(၂)လတာကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား (၃၅၀ဝဝ)ကျော် အခွန် ထမ်းဆောင်ထား

 520

ယွန်း (NP News) - ဖေဖော်ဝါရီ ၁ဝ

ဘန်ကောက်ရှိ မြန်မာသံရုံး၌ နေ့စဉ်အခွန်ထမ်း ဆောင်သူဦးရေ ပျမ်းမျှ (၁၀ဝဝ)ခန့်ရှိနေကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ဖေဖော်ဝါရီလ(၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအား အခွန် စတင်ကောက်ခံသည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် အထိ (၃၅၉၁၉)ဦး အခွန်ထမ်းဆောင်ခဲ့ပြီး အခွန် ထမ်းဆောင်ရာ၌ အခွန်ပေးသွင်းမှုအထောက် အထား(ငွေရပြေစာ)ကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်၌ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတွင် အဆိုပါငွေရပြေစာကို ပြသ၍ ငွေဖြူ(အခွန်ကင်းလွတ်ခွင့်ငွေ) တွက်ချက်ပြီး မြေကွက်၊ နေအိမ်၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ ဝယ်ယူရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိရေးအတွက် အသုံးပြုနိုင်ကြောင်း သံရုံးက ဆိုထားသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာ ဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ် ပြန်ပြီးနောက်ပိုင်းတွင် အထက်ပါကဲ့သို့ ဝင်ငွေခွန်များ ကောက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနက် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု လုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀ဝ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ၁၅၀ ဘတ် လစဉ်ပေး သွင်းရန် သံရုံးက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် မြန်မာလုပ်သားဦးရေ စုစုပေါင်းသည် ခန့်မှန်းအားဖြင့် (၅)သန်းခန့်ရှိနေပြီး တရားမဝင် သွားရောက်မှုများသည် ပိုမိုများပြားလက်ရှိနေသည်။

zawgyi version
(၂)လတာကာလအတြင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသား (၃၅၀ဝဝ)ေက်ာ္ အခြန္ထမ္းေဆာင္ထား

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁ဝ

ဘန္ေကာက္ရွိ ျမန္မာသံ႐ုံး၌ ေန႔စဥ္အခြန္ထမ္း ေဆာင္သူဦးေရ ပ်မ္းမွ် (၁၀ဝဝ)ခန႔္ရွိေနေၾကာင္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ေဖေဖာ္ဝါရီလ(၉)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ ထားျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံရွိ ျမန္မာလုပ္သားမ်ားအား အခြန္ စတင္ေကာက္ခံသည့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ (၁၃)ရက္မွ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၈)ရက္ အထိ (၃၅၉၁၉)ဦး အခြန္ထမ္းေဆာင္ခဲ့ၿပီး အခြန္ ထမ္းေဆာင္ရာ၌ အခြန္ေပးသြင္းမႈအေထာက္ အထား(ေငြရေျပစာ)ကို ေန႔ခ်င္းၿပီးထုတ္ေပးလ်က္ရွိ ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသို႔ ျပန္ေရာက္ခ်ိန္၌ ၿမိဳ႕နယ္ျပည္တြင္းအခြန္ဦးစီးဌာနတြင္ အဆိုပါေငြရေျပစာကို ျပသ၍ ေငြျဖဴ(အခြန္ကင္းလြတ္ခြင့္ေငြ) တြက္ခ်က္ၿပီး ေျမကြက္၊ ေနအိမ္၊ တိုက္ခန္း၊ ေမာ္ေတာ္ယာဥ္ စသည္တို႔ ဝယ္ယူရာတြင္ ဝင္ေငြခြန္ကင္းလြတ္ခြင့္ ရရွိေရးအတြက္ အသုံးျပဳႏိုင္ေၾကာင္း သံ႐ုံးက ဆိုထားသည္။

စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ ျပည္ပေန ျမန္မာႏိုင္ငံသားမ်ား၏ ျပည္ပတြင္ရရွိသည့္ လစာ ဝင္ေငြအေပၚ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္မွစ၍ ဝင္ေငြခြန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ထုတ္ ျပန္ၿပီးေနာက္ပိုင္းတြင္ အထက္ပါကဲ့သို႔ ဝင္ေငြခြန္မ်ား ေကာက္ခံခဲ့ျခင္းျဖစ္သည္။ အဆိုပါထုတ္ျပန္ခ်က္အရ ထိုင္းႏိုင္ငံ၌ အလုပ္လုပ္ကိုင္ေနေသာ ျမန္မာႏိုင္ငံသားမ်ားအနက္ စက္႐ုံ/ အလုပ္႐ုံ၊ စိုက္ပ်ိဳး/ ေမြးျမဴေရး၊ ေဆာက္လုပ္ေရး၊ ဝန္ေဆာင္မႈ လုပ္ငန္း၊ အေထြေထြလုပ္သားစသည့္ Blue Collar မ်ား၏ လစဥ္ဝင္ေငြကို ၇၅၀ဝ ဘတ္ႏႈန္းသတ္မွတ္ၿပီး ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္းအရ ၁၅၀ ဘတ္ လစဥ္ေပး သြင္းရန္ သံ႐ုံးက ထုတ္ျပန္ခဲ့သည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံ၌ေရာက္ရွိေနသည့္ ျမန္မာလုပ္သားဦးေရ စုစုေပါင္းသည္ ခန႔္မွန္းအားျဖင့္ (၅)သန္းခန႔္ရွိေနၿပီး တရားမဝင္ သြားေရာက္မႈမ်ားသည္ ပိုမိုမ်ားျပားလက္ရွိေနသည္။

Related news

© 2021. All rights reserved.