ကားဂီယာဘောက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို မန္တလေး၌ ဖမ်းဆီးရမိ

16952

Pearl (NP News) - ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းရှိ No-More Dictatorship-NMD အဖွဲ့ထံသို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများနှင့်အတူ ထောက်ပို့ (၃) ဦးအား မန္တလေး၌ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်၊ ညနေပိုင်းတွင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက် ၌ မသီတာစိုး (ခ) မစိုးနှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် SIG SAUER ပစ္စတို ၅ လက်၊ ANSAR ပစ္စတို ၁ လက်၊ BLOW ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် ၁ဝဝ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂ဝဝ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော မသီတာစိုး၏ ထွက်ဆိုချက်အရ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၌ ကေခိုင် (ခ) ကေကေအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်အတွင်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃ဝဝ တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ဖမ်းဆီးရမိသော မသီတာစိုး ၏ ထွက်ဆိုချက်အရ ၎င်းသည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး မန္တလေးမြို့ အတွင်း ဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လိုင်ဇာသို့ သွားရောက်၍ KIA အဖွဲ့ထံ၌ သင်တန်းတစ်လ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သင်တန်းတက်ရောက်စဉ် No-More Dictatorship-NMD အဖွဲ့မှ ဖမ်းဆီးရန်ကျန် မျိုးမင်းရန်နိုင်နှင့် ရင်းနှီးခဲ့ ပြီး အဆိုပါအဖွဲ့သို့ဝင်ရောက်ခဲ့ကြောင်း နှင့် သင်တန်းဆင်းပြီးနောက် အောင်မြေသာစံမြို့နယ်ရှိ နေအိမ်သို့ ပြန်လည်နေထိုင်ခဲ့ပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ ကေခိုင်၊ တိုးညွန့်တို့နှင့်အတူ NMD အဖွဲ့အတွက် ထောက်ပို့ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရသည်ဟု နစက မှ ဆိုသည်။
အလားတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နေ ဖမ်းဆီးရန်ကျန်သူ တစ်ဦးမှ အဆိုပါလက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အဟောင်းများအတွင်း သိုဝှက်ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မန္တလေးသို့ရောက်ရှိစဉ် ၎င်းတို့မှ ကားဂိတ်တွင် သွားရောက် ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ၁၄ မိုင် ကျေးရွာအနီးရှိ NMD အဖွဲ့မှ ဖမ်းဆီးရန်ကျန် မျိုးမင်းရန်နိုင်ထံသို့ ပို့ဆောင် ပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လက်နက်/ ခဲယမ်းများအား ၄ ကြိမ် ပို့ဆောင်ပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရပြီး လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ကားဂီယာေဘာက္အတြင္း သိုဝွက္သယ္ေဆာင္လာသည့္ လက္နက္ခဲယမ္းမ်ားကို မႏၲေလး၌ ဖမ္းဆီးရမိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၆
စစ္ကိုင္းတိုင္းရွိ No-More Dictatorship-NMD အဖြဲ႕ထံသို႔ ပို႔ေဆာင္မည့္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ေထာက္ပို႔ (၃) ဦးအား မႏၲေလး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၄) ရက္၊ ညေနပိုင္းတြင္ မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မင္းတဲအီကင္းရပ္ကြက္ ၌ မသီတာစိုး (ခ) မစိုးႏွင့္ တိုးၫြန႔္တို႔အား ကားဂီယာေဘာက္အေဟာင္းအတြင္း သိုဝွက္သိမ္းဆည္းထားသည့္ SIG SAUER ပစၥတို ၅ လက္၊ ANSAR ပစၥတို ၁ လက္၊ BLOW ပစၥတို ၂ လက္၊ က်ည္အိမ္မ်ိဳးစုံ ၁၆ ခု၊ လက္ပစ္ဗုံး ၁ လုံး၊ ၉ မမ က်ည္ ၁ဝဝ ေတာင့္၊ ပြိဳင့္-၃၈၀ က်ည္ ၂ဝဝ ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိေသာ မသီတာစိုး၏ ထြက္ဆိုခ်က္အရ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပည္ႀကီးရန္လုံရပ္ကြက္၌ ေကခိုင္ (ခ) ေကေကအား ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ ျဖစ္စဥ္အတြင္း အမ်ိဳးသား ၁ ဦး၊ အမ်ိဳးသမီး ၂ ဦးႏွင့္အတူ ပစၥတိုမ်ိဳးစုံ ၈ လက္၊ က်ည္အိမ္မ်ိဳးစုံ ၁၆ ခု၊ လက္ပစ္ဗုံး ၁ လုံး၊ က်ည္မ်ိဳးစုံ ၃ဝဝ ေတာင့္တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလားတူ ဖမ္းဆီးရမိေသာ မသီတာစိုး ၏ ထြက္ဆိုခ်က္အရ ၎သည္ NLD ပါတီဝင္တစ္ဦးျဖစ္ၿပီး မႏၲေလးၿမိဳ႕ အတြင္း ဆႏၵျပမႈမ်ား၌ ဦးေဆာင္ပါဝင္ခဲ့သူျဖစ္ေၾကာင္း၊ ၂၀၂၂ ခုႏွစ္၊ ဧၿပီလတြင္ လိုင္ဇာသို႔ သြားေရာက္၍ KIA အဖြဲ႕ထံ၌ သင္တန္းတစ္လ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သင္တန္းတက္ေရာက္စဥ္ No-More Dictatorship-NMD အဖြဲ႕မွ ဖမ္းဆီးရန္က်န္ မ်ိဳးမင္းရန္ႏိုင္ႏွင့္ ရင္းႏွီးခဲ့ ၿပီး အဆိုပါအဖြဲ႕သို႔ဝင္ေရာက္ခဲ့ေၾကာင္း ႏွင့္ သင္တန္းဆင္းၿပီးေနာက္ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ေနအိမ္သို႔ ျပန္လည္ေနထိုင္ခဲ့ၿပီး ၎၏ သူငယ္ခ်င္းျဖစ္သူ ေကခိုင္၊ တိုးၫြန႔္တို႔ႏွင့္အတူ NMD အဖြဲ႕အတြက္ ေထာက္ပို႔ လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ေဖာ္ထုတ္ သိရသည္ဟု နစက မွ ဆိုသည္။
အလားတူ ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္မ်ားအရ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ေန ဖမ္းဆီးရန္က်န္သူ တစ္ဦးမွ အဆိုပါလက္နက္/ခဲယမ္းမ်ားအား ကားဂီယာေဘာက္အေဟာင္းမ်ားအတြင္း သိုဝွက္ထည့္သြင္း၍ ခရီးသည္တင္ယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ၿပီး မႏၲေလးသို႔ေရာက္ရွိစဥ္ ၎တို႔မွ ကားဂိတ္တြင္ သြားေရာက္ ယူေဆာင္ကာ စစ္ကိုင္းၿမိဳ႕နယ္၊ ၁၄ မိုင္ ေက်း႐ြာအနီးရွိ NMD အဖြဲ႕မွ ဖမ္းဆီးရန္က်န္ မ်ိဳးမင္းရန္ႏိုင္ထံသို႔ ပို႔ေဆာင္ ေပးရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလမွ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလအထိ လက္နက္/ ခဲယမ္းမ်ားအား ၄ ႀကိမ္ ပို႔ေဆာင္ေပးခဲ့ ေၾကာင္း ေဖာ္ထုတ္သိရွိရၿပီး လက္ရွိတြင္ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။