ဆယ်ကျော်သက်အရွယ် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု သထုံမြို့၌ဖြစ်ပွား

 3806

စော (NP News) - ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ သထုံမြို့တွင် ဆယ်ကျော်သက်အရွယ် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ ယမန်နေ့ (ဇန်နဝါရီလ ၂ဝ ရက်)၊ နံနက် (၈)နာရီဝန်းကျင်အချိန်တွင် သထုံမြို့၊ မြသပိတ် တောင်ရင်ပြင်အောက်ဘက်ရှိ ကျောက်ထုတ်တန်းတစ်ခု၌ ကြိုးဆွဲချခဲ့ခြင်းဖြစ်ကြောင်း အကြင်နာတွဲလက်အသင်း ထံမှ သိရသည်။

“ရင်ပြင်ကို ချဲ့ထားတဲ့အခါကြတော့ အောက်ကနေ ထောက်လေးတွေ ထောက်ထားတယ်။ အဲဒီထောက်ကနေ ကြိုးဆွဲချလိုက်တာ။ ကြိုးကတော့ နိုင်လွန်ကြိုးပါပဲ။ သူရဲ့ဖုန်းမှတ်တမ်းကြည့်ရသလောက် ကောင်မလေးနဲ့ အဆင်မပြေလို့ ကြိုးဆွဲချတဲ့ပုံစံလေး” ဟု အကြင်နာတွဲလက်အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

အဆိုပါသေဆုံးသူမှာ အသက် (၁၉)နှစ်အရွယ်ရှိပြီး သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုတန်းလမ်း၌ နေထိုင်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
၎င်း၏ ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃ဝ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင် အချိန်၌ အသက် (၁၇)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version;
ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈ သထုံၿမိဳ႕၌ျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၂၁

မြန္ျပည္နယ္၊ သထုံၿမိဳ႕တြင္ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားမွာ ယမန္ေန႔ (ဇန္နဝါရီလ ၂ဝ ရက္)၊ နံနက္ (၈)နာရီဝန္းက်င္အခ်ိန္တြင္ သထုံၿမိဳ႕၊ ျမသပိတ္ ေတာင္ရင္ျပင္ေအာက္ဘက္ရွိ ေက်ာက္ထုတ္တန္းတစ္ခု၌ ႀကိဳးဆြဲခ်ခဲ့ျခင္းျဖစ္ေၾကာင္း အၾကင္နာတြဲလက္အသင္း ထံမွ သိရသည္။

“ရင္ျပင္ကို ခ်ဲ႕ထားတဲ့အခါၾကေတာ့ ေအာက္ကေန ေထာက္ေလးေတြ ေထာက္ထားတယ္။ အဲဒီေထာက္ကေန ႀကိဳးဆြဲခ်လိုက္တာ။ ႀကိဳးကေတာ့ ႏိုင္လြန္ႀကိဳးပါပဲ။ သူရဲ႕ဖုန္းမွတ္တမ္းၾကည့္ရသေလာက္ ေကာင္မေလးနဲ႔ အဆင္မေျပလို႔ ႀကိဳးဆြဲခ်တဲ့ပုံစံေလး” ဟု အၾကင္နာတြဲလက္အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

အဆိုပါေသဆုံးသူမွာ အသက္ (၁၉)ႏွစ္အ႐ြယ္ရွိၿပီး သထုံၿမိဳ႕၊ ေအာက္က်င္းရပ္ကြက္၊ အုတ္ဖိုတန္းလမ္း၌ ေနထိုင္သူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။
၎၏ ႐ုပ္အေလာင္းကို သထုံျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အလားတူ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ (ဒီဇင္ဘာလ ၃ဝ ရက္)၊ မြန္းလြဲ (၁၁)နာရီဝန္းက်င္ အခ်ိန္၌ အသက္ (၁၇)ႏွစ္အ႐ြယ္ လူငယ္အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.