ရန်ကုန်မြို့တွင် ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံး၍ (၆)ဦး ထိခိုက်ဒဏ်ရာရ

12007

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံး၍ (၆)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၈ ရက်)၊ ည ၁ဝ နာရီ ၅ဝ မိနစ်အချိန်တွင် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ် လမ်းနှင့် မော်တင်လမ်းထောင့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်တာက HIJET ကား နဲ့ ရွှေငါးကားက အရင်တိုက်တာ။ ပြီးတော့ HIJET နောက်ကပါလာတဲ့ Mazta ကားက ထပ်တိုက်မိတာပါ။ အဲဒီတော့ ကား(၃)စီးဆင့်တိုက်မိတာပေါ့” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် HIJET ကားပေါ်မှ အသက်(၅၆)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း အမျိုးသား(၅)ဦးနှင့် အမျိုးသမီးတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“HIJET ကားပေါ်က တစ်ယောက်က ဆေးရုံအရောက်လေးမှာပဲ ဆုံးသွားတယ်။ ကျန်တဲ့ လူ(၆)ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ကားတွေတော့ တော်တော်ပျက်စီးသွားကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ ဝင်းမေတ္တာ လူမှုကူညီရေးအသင်းနှင့် ရွှေကံ့ကော်လူမှုကူညီရေးအသင်းများမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြ ကြောင်း သိရသည်။
အလားတူ ယင်းနေ့ည ၆နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်၊ အုတ်ကျင်းဘူတာရုံလမ်းထိပ်၌ ကုန်တင်ကားနှင့် အိမ်စီးကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕တြင္ ကား(၃)စီး ဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူတစ္ဦးေသဆုံး၍ (၆)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၉
ရန္ကုန္တိုင္း၊ လမ္းမေတာ္ၿမိဳ႕နယ္တြင္ ကား(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူတစ္ဦးေသဆုံး၍ (၆)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၂၈ ရက္)၊ ည ၁ဝ နာရီ ၅ဝ မိနစ္အခ်ိန္တြင္ လမ္းမေတာ္ၿမိဳ႕နယ္၊ ဗိုလ္ခ်ဳပ္ လမ္းႏွင့္ ေမာ္တင္လမ္းေထာင့္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တိုက္တာက HIJET ကား နဲ႔ ေ႐ႊငါးကားက အရင္တိုက္တာ။ ၿပီးေတာ့ HIJET ေနာက္ကပါလာတဲ့ Mazta ကားက ထပ္တိုက္မိတာပါ။ အဲဒီေတာ့ ကား(၃)စီးဆင့္တိုက္မိတာေပါ့” ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ HIJET ကားေပၚမွ အသက္(၅၆)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎ယာဥ္တိုက္မႈျဖစ္စဥ္အတြင္း အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“HIJET ကားေပၚက တစ္ေယာက္က ေဆး႐ုံအေရာက္ေလးမွာပဲ ဆုံးသြားတယ္။ က်န္တဲ့ လူ(၆)ေယာက္ကေတာ့ ထိခိုက္ဒဏ္ရာရတယ္။ မစိုးရိမ္ရပါဘူး။ ကားေတြေတာ့ ေတာ္ေတာ္ပ်က္စီးသြားၾကပါတယ္” ဟု ၎က ဆက္လက္ ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ရွင္သန္ေရးလူမႈကူညီေရးအသင္း၊ ဝင္းေမတၱာ လူမႈကူညီေရးအသင္းႏွင့္ ေ႐ႊကံ့ေကာ္လူမႈကူညီေရးအသင္းမ်ားမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾက ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔ည ၆နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ လႈိင္ၿမိဳ႕နယ္၊ အမွတ္(၁၄)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းမေပၚ၊ အုတ္က်င္းဘူတာ႐ုံလမ္းထိပ္၌ ကုန္တင္ကားႏွင့္ အိမ္စီးကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၃)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။