ပုဂံခေတ်ထက် နှစ်ပေါင်း(၁၀၀၀)ကျော်စောကာ ဗုဒ္ဓဘာသာတည်ရှိခဲ့ကြောင်း အထောက်အထားပြနေသည့် ရှေးဟောင်းစေတီတော်နေရာကို ဆက်လက်မပျက်စီးစေရန် ထိန်းသိမ်းမှုများပြုလုပ်ထား

 9479

Photo credit - kmw

ယွန်း (NP News) - ဇန်နဝါရီ ၁၈

ပုဂံခေတ်ထက် နှစ်ပေါင်း(၁၀၀၀)ကျော်စောကာ ဗုဒ္ဓဘာသာတည်ရှိခဲ့ကြောင်း အထောက်အထားပြသနေသည့် ရှေးဟောင်းစေတီတော်နေရာကို ဆက်လက်မပျက်စီးစေရန် ထိန်းသိမ်းမှုများပြုလုပ်ထားကြောင်း သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီး ဌာနထံမှ သိရသည်။

ပုဂံခေတ်ထက်စောသည့် ပျူခေတ်ရှိ အထောက်အထားများနှင့် တွေ့ရှိခဲ့ရသည့် ပေါင်းကူးကုန်းရှေးဟောင်းစေတီတော်ကြီးကို ထပ်မံပျက်စီးမှုများမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းသိမ်းမှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါပေါင်းကူးကုန်းသည် ဧရာဝတီမြစ်ဘေး၊ ပုဂံဒေသတွင်တည်ရှိပြီး မြစ်ရေတိုက်စား သည့်အတွက် စေတီတော်၏အစိတ်အပိုင်း အများအပြားပျက်စီးခဲ့ရာ လက်ရှိတွင် မြေထိန်းနံရံပြုလုပ်ကာ ကာကွယ်ထားကြောင်း သိရသည်။

“ပေါင်းကူးကုန်းကို ထပ်ပြီးတော့ပဲ့မကျအောင် မြေထိန်းနံရံလို အုတ်တွေနဲ့ကာပြီးတော့ ထိန်းထားပါတယ်။ တစ်ချိန်ချိန်မှာ သုတေသနသဘောအရ ဒီအုတ်‌တွေကို ပြန်ခွာပြီး သူ့ရဲ့အတွင်းထဲမှာရှိတဲ့ အုတ်တွေကို သုတေသနလုပ်လို့ရအောင် အနေအ ထားမျိုးထိန်းထားပါတယ်။ နဂိုရှိတဲ့ပုံစံအတိုင်‌တော့မရှိတော့ဘူး တစ်ခြမ်းက ဧရာဝတီမြစ်ကတိုက်စားသွားပြီ။ အဲဒီတော့ ထပ်ပြီးတော့ မပြိုကျအောင် မြေထိန်းနံရံလိုပုံစံမျိုးကို အဆင့်ဆင့်တွေနဲ့ ထိန်းထားပြီးသွားပါပြီ။ သမိုင်းအမွေအနှစ်တွေလည်းရှိတယ်။အရေးလည်းကြီးတယ်”ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီး ဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News ကို ပြောသည်။

အဆိုပါ ပေါင်းကူးကုန်း၏ အတွင်းအုတ်ခဲကျိုးကို ရှေးဟောင်းသု တေသနနည်းပညာသင်တန်းကျောင်း(ပြည်) ဓါတ်ခွဲခန်းတွင် TL dating စမ်းသပ်ခဲ့ရာ အေဒီ ၄ ရာစုခန့်ကဟု အဖြေရလဒ်ထွက်ရှိခဲ့သဖြင့် ပေါင်းကူးကုန်း၏သက်တမ်းသည် ပုဂံခေတ်မတိုင်မီ လွန်ခဲ့သည့်နှစ်ပေါင်း တစ်ထောင်ကျော်ကပင် ဧရာဝတီမြစ်အနီးတည်ရှိနေသည့် ပျူခေတ်ဗုဒ္ဓဘာသာစေတီကြီးတစ်ဆူဖြစ် ကြောင်း သိရသည်။

