တောင်ကိုရီးယားဇာတ်လမ်းတွဲများ ကြည့်ရှုမိသည့်အတွက် ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခံရသော မြောက်ကိုရီးယားဆယ်ကျော်သက် လူငယ်နှစ်ဦး

684

Pika (NP News) - ဖေဖော်ဝါရီ ၇
တောင်ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုသည့်အတွက် အသက်(၁၆)နှစ်အရွယ် မြောက်ကိုရီးယား နိုင်ငံသား ယောကျာ်းလေးနှစ်ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၂)နှစ်ချမှတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု သည် အွန်လိုင်းတွင်ပျံ့နှံ့သွားခဲ့သည်။
BBC သတင်းဌာနက ရရှိထားသော ဗီဒီယိုဖိုင်တွင် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော ယောကျာ်းလေး နှစ်ဦးသည် တောင်ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုခြင်းနှင့်ဖြန့်ဝေခြင်းတို့အတွက် စင်မြင့်ပေါ်တွင် ထောင်ဒဏ်ချမှတ်ခံနေရသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ထို့အပြင် ရာနှင့်ချီသောလူများသည် အဆိုပါစင်မြင့်ကို ဝိုင်းရံထားကာ ပြစ်ဒဏ်ချမှတ်ခြင်းအား ကြည့်ရှု နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ မြောက်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ပရိုဂရမ်များ အပါအဝင် တောင်ကိုရီးယားဖျော်ဖြေရေးများကိုတားမြစ်ထားပြီး ၂ဝ၂ဝ ပြည့်နှစ်တွင်ချမှတ်ခဲ့သော ဥပဒေအရ တောင်ကိုရီးယားဖျော်ဖြေရေးများကို ကြည့်ရှုခြင်း (သို့မဟုတ်) ဖြန့်ဝေခြင်းများ လုပ်ဆောင်ပါက ကြီးလေးသော ထောင်ဒဏ် (သို့မဟုတ်) သေဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်းလည်း သိရသည်။
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "တောင်ကိုရီးယားအစိုးရ ဒါမှမဟုတ် ရုပ်သေးရုပ်အစိုးရရဲ့ ယဉ်ကျေးမှုတွေ က ဆယ်ကျော်သက်တွေဆီအထိကို ပျံ့နှံ့လာပါပြီ။ သူတို့ဟာ(၁၆)နှစ်ပဲ ရှိသေးပေမယ့် ကိုယ့်ရဲ့အနာဂတ် ကို ကိုယ်တိုင်ဖျက်ဆီးပစ်နေကြတာပါ။ ဒါဟာ လူငယ်နှစ်ဦးအတွက်တော့ ဆိုးရွားတဲ့ပြစ်ဒဏ်တစ်ခုပါ။ ဒါပေမယ့် နည်းစနစ်ပိုင်းနဲ့ကြည့်မယ်ဆိုရင်တော့ သူတို့နှစ်ဦးလုံး ဒီလိုပြစ်ဒဏ်ပဲခံရတာက ကံကောင်းတာ ပါ" ဟု ပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံတွင် အမေရိကန်ဇာတ်လမ်းများကို ကြည့်ရှုနေခြင်းအား ဖမ်းမိခဲ့မည်ဆိုပါက လာဘ်ပေးလာဘ်ယူကိစ္စများဖြင့် လွတ်မြောက်နိုင်သော်လည်း တောင်ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုခြင်းကို ဖမ်းမိခဲ့မည်ဆိုပါက လွတ်မြောက်နိုင်ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။
မြောက်ကိုရီးယားပြည်ပြေးတစ်ဦးက "မြောက်ကိုရီးယားနိုင်ငံတွင်းမှာ အမေရိကန်ဇာတ်လမ်းတွဲတွေကို ကြည့်ရှုမိမယ်ဆိုရင် လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ရှုတာကို ဖမ်းမိခဲ့မယ်ဆိုရင်တော့ ဘယ်လိုမှလွတ် မြောက်နိုင်မှာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားနိုင်ငံသားတွေအတွက်တော့ တောင်ကိုရီးယားဇာတ်လမ်း တွဲတွေဟာ သူတို့ရဲ့ခက်ခဲတဲ့လက်တွေ့ဘဝအမှန်တရားကိုမေ့ပျောက်ဖို့ ကူညီပေးတဲ့ မူးယစ်ဆေးဝါး တစ်ခုလိုပါပဲ" ဟု ပြောခဲ့သည်။
https://www.odditycentral.com/news/north-korean-teenagers-sentenced-to-12-years-of-hard-labor-for-watching-k-dramas.html

