ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအမည်ခံကာ လိမ်လည်အလှူခံမှုများရှိနေသည့်အတွက် စာထုတ်ကာ သတိပေးထားရဟုဆို

1607
Pearl (NP News) - ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက်ရှိ ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းကဟု အမည်ခံကာ လိမ် လည်ပြီး အလှူခံခြင်းများရှိနေသည့်အတွက် သတိပေးစာပင် ထုတ်ကာ အသိပေးထားရကြောင်း သိရသည်။

ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အလား တူ အလှူခံခြင်းမပြုလုပ်ကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလှူခံခွင့်မပြုထားကြောင်းလည်း အသိပေးစာတွင် ဖော်ပြထားသည်။
"ဘီလူးကျွန်းဘက်မှာ တစ်နေ့ ၃ ကြိမ်၊ ၄ ကြိမ် တွေ့ရတယ်လို့ အဲဒီဘက်က ဆရာတော်ကြီးတွေက လှမ်းပြောတယ်။ သံဖြူဇရပ်ဘက်မှာလည်း တွေ့ရတယ်ဆိုပြီး အဲဒီဘက်က တပည့်တွေက လှမ်းပြောတယ်။ များသောအားဖြင့် မွန်ပြည်နယ် နဲ့ ကရင် ပြည်နယ်ဘက်တွေမှာ တွေ့ရတယ်"ဟု ကင်းရွာဘုန်းတော်ကြီး သင်ပညာရေးကျောင်း၏ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
ထိုသို့ လိမ်လည်၍ အလှူခံမှုများ ပြုလုပ်နေသည်ကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၅၃၁၀၁၈၊ ၀၉၇၅၃၂၆၁၃၄၈ နှင့် ၀၉၇၈၈၁၀၉၀၄ သို့ အသိပေးအကြောင်းကြားပေးရန် ကင်းရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းက မေတ္တာရပ်ခံထားသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများတွင်လည်း အလားတူ အတုလုပ်ကာ အလှူခံခြင်းမျိုးရှိနေပြီး အဆင့်ဆင့်တာဝန်ရှိသူများက ပညာပေးခြင်း၊ ဖမ်းဆီးခြင်း ရှိနေသော်လည်း လိမ်လည်ပြီး အလှူခံခြင်းမျိုး ပပျောက်ခြင်းမရှိသေးကြောင်း သိရသည်။
“ညီမ တစ်ခါကြုံတုန်းကဆိုရင် သူတို့က တည်းခိုခန်းမှာတောင် တည်းပြီးတော့ အလှူခံတာပါ။ မွန်ပြည်နယ်ဘက်က လာတယ်လို့ ပြောကြတယ်။ သုံးလလောက် အလှူခံသွားမယ် ထင်တယ်။ ကလေးတွေပါ ပါတယ်”ဟု အဆိုပါ အလှူခံမျိုးကို ကြုံဖူးသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးက ပြောသည်။
zawgyi version
ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းအမည္ခံကာ လိမ္လည္အလႉခံမႈမ်ားရွိေနသည့္အတြက္ စာထုတ္ကာ သတိေပးထားရဟုဆို
Pearl (NP News) - ဇန္နဝါရီ ၁၈
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ေ႐ႊျပည္ေအးရပ္ကြက္ရွိ ကင္း႐ြာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းကဟု အမည္ခံကာ လိမ္ လည္ၿပီး အလႉခံျခင္းမ်ားရွိေနသည့္အတြက္ သတိေပးစာပင္ ထုတ္ကာ အသိေပးထားရေၾကာင္း သိရသည္။
ကင္း႐ြာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းအေနျဖင့္ အလား တူ အလႉခံျခင္းမျပဳလုပ္ေၾကာင္းႏွင့္ မည္သူတစ္ဦးတစ္ေယာက္ကိုမွ် အလႉခံခြင့္မျပဳထားေၾကာင္းလည္း အသိေပးစာတြင္ ေဖာ္ျပထားသည္။
"ဘီလူးကြၽန္းဘက္မွာ တစ္ေန႔ ၃ ႀကိမ္၊ ၄ ႀကိမ္ ေတြ႕ရတယ္လို႔ အဲဒီဘက္က ဆရာေတာ္ႀကီးေတြက လွမ္းေျပာတယ္။ သံျဖဴဇရပ္ဘက္မွာလည္း ေတြ႕ရတယ္ဆိုၿပီး အဲဒီဘက္က တပည့္ေတြက လွမ္းေျပာတယ္။ မ်ားေသာအားျဖင့္ မြန္ျပည္နယ္ နဲ႔ ကရင္ ျပည္နယ္ဘက္ေတြမွာ ေတြ႕ရတယ္"ဟု ကင္း႐ြာဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္း၏ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ လိမ္လည္၍ အလႉခံမႈမ်ား ျပဳလုပ္ေနသည္ကို ေတြ႕ရွိပါက ဖုန္းနံပါတ္ ၀၉ ၅၃၁၀၁၈၊ ၀၉၇၅၃၂၆၁၃၄၈ ႏွင့္ ၀၉၇၈၈၁၀၉၀၄ သို႔ အသိေပးအေၾကာင္းၾကားေပးရန္ ကင္း႐ြာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းက ေမတၱာရပ္ခံထားသည္။
ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္လည္း အလားတူ အတုလုပ္ကာ အလႉခံျခင္းမ်ိဳးရွိေနၿပီး အဆင့္ဆင့္တာဝန္ရွိသူမ်ားက ပညာေပးျခင္း၊ ဖမ္းဆီးျခင္း ရွိေနေသာ္လည္း လိမ္လည္ၿပီး အလႉခံျခင္းမ်ိဳး ပေပ်ာက္ျခင္းမရွိေသးေၾကာင္း သိရသည္။
“ညီမ တစ္ခါႀကဳံတုန္းကဆိုရင္ သူတို႔က တည္းခိုခန္းမွာေတာင္ တည္းၿပီးေတာ့ အလႉခံတာပါ။ မြန္ျပည္နယ္ဘက္က လာတယ္လို႔ ေျပာၾကတယ္။ သုံးလေလာက္ အလႉခံသြားမယ္ ထင္တယ္။ ကေလးေတြပါ ပါတယ္”ဟု အဆိုပါ အလႉခံမ်ိဳးကို ႀကဳံဖူးသူ အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ တစ္ဦးက ေျပာသည္။