အွန်လိုင်း MYRO စနစ်တွင် ဆန်သိုလှောင်ရုံ (၃၀၀)နီးပါး မှတ်ပုံတင်ထား

879

NP News - ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO) စနစ်တွင် သိုလှောင်ရုံ (၃၀၀) လုံးနီးပါး မှတ်ပုံတင်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ဈေးဝယ်အရောင်းစင်တာများနှင့် လက်လီလက်ကားဆန်ဆိုင်များတွင် ခင်းကျင်းရောင်းချမှုများအတွက် သိုလှောင်မှုများကို စနစ်တကျရှိစေရန်အတွက် လည်းကောင်း၊ စီးပွားဖြစ် ရောင်းဝယ်ရန်အလို့ငှာ ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သို လှောင်ထားရှိမှုများကို မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO) စနစ်တွင် မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်တွင် အသိပေးကြေညာထားပြီးဖြစ်သည်။
ယင်းသို့လုပ်ဆောင်ရခြင်းသည် ဈေးကွက်အတွင်းဆန်စပါးဈေးနှုန်း နှင့် ပြည်တွင်း၌ ဆန်၊ စပါး လက်ကျန်အခြေအနေကို စဉ်းစားသုံးသပ်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုသည်။ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျသတ်မှတ်ဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်လျက် ဆန်စပါးကဏ္ဍတွင် ပုံမှန်လုပ်ငန်းလုပ်ကိုင်နေသူများအား ဝန်ထုပ်ဝန်ပိုးနှင့် ထိခိုက်မှုမရှိစေရေးအတွက် လည်း ကောင်း၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဈေးဝယ်စင်တာများတွင် ခင်းကျင်းပြသရောင်းချသော ဆန်အိတ်များ သိုလှောင်သည့် သိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေးကို အထူးကြပ်မတ်ဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနမှ ဇန်နဝါရီလ (၃) ရက်တွင် စာဖြင့်ပေးပို့အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
အြန္လိုင္း MYRO စနစ္တြင္ ဆန္သိုေလွာင္႐ုံ (၃၀၀)နီးပါး မွတ္ပုံတင္ထား
NP News - ေဖေဖာ္ဝါရီ ၈
ျမန္မာႏိုင္ငံဆန္စပါးအြန္လိုင္း (Myanmar Rice Online - MyRO) စနစ္တြင္ သိုေလွာင္႐ုံ (၃၀၀) လုံးနီးပါး မွတ္ပုံတင္ထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။
ေဈးဝယ္အေရာင္းစင္တာမ်ားႏွင့္ လက္လီလက္ကားဆန္ဆိုင္မ်ားတြင္ ခင္းက်င္းေရာင္းခ်မႈမ်ားအတြက္ သိုေလွာင္မႈမ်ားကို စနစ္တက်ရွိေစရန္အတြက္ လည္းေကာင္း၊ စီးပြားျဖစ္ ေရာင္းဝယ္ရန္အလို႔ငွာ ဆန္တန္ခ်ိန္ ၅၀ (သို႔မဟုတ္) စပါးတင္း ၅၀၀၀ ႏွင့္အထက္ သို ေလွာင္ထားရွိမႈမ်ားကို ျမန္မာႏိုင္ငံဆန္စပါးအြန္လိုင္း (Myanmar Rice Online - MyRO) စနစ္တြင္ မွတ္ပုံတင္ရန္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ(၄) ရက္တြင္ အသိေပးေၾကညာထားၿပီးျဖစ္သည္။
ယင္းသို႔လုပ္ေဆာင္ရျခင္းသည္ ေဈးကြက္အတြင္းဆန္စပါးေဈးႏႈန္း ႏွင့္ ျပည္တြင္း၌ ဆန္၊ စပါး လက္က်န္အေျခအေနကို စဥ္းစားသုံးသပ္ႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ဆိုသည္။ ျပည္တြင္းဆန္ေဈးႏႈန္း တည္ၿငိမ္ေစေရး၊ ျပည္ပသို႔ ဆန္တင္ပို႔မႈ စနစ္တက်သတ္မွတ္ေဆာင္႐ြက္ႏိုင္ေရးတို႔အား ရည္႐ြယ္လ်က္ ဆန္စပါးက႑တြင္ ပုံမွန္လုပ္ငန္းလုပ္ကိုင္ေနသူမ်ားအား ဝန္ထုပ္ဝန္ပိုးႏွင့္ ထိခိုက္မႈမရွိေစေရးအတြက္ လည္း ေကာင္း၊ ေဈးကစားလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ သမား႐ိုးက်ေရာင္းဝယ္ျခင္းမဟုတ္သည့္ လုပ္ငန္းမ်ားကို ထိန္းေက်ာင္းႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံဆန္စပါးအြန္လိုင္း (Myanmar Rice Online-MyRO) စနစ္တြင္ မွတ္ပုံတင္ခိုင္းျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဈးဝယ္စင္တာမ်ားတြင္ ခင္းက်င္းျပသေရာင္းခ်ေသာ ဆန္အိတ္မ်ား သိုေလွာင္သည့္ သိုေလွာင္႐ုံမ်ားမွတ္ပုံတင္ႏိုင္ေရးကို အထူးၾကပ္မတ္ေဆာင္႐ြက္ေပးရန္ စားသုံးသူေရးရာဦးစီးဌာနမွ ဇန္နဝါရီလ (၃) ရက္တြင္ စာျဖင့္ေပးပို႔အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။