Zawgyi Version;
ေတာင္ကိုရီးယားဇာတ္လမ္းတြဲမ်ား ၾကည့္ရႈမိသည့္အတြက္ ေထာင္ဒဏ္(၁၂)ႏွစ္ ခ်မွတ္ခံရေသာ ေျမာက္ကိုရီးယားဆယ္ေက်ာ္သက္ လူငယ္ႏွစ္ဦး
Pika (NP News) - ေဖေဖာ္ဝါရီ ၇
ေတာင္ကိုရီးယားဇာတ္လမ္းတြဲမ်ားကို ၾကည့္ရႈသည့္အတြက္ အသက္(၁၆)ႏွစ္အ႐ြယ္ ေျမာက္ကိုရီးယား ႏိုင္ငံသား ေယာက်ာ္းေလးႏွစ္ဦးကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ (၁၂)ႏွစ္ခ်မွတ္ခဲ့သည့္ ဗီဒီယိုဖိုင္တစ္ခု သည္ အြန္လိုင္းတြင္ပ်ံ႕ႏွံ႔သြားခဲ့သည္။
BBC သတင္းဌာနက ရရွိထားေသာ ဗီဒီယိုဖိုင္တြင္ မီးခိုးေရာင္ဝတ္စုံဝတ္ဆင္ထားေသာ ေယာက်ာ္းေလး ႏွစ္ဦးသည္ ေတာင္ကိုရီးယားဇာတ္လမ္းတြဲမ်ားကို ၾကည့္ရႈျခင္းႏွင့္ျဖန႔္ေဝျခင္းတို႔အတြက္ စင္ျမင့္ေပၚတြင္ ေထာင္ဒဏ္ခ်မွတ္ခံေနရသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။
ထို႔အျပင္ ရာႏွင့္ခ်ီေသာလူမ်ားသည္ အဆိုပါစင္ျမင့္ကို ဝိုင္းရံထားကာ ျပစ္ဒဏ္ခ်မွတ္ျခင္းအား ၾကည့္ရႈ ေနသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ ေျမာက္ကိုရီးယားႏိုင္ငံတြင္ ႐ုပ္ရွင္ပ႐ိုဂရမ္မ်ား အပါအဝင္ ေတာင္ကိုရီးယားေဖ်ာ္ေျဖေရးမ်ားကိုတားျမစ္ထားၿပီး ၂ဝ၂ဝ ျပည့္ႏွစ္တြင္ခ်မွတ္ခဲ့ေသာ ဥပေဒအရ ေတာင္ကိုရီးယားေဖ်ာ္ေျဖေရးမ်ားကို ၾကည့္ရႈျခင္း (သို႔မဟုတ္) ျဖန႔္ေဝျခင္းမ်ား လုပ္ေဆာင္ပါက ႀကီးေလးေသာ ေထာင္ဒဏ္ (သို႔မဟုတ္) ေသဒဏ္အထိ ခ်မွတ္ခံရႏိုင္ေၾကာင္းလည္း သိရသည္။
ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ေတာင္ကိုရီးယားအစိုးရ ဒါမွမဟုတ္ ႐ုပ္ေသး႐ုပ္အစိုးရရဲ႕ ယဥ္ေက်းမႈေတြ က ဆယ္ေက်ာ္သက္ေတြဆီအထိကို ပ်ံ႕ႏွံ႔လာပါၿပီ။ သူတို႔ဟာ(၁၆)ႏွစ္ပဲ ရွိေသးေပမယ့္ ကိုယ့္ရဲ႕အနာဂတ္ ကို ကိုယ္တိုင္ဖ်က္ဆီးပစ္ေနၾကတာပါ။ ဒါဟာ လူငယ္ႏွစ္ဦးအတြက္ေတာ့ ဆိုး႐ြားတဲ့ျပစ္ဒဏ္တစ္ခုပါ။ ဒါေပမယ့္ နည္းစနစ္ပိုင္းနဲ႔ၾကည့္မယ္ဆိုရင္ေတာ့ သူတို႔ႏွစ္ဦးလုံး ဒီလိုျပစ္ဒဏ္ပဲခံရတာက ကံေကာင္းတာ ပါ" ဟု ေျပာခဲ့သည္။
ေျမာက္ကိုရီးယားႏိုင္ငံတြင္ အေမရိကန္ဇာတ္လမ္းမ်ားကို ၾကည့္ရႈေနျခင္းအား ဖမ္းမိခဲ့မည္ဆိုပါက လာဘ္ေပးလာဘ္ယူကိစၥမ်ားျဖင့္ လြတ္ေျမာက္ႏိုင္ေသာ္လည္း ေတာင္ကိုရီးယားဇာတ္လမ္းတြဲမ်ားကို ၾကည့္ရႈျခင္းကို ဖမ္းမိခဲ့မည္ဆိုပါက လြတ္ေျမာက္ႏိုင္ျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။
ေျမာက္ကိုရီးယားျပည္ေျပးတစ္ဦးက "ေျမာက္ကိုရီးယားႏိုင္ငံတြင္းမွာ အေမရိကန္ဇာတ္လမ္းတြဲေတြကို ၾကည့္ရႈမိမယ္ဆိုရင္ လာဘ္ေပးလာဘ္ယူကိစၥေတြနဲ႔ လြတ္ေျမာက္ႏိုင္ပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယားဇာတ္လမ္းတြဲေတြ ၾကည့္ရႈတာကို ဖမ္းမိခဲ့မယ္ဆိုရင္ေတာ့ ဘယ္လိုမွလြတ္ ေျမာက္ႏိုင္မွာ မဟုတ္ပါဘူး။ ေျမာက္ကိုရီးယားႏိုင္ငံသားေတြအတြက္ေတာ့ ေတာင္ကိုရီးယားဇာတ္လမ္း တြဲေတြဟာ သူတို႔ရဲ႕ခက္ခဲတဲ့လက္ေတြ႕ဘဝအမွန္တရားကိုေမ့ေပ်ာက္ဖို႔ ကူညီေပးတဲ့ မူးယစ္ေဆးဝါး တစ္ခုလိုပါပဲ" ဟု ေျပာခဲ့သည္။