(၃)နှစ်နီးပါး ရပ်နားထားခဲ့သည့် ကမ္ဘာအေးစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ကျင်းပမည်

 1044

ယွန်း (NP News) - ဇန်နဝါရီ ၂၇

(၃)နှစ်နီးပါးရပ်နားထားခဲ့သည့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေတွင် တည်ထားကိုးကွယ်သည့် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားခဲ့သည့် ၂၀၂၀ နောက်ပိုင်းကာလများမှစ၍ ရပ်နားထားခဲ့သည့် အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဥ်ကျင်းပနေသည့်ကာလအတိုင်း တပို့တွဲလဆန်း(၁၂)ရက်မှ တပို့တွဲလပြည့်ကျော်(၁)ရက် (ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်)အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“နှစ်စဥ်ကျင်းပခဲ့တာပေါ့။ ဒါပေမယ့် ကိုဗစ်ကာလမှာတော့ (၃)နှစ်လောက် မကျင်းပခဲ့ဘူးလေ။ ၂၀၂၀ ကနေစပြီးရပ်နားခဲ့ရတာပေါ့။ အခုနှစ်မှာပြန်စတာပါ။ ဘုရားပွဲတော်က တပို့တွဲလပါပဲ။ (၅)ရက်ကျင်းပမှာပါ။ ပဋ္ဌာန်းရွတ်ကြမယ်၊ ဘုရားအနေကဇာ တင်မယ်၊ ဆွမ်းကြီးလောင်းမယ်၊ ထမနဲပွဲလည်းပါတယ်။ ဘုရားပွဲရက်ကတော့ ဓာတ်တော်လည်း အပူဇော်ခံတော့ အဲဒီရက်တွေမှာ ဘုရားဖူးတွေကတော့ ပိုများပါတယ်”ဟု ကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့ဝင် ဦးအောင်ထွဋ်က NP News ကိုပြော သည်။

ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ(၂၁)ရက်မှစ၍ (၅)ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နှင့် (၂၃)ရက်၊ နံနက်(၈)နာရီအချိန်တွင် ထမနဲထိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၄)ရက်တွင် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး ဖေဖော်ဝါရီလ(၂၅)ရက်၌ ပင့်သံဃာတော်(၄၅)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းလောင်းအလှူမင်္ဂလာကျင်းမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော်(၄၅)ပါး စုစု‌ပေါင်း(၄၈)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

zawgyi version
(၃)ႏွစ္နီးပါး ရပ္နားထားခဲ့သည့္ ကမာၻေအးေစတီေတာ္ႀကီး၏ ဗုဒၶပူဇနိယပြဲေတာ္ ျပန္လည္က်င္းပမည္

ယြန္း (NP News) - ဇန္နဝါရီ ၂၇

(၃)ႏွစ္နီးပါးရပ္နားထားခဲ့သည့္ ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးကုန္းေျမတြင္ တည္ထားကိုးကြယ္သည့္ ဆ႒သဂၤါယနာ သာသနာ့သမိုင္းဝင္ သီရိမဂၤလာကမာၻေအးေစတီေတာ္ျမတ္ႀကီး၏ (၇၂)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္ကို ျပန္လည္က်င္းပမည္ျဖစ္ေၾကာင္း ကမာၻေအးေစတီေတာ္ ေဂါပကအဖြဲ႕ထံမွ သိရသည္။

ကိုဗစ္(၁၉)ကပ္ေရာဂါျဖစ္ပြားခဲ့သည့္ ၂၀၂၀ ေနာက္ပိုင္းကာလမ်ားမွစ၍ ရပ္နားထားခဲ့သည့္ အဆိုပါ ဗုဒၶပူဇနိယပြဲေတာ္ကို ႏွစ္စဥ္က်င္းပေနသည့္ကာလအတိုင္း တပို႔တြဲလဆန္း(၁၂)ရက္မွ တပို႔တြဲလျပည့္ေက်ာ္(၁)ရက္ (ေဖေဖာ္ဝါရီလ ၂၁ ရက္မွ ၂၅ ရက္)အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

“ႏွစ္စဥ္က်င္းပခဲ့တာေပါ့။ ဒါေပမယ့္ ကိုဗစ္ကာလမွာေတာ့ (၃)ႏွစ္ေလာက္ မက်င္းပခဲ့ဘူးေလ။ ၂၀၂၀ ကေနစၿပီးရပ္နားခဲ့ရတာေပါ့။ အခုႏွစ္မွာျပန္စတာပါ။ ဘုရားပြဲေတာ္က တပို႔တြဲလပါပဲ။ (၅)ရက္က်င္းပမွာပါ။ ပ႒ာန္း႐ြတ္ၾကမယ္၊ ဘုရားအေနကဇာ တင္မယ္၊ ဆြမ္းႀကီးေလာင္းမယ္၊ ထမနဲပြဲလည္းပါတယ္။ ဘုရားပြဲရက္ကေတာ့ ဓာတ္ေတာ္လည္း အပူေဇာ္ခံေတာ့ အဲဒီရက္ေတြမွာ ဘုရားဖူးေတြကေတာ့ ပိုမ်ားပါတယ္”ဟု ကမာၻေအးေစတီေတာ္ေဂါပကအဖြဲ႕ဝင္ ဦးေအာင္ထြဋ္က NP News ကိုေျပာ သည္။

ဘုရားပြဲေတာ္ကို ေဖေဖာ္ဝါရီလ(၂၁)ရက္မွစ၍ (၅)ရက္တာ က်င္းပသြားမည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလ(၂၂)ရက္ႏွင့္ (၂၃)ရက္၊ နံနက္(၈)နာရီအခ်ိန္တြင္ ထမနဲထိုးပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီလ(၂၄)ရက္တြင္ ဆြမ္းေတာ္ႀကီးကပ္လႉပူေဇာ္ၿပီး ေဖေဖာ္ဝါရီလ(၂၅)ရက္၌ ပင့္သံဃာေတာ္(၄၅)ပါးျဖင့္ ဗုဒၶါဘိေသကအေနကဇာတင္လႉပူေဇာ္ၿပီး လႉဒါန္းမႈအစုစုကို ေရစက္သြန္းေလာင္းအလႉမဂၤလာက်င္းမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္သံဃနာယကအဖြဲ႕ဆရာေတာ္ႀကီးမ်ား ဦးေဆာင္ေသာ ပင့္သံဃာေတာ္(၄၅)ပါး စုစု‌ေပါင္း(၄၈)ပါးတို႔အား ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ က်င္းပမည္ျဖစ္ေၾကာင္း ကမာၻေအး ေစတီေတာ္ ေဂါပကအဖြဲ႕ထံမွ သိရသည္။

Related news

© 2021. All rights reserved.