ားအား လူမႈကူညီေရးအသင္းမ်ားစုေပါင္းကာ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။