ရန်ကုန်ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက်မြင့်နေပြီး ပြင်ပဈေးကွက်၌သာ အရောင်းအဝယ်ဖြစ်နေ

3361
NP News - ဇန်နဝါရီ ၁၇
ရန်ကုန်ရွှေဈေးကွက်အတွင်း၌ ပြင်ပမှောင်ခိုဈေးကွက်တွင်သာ အရောင်း အဝယ်ရှိနေပြီး အခေါက်ရွှေဈေးနှုန်းများမြင့်တက်နေကြောင်း ရွှေကုန် သည်များထံမှ သိရသည်။
တရားဝင်အရောင်းအဝယ်ထက် မှောင်ခိုအရောင်းအဝယ်များပြားနေခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေပေါက်ဈေးထက် ပိုမိုမြင့်မားနေခြင်းဖြစ်သည်။
“ဒေါ်လာရောရွှေပါ တရားဝင်ဝယ်ဖို့ ခက်ခဲလာတော့ မှောင်ခိုသဘောမျိုး အဆက်အသွယ်ရှိတဲ့သူတွေကတဆင့် ရောင်းသူဝယ်သူချိတ်ရောင်းချနေရတာပေါ့။ ဈေးကွက်ကအကန့်အသတ်ရှိတော့ ဈေးတွေလည်းတက်နေတာပေါ့။ ကမ္ဘာ့ရွှေဈေးက အကျ ဘက်မှာရှိနေပေမယ့် ပြည်တွင်းဈေးက မကျဘဲ ငြိမ်နေပါတယ်” ဟု ရန်ကုန်မြို့ရွှေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက NP News ကိုပြောသည်။
၁၅ ပဲရည်ရွှေထည် နှင့် အခေါက်ရွှေ အရောင်းအဝယ်ဈေးကွက်အတွင်း၌ အရောင်းများနေပြီး ဈေးကွက်အေးနေကြောင်းသိရသည်။ အခေါက်ရွှေတစ်ဆယ်သား အပိုင်းလိုက်အရောင်းအဝယ် ဈေးကွက်အတွင်း၌ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းပေါက်ဈေးထက် ပြင်ပဈေးကမြင့်မားနေကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီလ ၁၇ ရက်)တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၇ သိန်း ၇ သောင်းဝန်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄ဝဝ ကျော်ပေါက်ဈေးရှိကြောင်းသိရသည်။
zawgyi version
ရန္ကုန္ေ႐ႊေဈးသည္ ကမာၻ႔ေ႐ႊေဈးထက္ျမင့္ေနၿပီး ျပင္ပေဈးကြက္၌သာ အေရာင္းအဝယ္ျဖစ္ေန
NP News - ဇန္နဝါရီ ၁၇
ရန္ကုန္ေ႐ႊေဈးကြက္အတြင္း၌ ျပင္ပေမွာင္ခိုေဈးကြက္တြင္သာ အေရာင္းအဝယ္ရွိေနၿပီး အေခါက္ေ႐ႊေဈးႏႈန္းမ်ားျမင့္တက္ေနေၾကာင္း ေ႐ႊကုန္သည္မ်ားထံမွ သိရသည္။
တရားဝင္အေရာင္းအဝယ္ထက္ ေမွာင္ခိုအေရာင္းအဝယ္မ်ားျပားေနျခင္းေၾကာင့္ ျပည္တြင္းေ႐ႊေဈးသည္ ကမာၻ႔ေ႐ႊေပါက္ေဈးထက္ ပိုမိုျမင့္မားေနျခင္းျဖစ္ သည္။
“ေဒၚလာေရာေ႐ႊပါ တရားဝင္ဝယ္ဖို႔ ခက္ခဲလာေတာ့ ေမွာင္ခိုသေဘာမ်ိဳး အဆက္အသြယ္ရွိတဲ့သူေတြကတဆင့္ ေရာင္းသူဝယ္သူခ်ိတ္ေရာင္းခ်ေနရတာေပါ့။ ေဈးကြက္ကအကန႔္အသတ္ရွိေတာ့ ေဈးေတြလည္းတက္ေနတာေပါ့။ ကမာၻ႔ေ႐ႊေဈးက အက် ဘက္မွာရွိေနေပမယ့္ ျပည္တြင္းေဈးက မက်ဘဲ ၿငိမ္ေနပါတယ္” ဟု ရန္ကုန္ၿမိဳ႕ေ႐ႊဘုံသာလမ္းမွ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက NP News ကိုေျပာသည္။
၁၅ ပဲရည္ေ႐ႊထည္ ႏွင့္ အေခါက္ေ႐ႊ အေရာင္းအဝယ္ေဈးကြက္အတြင္း၌ အေရာင္းမ်ားေနၿပီး ေဈးကြက္ေအးေနေၾကာင္းသိရသည္။ အေခါက္ေ႐ႊတစ္ဆယ္သား အပိုင္းလိုက္အေရာင္းအဝယ္ ေဈးကြက္အတြင္း၌ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ ရည္ၫႊန္းေပါက္ေဈးထက္ ျပင္ပေဈးကျမင့္မားေနေၾကာင္းသိရသည္။
ယေန႔ (ဇန္နဝါရီလ ၁၇ ရက္)တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၃၇ သိန္း ၇ ေသာင္းဝန္းက်င္ရွိၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၃၄ဝဝ ေက်ာ္ေပါက္ေဈးရွိေၾကာင္းသိရသည္။