ဂျပန်နိုင်ငံတွင် သုတေသနလုပ်ကိုင်လိုသူများ The MIF Research Fellowship Program 2025 ပညာသင်ဆု လျှောက်ထားနိုင်

 1055

စော (NP News) - ဖေဖော်ဝါရီ ၇

ဂျပန်နိုင်ငံတွင် သုတေသနလုပ်ကိုင်လိုသူများ The MIF Research Fellowship Program 2025 ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ကြေညာထားသည်။

အဆိုပါပညာသင်ဆုသည် ဂျပန်နိုင်ငံတွင် သုတေသနလုပ်ကိုင်လိုသူများအတွက် ရည်ရွယ်ပါကြောင်း မြန်မာသံရုံးက ဆိုသည်။

လျှောက်ထားလိုသူများသည် Ph.D. (Doctoral degree) ရရှိထားရမည်ဖြစ်ပြီး အသက်(၄၉)နှစ် ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

လျှောက်ထားသူများအနေဖြင့် အင်္ဂလိပ်ဘာသာ (သို့) ဂျပန်ဘာသာစကား တတ်ကျွမ်းရမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိသူများ/နေထိုင်ခဲ့သူများ လျှောက်ထား၍ မရနိုင်ကြောင်း သိရသည်။

ထို့ပြင် သဘာဝသိပ္ပံ၊ အင်ဂျင်နီယာနှင့် ဆေးပညာကဲ့သိုသော သုတေသနနယ်ပယ်များအား ဦးစားပေးသွားမည်ဖြစ်ပြီး မိခင်နိုင်ငံတွင် အသက်မွေးကျောင်းအလုပ်တစ်ခုရှိရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုကို ထောက်ပံ့ရာတွင်(၁၅) ဦးအား ပေးအပ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေး ရရှိမည့်ကာလမှာ ၂ဝ၂၅ ခုနှစ်၊ ဧပြီလ မှ ၂ဝ၂၆ ခုနှစ်၊ မတ်လအထိဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို MIF ၏ Email [email protected]သို့ ဧပြီလ ၁ ရက်မှ ဇွန်လ ၃ဝ ရက်အထိ (ဂျပန်စံတော်ချိန်အတွင်း) လျှောက်ထားနိုင်ကြောင်း သိရသည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံတြင္ သုေတသနလုပ္ကိုင္လိုသူမ်ား The MIF Research Fellowship Program 2025 ပညာသင္ဆု ေလွ်ာက္ထားႏိုင္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၇

ဂ်ပန္ႏိုင္ငံတြင္ သုေတသနလုပ္ကိုင္လိုသူမ်ား The MIF Research Fellowship Program 2025 ပညာသင္ဆု ေလွ်ာက္ထားႏိုင္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ေၾကညာထားသည္။

အဆိုပါပညာသင္ဆုသည္ ဂ်ပန္ႏိုင္ငံတြင္ သုေတသနလုပ္ကိုင္လိုသူမ်ားအတြက္ ရည္႐ြယ္ပါေၾကာင္း ျမန္မာသံ႐ုံးက ဆိုသည္။

ေလွ်ာက္ထားလိုသူမ်ားသည္ Ph.D. (Doctoral degree) ရရွိထားရမည္ျဖစ္ၿပီး အသက္(၄၉)ႏွစ္ ထက္မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ထားသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ အဂၤလိပ္ဘာသာ (သို႔) ဂ်ပန္ဘာသာစကား တတ္ကြၽမ္းရမည္ျဖစ္ၿပီး ဂ်ပန္ႏိုင္ငံတြင္ ေနထိုင္လ်က္ရွိသူမ်ား/ေနထိုင္ခဲ့သူမ်ား ေလွ်ာက္ထား၍ မရႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ သဘာဝသိပၸံ၊ အင္ဂ်င္နီယာႏွင့္ ေဆးပညာကဲ့သိုေသာ သုေတသနနယ္ပယ္မ်ားအား ဦးစားေပးသြားမည္ျဖစ္ၿပီး မိခင္ႏိုင္ငံတြင္ အသက္ေမြးေက်ာင္းအလုပ္တစ္ခုရွိရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပညာသင္ဆုကို ေထာက္ပံ့ရာတြင္(၁၅) ဦးအား ေပးအပ္သြားမည္ျဖစ္ၿပီး ေထာက္ပံ့ေၾကး ရရွိမည့္ကာလမွာ ၂ဝ၂၅ ခုႏွစ္၊ ဧၿပီလ မွ ၂ဝ၂၆ ခုႏွစ္၊ မတ္လအထိျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို MIF ၏ Email [email protected]သို႔ ဧၿပီလ ၁ ရက္မွ ဇြန္လ ၃ဝ ရက္အထိ (ဂ်ပန္စံေတာ္ခ်ိန္အတြင္း) ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.