“တူးဖော်ရရှိတဲ့ ကုန်းကြီးက ပျူခေတ်ထဲက ရှိခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ထဲကရှိတာပါ။ တူးဖော်ရရှိမှုတွေအရ ဗုဒ္ဓဘာသာသည် လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀)လောက်ထဲက ရှိပြီးသား။ ပုဂံရယ်လို့မပေါ်ခင်ထဲကိုက ပျူခေတ်မှာထွန်းကားခဲ့တဲ့စေတီကြီးတွေက ဧရာဝတီမြစ်ကမ်း တစ်လျှောက်မှာ တည်ရှိခဲ့ပြီးသားပါ။ ပုဂံလို့ဖြစ်လာမယ့်နေရာမှာလည်း ပျူခေတ်စေတီကြီးတွေက ရှိခဲ့တယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရောက်ရှိပြီးထွန်းကားခဲ့တာ ပုဂံခေတ်ကမဟုတ်ဘူး။ ပုဂံခေတ်ထက်စောတဲ့ပျူခေတ်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀)လောက်ထဲက မြန်မာပြည်တစ်ဝှမ်းလုံးမှာ ဗုဒ္ဓဘာသာရောက်ရှိ ပျံ့နှံနေတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။

ပေါင်းကူးကုန်းစေတီတော်ကြီး၏ နောက်ဆုံးကြွင်းကျန်ရစ်သည့် ပုံစံအရ စက်ဝိုင်းပုံစံဟုယူဆရပြီး သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးစေတီတော် ပန္နက်နှင့် ဆင်တူကြောင်း သိရသည်။

အထက်ပါစေတီနေရာမှ တွေ့ရှိရသည့် အုပ်ချပ်များအနက်အချို့အုတ်ချပ်များသည် ပျူခေတ်မြို့ဟောင်းများ၌ တွေ့ရလေ့ရှိသည့် လက်ရေးစင်းရာများပါဝင်နေပြီး အချို့အုတ်ချပ်များပေါ်တွင် အက္ခရာအမှတ်အသားများပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်းလည်း သိရသည်။

zawgyi version
ပုဂံေခတ္ထက္ ႏွစ္ေပါင္း(၁၀၀၀)ေက်ာ္ေစာကာ ဗုဒၶဘာသာတည္ရွိခဲ့ေၾကာင္း အေထာက္အထားျပေနသည့္ ေရွးေဟာင္းေစတီေတာ္ေနရာကို ဆက္လက္မပ်က္စီးေစရန္ ထိန္းသိမ္းမႈမ်ားျပဳလုပ္ထား

ယြန္း (NP News) - ဇန္နဝါရီ ၁၈

ပုဂံေခတ္ထက္ ႏွစ္ေပါင္း(၁၀၀၀)ေက်ာ္ေစာကာ ဗုဒၶဘာသာတည္ရွိခဲ့ေၾကာင္း အေထာက္အထားျပသေနသည့္ ေရွးေဟာင္းေစတီေတာ္ေနရာကို ဆက္လက္မပ်က္စီးေစရန္ ထိန္းသိမ္းမႈမ်ားျပဳလုပ္ထားေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီး ဌာနထံမွ သိရသည္။

ပုဂံေခတ္ထက္ေစာသည့္ ပ်ဴေခတ္ရွိ အေထာက္အထားမ်ားႏွင့္ ေတြ႕ရွိခဲ့ရသည့္ ေပါင္းကူးကုန္းေရွးေဟာင္းေစတီေတာ္ႀကီးကို ထပ္မံပ်က္စီးမႈမ်ားမရွိေစရန္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ေနျခင္းျဖစ္သည္။ အဆိုပါေပါင္းကူးကုန္းသည္ ဧရာဝတီျမစ္ေဘး၊ ပုဂံေဒသတြင္တည္ရွိၿပီး ျမစ္ေရတိုက္စား သည့္အတြက္ ေစတီေတာ္၏အစိတ္အပိုင္း အမ်ားအျပားပ်က္စီးခဲ့ရာ လက္ရွိတြင္ ေျမထိန္းနံရံျပဳလုပ္ကာ ကာကြယ္ထားေၾကာင္း သိရသည္။

“ေပါင္းကူးကုန္းကို ထပ္ၿပီးေတာ့ပဲ့မက်ေအာင္ ေျမထိန္းနံရံလို အုတ္ေတြနဲ႔ကာၿပီးေတာ့ ထိန္းထားပါတယ္။ တစ္ခ်ိန္ခ်ိန္မွာ သုေတသနသေဘာအရ ဒီအုတ္‌ေတြကို ျပန္ခြာၿပီး သူ႔ရဲ႕အတြင္းထဲမွာရွိတဲ့ အုတ္ေတြကို သုေတသနလုပ္လို႔ရေအာင္ အေနအ ထားမ်ိဳးထိန္းထားပါတယ္။ နဂိုရွိတဲ့ပုံစံအတိုင္‌ေတာ့မရွိေတာ့ဘူး တစ္ျခမ္းက ဧရာဝတီျမစ္ကတိုက္စားသြားၿပီ။ အဲဒီေတာ့ ထပ္ၿပီးေတာ့ မၿပိဳက်ေအာင္ ေျမထိန္းနံရံလိုပုံစံမ်ိဳးကို အဆင့္ဆင့္ေတြနဲ႔ ထိန္းထားၿပီးသြားပါၿပီ။ သမိုင္းအေမြအႏွစ္ေတြလည္းရွိတယ္။အေရးလည္းႀကီးတယ္”ဟု သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီး ဌာန ပုဂံဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News ကို ေျပာသည္။

