ဇရပ်ကြီးမြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိနေ

 1575

Pearl (NP News) - ဖေဖော်ဝါရီ ၈

ဇရပ်ကြီးမြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်း ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသူတစ်ဦးထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်)တွင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ တပ်မ တော်လုံခြုံရေးစခန်း နှင့် ရဲစခန်းတို့ကို KNLA ၊ PDF အဖွဲ့တို့က အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။

" မနေ့ကတည်းက အပစ်ရပ်သွားတော့ မနေ့ကတည်းက ကယ်ဆယ်ရေးတွေ လုပ်ပြီး တောင်ငူကိုပို့နေတာ။ ဇရပ်ကြီးမြို့ပေါ်က လူတွေပါတယ်၊ ဘေးက နတ်ရွာတို့၊ ကင်မွန်းခြုံတို့ ဇရပ်ကြီးဟိုဘက်ကရွာက လူတွေပါတယ်။ အခုတောင်ငူမှာ ထောင်ကျော်လောက်ရှိတယ်။ နဂါးရုံဘုန်းကြီးကျောင်းမှာ ထားထားတယ်။ အခုလက်ရှိ ကင်မွန်ခြုံဘက်က ဆက်သွယ်ထားတာတွေ ရှိသေးတယ်။ ခေါ်ဖို့ က ၂၀၀ လောက်တော့ ကျန်ဦးမယ် ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ကလေး(၄)ဦးအပါအဝင် ဒေသခံ (၁၀) ဦးခန့်သည်လည်း လက်နက်ကြီး ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ တိုက်ပွဲများကြောင့် အရပ် သားထိခိုက်သေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများရှိနေသည့်အပြင် လူနေအိမ်(၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးမှုများလည်းရှိနေကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်များ၊ စောင်များ နှင့်ခေါင်းအုံးများ လိုအပ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version
ဇရပ္ႀကီးၿမိဳ႕တြင္ျဖစ္ပြားေနေသာ တိုက္ပြဲေၾကာင့္ ေဒသခံ (၁၀၀၀)ေက်ာ္ စစ္ေဘးေရွာင္ေနရၿပီး အရပ္သားထိခိုက္ေသဆုံးမႈမ်ားရွိေန

Pearl (NP News) - ေဖေဖာ္ဝါရီ ၈

ဇရပ္ႀကီးၿမိဳ႕တြင္ျဖစ္ပြားေနေသာ တိုက္ပြဲေၾကာင့္ ေဒသခံ (၁၀၀၀)ေက်ာ္ စစ္ေဘးေရွာင္ေနရၿပီး အရပ္သားထိခိုက္ေသဆုံးမႈမ်ားရွိေနေၾကာင္း ကူညီကယ္ဆယ္ေရးမ်ား ေဆာင္႐ြက္ေပးေနသူတစ္ဦးထံမွ သိရသည္။

ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၇ ရက္)တြင္ ပဲခူးတိုင္း၊ ထန္းတပင္ၿမိဳ႕နယ္၊ ဇရပ္ႀကီးၿမိဳ႕ရွိ တပ္မ ေတာ္လုံၿခဳံေရးစခန္း ႏွင့္ ရဲစခန္းတို႔ကို KNLA ၊ PDF အဖြဲ႕တို႔က အင္အားအမ်ားအျပားျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ခဲ့သည္။

" မေန႔ကတည္းက အပစ္ရပ္သြားေတာ့ မေန႔ကတည္းက ကယ္ဆယ္ေရးေတြ လုပ္ၿပီး ေတာင္ငူကိုပို႔ေနတာ။ ဇရပ္ႀကီးၿမိဳ႕ေပၚက လူေတြပါတယ္၊ ေဘးက နတ္႐ြာတို႔၊ ကင္မြန္းၿခဳံတို႔ ဇရပ္ႀကီးဟိုဘက္က႐ြာက လူေတြပါတယ္။ အခုေတာင္ငူမွာ ေထာင္ေက်ာ္ေလာက္ရွိတယ္။ နဂါး႐ုံဘုန္းႀကီးေက်ာင္းမွာ ထားထားတယ္။ အခုလက္ရွိ ကင္မြန္ၿခဳံဘက္က ဆက္သြယ္ထားတာေတြ ရွိေသးတယ္။ ေခၚဖို႔ က ၂၀၀ ေလာက္ေတာ့ က်န္ဦးမယ္ ဟု ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ေနသူတစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ တိုက္ပြဲအတြင္း အရပ္သားတစ္ဦး ေသဆုံးၿပီး ကေလး(၄)ဦးအပါအဝင္ ေဒသခံ (၁၀) ဦးခန႔္သည္လည္း လက္နက္ႀကီး က်ည္စထိမွန္၍ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည့္အတြက္ ေတာင္ငူျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ တိုက္ပြဲမ်ားေၾကာင့္ အရပ္ သားထိခိုက္ေသဆုံးမႈမ်ား၊ ဒဏ္ရာရရွိမႈမ်ားရွိေနသည့္အျပင္ လူေနအိမ္(၁၀)လုံးထက္မနည္း မီးေလာင္ပ်က္စီးဆုံးရႈံးမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ ေဒသခံစစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အစားအေသာက္မ်ား၊ ေစာင္မ်ား ႏွင့္ေခါင္းအုံးမ်ား လိုအပ္လ်က္ရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.