ကမ္ဘာ့ရွှေဈေးမြင့်တက်နေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၃၈)သိန်းအထိရောက်ရှိလာ

 1177

NP News - ဇန်နဝါရီ ၂၀

ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်လာနေပြီး ပြည်တွင်း အခေါက်‌ရွှေဈေးသည် ယနေ့ (ဇန်နဝါရီလ ၂ဝ ရက်)တွင် တစ်ကျပ်သားလျှင် ငွေကျပ် (၃၈)သိန်းအထိ ပေါက်ဈေးရှိနေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှသိရသည်။

ရန်ကုန်ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေသော်လည်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၂ဝ၃ဝ ဒေါ်လာကျော်အထိမြင့်တက်လာခြင်းကြောင့် ရန်ကုန်ရွှေဈေးသည်လည်း လိုက်ပါမြင့်တက်နေကြောင်း သိရသည်။

ပြင်ပဈေးကွက်၌ အမေရိကန်ဒေါ်လာ ပေါက်ဈေးသည်လည်း တစ်ဒေါ်လာလျှင် ၃၄၉ဝ ကျပ်မှ ၃၅၁ဝကျပ် အထိပေါက်ဈေးဖြစ်ပေါ်နေခြင်းကြောင့် ငွေလဲနှုန်းအရ ရွှေဈေးများပါ မြင့်တက်နေခြင်းဖြစ်သည်။

“ရွှေဈေးကွက်က ပုံမှန်အရောင်းအဝယ်ဘဲရှိတယ်။လက် ကြီးသမားရော၊ လေပတ်ကား ဝယ်ရောင်းတွေ မရှိသ လောက် ရှားသွားပြီ။ အခုအချိန်မှာ ငွေစုဖို့ ရွှေဝယ်တဲ့သူဘဲရှိတော့ ရွှေဈေးက အကျမရှိဘူး။ ကမ္ဘာရွှေဈေးကအတက်ပိုင်းရောက်နေတော့ ရွှေဈေးက တောက်လျောက်တက်နေတာပေါ့”ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

နိုင်ငံခြားငွေလဲဈေးကွက်အတွင်း ငွေလဲနှုန်းများတည် ငြိမ်နေပြီး အများစုသည်အရောင်းအဝယ်အေးနေကြောင်းသိရသည်။

zawgyi version
ကမာၻ႔ေ႐ႊေဈးျမင့္တက္ေနၿပီး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ (၃၈)သိန္းအထိေရာက္ရွိလာ
NP News - ဇန္နဝါရီ ၂၀

ကမာၻ႔ေ႐ႊေဈး ဆက္တိုက္ျမင့္တက္လာေနၿပီး ျပည္တြင္း အေခါက္‌ေ႐ႊေဈးသည္ ယေန႔ (ဇန္နဝါရီလ ၂ဝ ရက္)တြင္ တစ္က်ပ္သားလွ်င္ ေငြက်ပ္ (၃၈)သိန္းအထိ ေပါက္ေဈးရွိေနေၾကာင္း ရန္ကုန္ေ႐ႊေဈးကြက္အတြင္းမွသိရသည္။


ရန္ကုန္ေ႐ႊေဈးကြက္အတြင္း အေရာင္းအဝယ္ေအးေနေသာ္လည္း ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ ၂ဝ၃ဝ ေဒၚလာေက်ာ္အထိျမင့္တက္လာျခင္းေၾကာင့္ ရန္ကုန္ေ႐ႊေဈးသည္လည္း လိုက္ပါျမင့္တက္ေနေၾကာင္း သိရသည္။

ျပင္ပေဈးကြက္၌ အေမရိကန္ေဒၚလာ ေပါက္ေဈးသည္လည္း တစ္ေဒၚလာလွ်င္ ၃၄၉ဝ က်ပ္မွ ၃၅၁ဝက်ပ္ အထိေပါက္ေဈးျဖစ္ေပၚေနျခင္းေၾကာင့္ ေငြလဲႏႈန္းအရ ေ႐ႊေဈးမ်ားပါ ျမင့္တက္ေနျခင္းျဖစ္သည္။

“ေ႐ႊေဈးကြက္က ပုံမွန္အေရာင္းအဝယ္ဘဲရွိတယ္။လက္ ႀကီးသမားေရာ၊ ေလပတ္ကား ဝယ္ေရာင္းေတြ မရွိသ ေလာက္ ရွားသြားၿပီ။ အခုအခ်ိန္မွာ ေငြစုဖို႔ ေ႐ႊဝယ္တဲ့သူဘဲရွိေတာ့ ေ႐ႊေဈးက အက်မရွိဘူး။ ကမာၻေ႐ႊေဈးကအတက္ပိုင္းေရာက္ေနေတာ့ ေ႐ႊေဈးက ေတာက္ေလ်ာက္တက္ေနတာေပါ့”ဟု ရန္ကုန္ၿမိဳ႕ ေ႐ႊဘုံသာလမ္းမွ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။

ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္း ေငြလဲႏႈန္းမ်ားတည္ ၿငိမ္ေနၿပီး အမ်ားစုသည္အေရာင္းအဝယ္ေအးေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.