ရွှေပြည်သာမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ သားအဖ(၂)ဦးထိခိုက်ဒဏ်ရာရ

 2952

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ သားအဖ(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၇ ရက်)၊ နံနက် ၆နာရီဝန်းကျင်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ကန်သာယာလမ်းဆုံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်တိုက်မှုဖြစ်တာက ကုန်တင်(၆)ဘီးကားရယ် အိမ်စီးကားနဲ့ စက်ဘီးပါ။ အိမ်စီးကားက စက်ဘီးကိုအရင်ဝင်တိုက်ပြီးတော့ ခေါင်းလည်သွားပြီး (၆)ဘီးကားရဲ့ ဝင်ရိုးကို ထပ်တိုက်မိတာပါ” ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စက်ဘီးပေါ်မှ အသက်(၅၀) နှစ်အရွယ် အမျိုးသားနှင့် အသက်(၂၀)နှစ်အရွယ် အမျိုးသမီးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတာက စက်ဘီးပေါ်က သားအဖ(၂)ဦးပေါ့။ အမျိုးသားက ခေါင်းထိတယ်။ မိန်းးကလေးကတော့ ခါးရိုးထိသွားတယ်။ အရင်ကအဲဒီနေရာမှာ ဖြစ်လေ့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် သားအဖ(၂)ဦးကို ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ သားအဖ(၂)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၇

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ သားအဖ(၂)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေ႐ႊေမတၱာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဇန္နဝါရီလ ၂၇ ရက္)၊ နံနက္ ၆နာရီဝန္းက်င္ခန႔္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ကန္သာယာလမ္းဆုံအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ယာဥ္တိုက္မႈျဖစ္တာက ကုန္တင္(၆)ဘီးကားရယ္ အိမ္စီးကားနဲ႔ စက္ဘီးပါ။ အိမ္စီးကားက စက္ဘီးကိုအရင္ဝင္တိုက္ၿပီးေတာ့ ေခါင္းလည္သြားၿပီး (၆)ဘီးကားရဲ႕ ဝင္႐ိုးကို ထပ္တိုက္မိတာပါ” ဟု ေ႐ႊေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ စက္ဘီးေပၚမွ အသက္(၅၀) ႏွစ္အ႐ြယ္ အမ်ိဳးသားႏွင့္ အသက္(၂၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ထိခိုက္ဒဏ္ရာရတာက စက္ဘီးေပၚက သားအဖ(၂)ဦးေပါ့။ အမ်ိဳးသားက ေခါင္းထိတယ္။ မိန္းးကေလးကေတာ့ ခါး႐ိုးထိသြားတယ္။ အရင္ကအဲဒီေနရာမွာ ျဖစ္ေလ့ရွိတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္ သားအဖ(၂)ဦးကို ေ႐ႊေမတၱာလူမႈကူညီေရးအသင္းမွ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.