အဆိုပါ ေပါင္းကူးကုန္း၏ အတြင္းအုတ္ခဲက်ိဳးကို ေရွးေဟာင္းသု ေတသနနည္းပညာသင္တန္းေက်ာင္း(ျပည္) ဓါတ္ခြဲခန္းတြင္ TL dating စမ္းသပ္ခဲ့ရာ ေအဒီ ၄ ရာစုခန္႔ကဟု အေျဖရလဒ္ထြက္ရွိခဲ့သျဖင့္ ေပါင္းကူးကုန္း၏သက္တမ္းသည္ ပုဂံေခတ္မတိုင္မီ လြန္ခဲ့သည့္ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္ကပင္ ဧရာဝတီျမစ္အနီးတည္ရွိေနသည့္ ပ်ဴေခတ္ဗုဒၶဘာသာေစတီႀကီးတစ္ဆူျဖစ္ ေၾကာင္း သိရသည္။

“တူးေဖာ္ရရွိတဲ့ ကုန္းႀကီးက ပ်ဴေခတ္ထဲက ရွိခဲ့တာ လြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ေထာင္ေလာက္ထဲကရွိတာပါ။ တူးေဖာ္ရရွိမႈေတြအရ ဗုဒၶဘာသာသည္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၁၀၀၀)ေလာက္ထဲက ရွိၿပီးသား။ ပုဂံရယ္လို႔မေပၚခင္ထဲကိုက ပ်ဴေခတ္မွာထြန္းကားခဲ့တဲ့ေစတီႀကီးေတြက ဧရာဝတီျမစ္ကမ္း တစ္ေလွ်ာက္မွာ တည္ရွိခဲ့ၿပီးသားပါ။ ပုဂံလို႔ျဖစ္လာမယ့္ေနရာမွာလည္း ပ်ဴေခတ္ေစတီႀကီးေတြက ရွိခဲ့တယ္။ ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာေရာက္ရွိၿပီးထြန္းကားခဲ့တာ ပုဂံေခတ္ကမဟုတ္ဘူး။ ပုဂံေခတ္ထက္ေစာတဲ့ပ်ဴေခတ္ေပါ့။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၁၀၀၀)ေလာက္ထဲက ျမန္မာျပည္တစ္ဝွမ္းလုံးမွာ ဗုဒၶဘာသာေရာက္ရွိ ပ်ံ႕ႏွံေနတာပါ” ဟု ၎ကဆက္လက္ေျပာသည္။

ေပါင္းကူးကုန္းေစတီေတာ္ႀကီး၏ ေနာက္ဆုံးႂကြင္းက်န္ရစ္သည့္ ပုံစံအရ စက္ဝိုင္းပုံစံဟုယူဆရၿပီး သေရေခတၱရာၿမိဳ႕ေဟာင္းရွိ ေဘာေဘာႀကီးေစတီေတာ္ ပႏၷက္ႏွင့္ ဆင္တူေၾကာင္း သိရသည္။

အထက္ပါေစတီေနရာမွ ေတြ႕ရွိရသည့္ အုပ္ခ်ပ္မ်ားအနက္အခ်ိဳ႕အုတ္ခ်ပ္မ်ားသည္ ပ်ဴေခတ္ၿမိဳ႕ေဟာင္းမ်ား၌ ေတြ႕ရေလ့ရွိသည့္ လက္ေရးစင္းရာမ်ားပါဝင္ေနၿပီး အခ်ိဳ႕အုတ္ခ်ပ္မ်ားေပၚတြင္ အကၡရာအမွတ္အသားမ်ားပါရွိသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္းလည္း သိရသည္။

Picture

L Mone

18/01/2024 21:16

ကိုယ့်သမိုင်းကိုတောင်..အမှန်..မသိကြတဲ့ ....မြန်မာများဘဝ ဖြစ်ကြရ၏။တကယ်တော့...အာဏာလုကြတာများနေတာ....မညီညွတ်ချင်ကြတာ...မနာလိုခြင်းက...စပြီးပြောရပါမယ်။မနာလိုတတ်ကြခြင်းက..ဘာသာတရားနဲ့ဘအသိဥာဏ်..တိမ်လွန်းနေကြလို့ပါပဲ

Related news

© 2021. All rights reserved.