ကြည့်မြင်တိုင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၅)လုံးမီးလောင် ဆုံးရှုံး

 1256

သန့်ဇင် (NP News) - ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၅)လုံးမီးလောင် ဆုံးရှုံးသွားခဲ့ ကြောင်း အနာဂတ် အလင်းတန်းလူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)၊ နံနက် ၆ နာရီ ၁၈ မိနစ်အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးက ဘယ်လိုက စလောင်လဲဆိုတာတော့ စုံစမ်းနေတုန်းပါ။ မီးလောင်တာက မြစ်တစ်ဖက်ကမ်းဖြစ်တော့ ကားသွားလို့မရတဲ့အတွက် အချိန်ကြန့်ကြာတာရှိခဲ့တယ်။ လူထိခိုက်မှုမရှိခဲ့ပေမဲ့ လူနေအိမ်တွေတော့ တော်တော် များများပါသွားတယ်” ဟု အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၁၅)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းနဲ့ ကျွန်တော်တို့ပူးပေါင်းမီးငြှိမ်းသက်ခဲ့ရပြီး ၈ နာရီ ၃ဝ မိနစ်လောက်မှာ မီးကြွင်းမီးကျန်တွေ အကုန်ရှင်းနိုင်ခဲ့တယ်။ အကြံပြုချင်တာကတော့ ပွင့်လင်းရာသီရောက်လာတဲ့အတွက် မီးဘေး အန္တရာယ်ကို အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက အကြံပြုပြောထားသည်။

၎င်းမီးလောင်မှုကို ကြည့်မြင်တိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းတို့ပူးပေါင်းကာ ၂ နာရီကျော်ခန့်မီးငြှိမ်း သတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၁၅)လုံးမီးေလာင္ ဆုံးရႈံး
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၃၁

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၁၅)လုံးမီးေလာင္ ဆုံးရႈံးသြားခဲ့ ေၾကာင္း အနာဂတ္ အလင္းတန္းလူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔ (ဇန္နဝါရီလ ၃၁ ရက္)၊ နံနက္ ၆ နာရီ ၁၈ မိနစ္အခ်ိန္တြင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ စက္ဆန္း ေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးက ဘယ္လိုက စေလာင္လဲဆိုတာေတာ့ စုံစမ္းေနတုန္းပါ။ မီးေလာင္တာက ျမစ္တစ္ဖက္ကမ္းျဖစ္ေတာ့ ကားသြားလို႔မရတဲ့အတြက္ အခ်ိန္ၾကန႔္ၾကာတာရွိခဲ့တယ္။ လူထိခိုက္မႈမရွိခဲ့ေပမဲ့ လူေနအိမ္ေတြေတာ့ ေတာ္ေတာ္ မ်ားမ်ားပါသြားတယ္” ဟု အနာဂတ္အလင္းတန္း ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္(၁၅)လုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မီးသတ္စခန္းနဲ႔ ကြၽန္ေတာ္တို႔ပူးေပါင္းမီးျငႇိမ္းသက္ခဲ့ရၿပီး ၈ နာရီ ၃ဝ မိနစ္ေလာက္မွာ မီးႂကြင္းမီးက်န္ေတြ အကုန္ရွင္းႏိုင္ခဲ့တယ္။ အႀကံျပဳခ်င္တာကေတာ့ ပြင့္လင္းရာသီေရာက္လာတဲ့အတြက္ မီးေဘး အႏၲရာယ္ကို အထူးဂ႐ုစိုက္ၾကပါလို႔ ေျပာခ်င္ပါတယ္” ဟု ၎က အႀကံျပဳေျပာထားသည္။

၎မီးေလာင္မႈကို ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ ႏွင့္ အနာဂတ္အလင္းတန္းပရဟိတအသင္းတို႔ပူးေပါင္းကာ ၂ နာရီေက်ာ္ခန႔္မီးျငႇိမ္း သတ္ခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.