ဒကစ(လောင်ကိုင်)ဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်တချို့ကို အရေးယူသည်ဆိုသော သတင်းများမှာ မမှန်ကန်ဟု နစကဖြေရှင်း

15005
မြူနစ် (NP News) - ဇန်နဝါရီ ၂၃
လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်တချို့ကို အရေးယူလိုက်သည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း နစကဘက်က ဖြေရှင်းထားသည်။

ဒကစ(လောက်ကိုင်)မှ ဗိုလ်မှူးချုပ်(၆)ဦး လက်နက်ချခဲ့မှုနှင့်ပတ်သက်၍ စစ်ခုံရုံးက အရေးယူလိုက်ပြီဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(ဇန်နဝါရီလ ၂၃ ရက်)တွင် မီဒီယာများကို ပြောကြားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် ဇော်ဝင်းမြင့်အပါအဝင် (၆)ဦးကို စစ်ခုံရုံးက သေဒဏ်အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်လိုက်သည်ဟု သတင်းများပျံ့နှံ့နေခြင်းဖြစ်သည်။
ပြီးခဲ့သော ဇန်နဝါရီလ ၅ ရက်တွင် လောက်ကိုင်မြို့ ဒကစရှိ ထောင်နှင့်ချီရှိသော လုံခြုံရေးအဖွဲ့ဝင်များသည် MNDAA ပူးပေါင်းအဖွဲ့ထံ လက်နက်ချခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ချခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် လုံခြုံရေးအဖွဲ့ဝင်များသည် လားရှိုးမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုများကို ခံယူနေ လျက်ရှိကြောင်း သိရသည်။
ဒကစ(လောက်ကိုင်)ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မှူးများအနေဖြင့် တပ်မတော်မိသားစုဝင်များ၏ လုံခြုံရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်မှု မပျက်ပြားရေးတို့အတွက် အဘက်ဘက်မှအကောင်းဆုံးစဉ်းစားခဲ့သည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ဖူးသည်။

zawgyi version
ဒကစ(ေလာင္ကိုင္)ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဗိုလ္မႉးခ်ဳပ္တခ်ိဳ႕ကို အေရးယူသည္ဆိုေသာ သတင္းမ်ားမွာ မမွန္ကန္ဟု နစကေျဖရွင္း
ျမဴနစ္ (NP News) - ဇန္နဝါရီ ၂၃
ေလာက္ကိုင္ၿမိဳ႕ရွိ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒကစ) ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဗိုလ္မႉးခ်ဳပ္တခ်ိဳ႕ကို အေရးယူလိုက္သည္ဆိုေသာ သတင္းမ်ားမွာ မွန္ကန္မႈမရွိေၾကာင္း နစကဘက္က ေျဖရွင္းထားသည္။
ဒကစ(ေလာက္ကိုင္)မွ ဗိုလ္မႉးခ်ဳပ္(၆)ဦး လက္နက္ခ်ခဲ့မႈႏွင့္ပတ္သက္၍ စစ္ခုံ႐ုံးက အေရးယူလိုက္ၿပီဆိုေသာ သတင္းမ်ားမွာ မဟုတ္မွန္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔(ဇန္နဝါရီလ ၂၃ ရက္)တြင္ မီဒီယာမ်ားကို ေျပာၾကားသည္။
ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ေခတၱဥကၠ႒အျဖစ္ တာဝန္ယူခဲ့ေသာ ဗိုလ္မႉးခ်ဳပ္ထြန္းထြန္းျမင့္၊ ဗိုလ္မႉးခ်ဳပ္ ေဇာ္ဝင္းျမင့္အပါအဝင္ (၆)ဦးကို စစ္ခုံ႐ုံးက ေသဒဏ္အပါအဝင္ ျပစ္ဒဏ္အသီးသီးခ်မွတ္လိုက္သည္ဟု သတင္းမ်ားပ်ံ႕ႏွံ႔ေနျခင္းျဖစ္သည္။
ၿပီးခဲ့ေသာ ဇန္နဝါရီလ ၅ ရက္တြင္ ေလာက္ကိုင္ၿမိဳ႕ ဒကစရွိ ေထာင္ႏွင့္ခ်ီရွိေသာ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားသည္ MNDAA ပူးေပါင္းအဖြဲ႕ထံ လက္နက္ခ်ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ လက္နက္ခ်ခဲ့ၿပီးေနာက္ ဗိုလ္မႉးခ်ဳပ္ထြန္းထြန္းျမင့္အပါအဝင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားသည္ လားရႈိးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး စစ္ေဆးမႈမ်ားကို ခံယူေန လ်က္ရွိေၾကာင္း သိရသည္။
ဒကစ(ေလာက္ကိုင္)ျဖစ္စဥ္ႏွင့္ပတ္သက္၍ တပ္မႉးမ်ားအေနျဖင့္ တပ္မေတာ္မိသားစုဝင္မ်ား၏ လုံၿခဳံေရး၊ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံခ်စ္ၾကည္မႈ မပ်က္ျပားေရးတို႔အတြက္ အဘက္ဘက္မွအေကာင္းဆုံးစဥ္းစားခဲ့သည္ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ဖူးသည္။