အမြန်လမ်းတွင် ကား(၅)စီးဆင့်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိရှိလာ

 7797

Photo: MyoHtet

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကား(၅)စီးဆင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိ ရှိလာကြောင်း သာဂရအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)၊ ည ၁၂နာရီ ၆မိနစ်အချိန်တွင် တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုက်အမှတ် ၁၅၈ မိုင်၊ ၅ဖာလုံအနီး၌ မန္တလေးသို့သွားသော သစ်ဆန်း Express ကားက စစ်ဆေးရေးဂိတ်တွင် အရှိန်လွန်ကာ အခြား ယာဉ်(၄)စီးကို ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ခုဖြစ်စဉ်မှာ ဝင်တိုက်တဲ့ သစ်ဆန်းခရီးသည်တင်ကားက ၁၁၅ မိုင်ကထွက်လာကတည်းက လမ်းမှာမှောက်မလို ဖြစ်ခဲ့သေးတယ်လို့ သိရတယ်။ အဲဒီလိုနဲ့ မောင်းလာရင်းနဲ့ ခုဖြစ်စဉ်ဖြစ်တဲ့ နေရာရောက်တော့ စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးခံဖို့ရပ်နေတဲ့ ရှေ့ကကား(၄)စီးကို အရှိန်မထိန်းနိုင်ဖြစ်ပြီး ဝင်တိုက်မိတာပေါ့။ ဖြစ်ချင်တော့ ခိုင်မန္တလေး ခရီးသည်တင်ကားက ဆင့်တိုက်တဲ့အထဲမှာ ရှေ့ဆုံးကားဖြစ်နေတော့ ခရီးသည်တင်ကား(၂)စီးကြားထဲမှာက Toyota RAV 4 ရယ်၊ Super Custom ရယ်နဲ့ Toyota Caldina ကားလေး(၃)စီးက ညှပ်တိုက်ခံမိသလိုဖြစ်ပွားတာပါ” ဟု သာဂရအမြန်လမ်းမီးသတ် စခန်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အိမ်စီးကား(၃)စီးမှ အမျိုး သား(၂)ဦးနှင့် အမျိုးသမီး(၂)သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆)ဦးထိ ရှိခဲ့ကြောင်း သိရသည်။

“သေဆုံးသွားက RAV 4 က (၃)ဦးပေါ့။ အဲဒီထဲမှာက အသက် (၇)နှစ်အရွယ် ကလေးမလေးတစ်ဦးပါတယ်။ နောက်ပြီး Super Custom က အမျိုးသားတစ်ဦးလည်း ပွဲချင်းပြီးဆုံးတယ်။ သူက တော့ ယာဉ်မောင်းပါ။ ထိခိုက်ဒဏ်ရာရရတာကတော့(၆)ဦးရှိပါတယ်။ ခရီးသည်တင်ကားတွေပေါ်က လူတွေကတော့ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ် ရာရရှိသူများကို တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“အကြံပြုချင်တာကတော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် အသုံးပြုမယ့်ယာဉ်ရဲ့ အန္တရာယ်ဖြစ်စေမဲ့ အစိတ်အပိုင်းတွေကို သေချာစစ်ဆေးပြီးမှ မောင်းစေချင်တယ်။ မောင်းချင်တိုင်းမမောင်းပဲနဲ့ ကိုယ့်ယာဉ်ရဲ့ထိန်းနိုင်တဲ့ Speed အနေအထားအတိုင်း ပဲမောင်းစေချင်ပါတယ်။ ခုဖြစ်စဉ် ဖြစ်တဲ့နေရာမှာလည်း အရင်က ယာဉ်တိုက်မှုတွေ ယာဉ်မတော်တစ်ဆမှုတွေက ရှိခဲ့ဖူးတယ်” ဟု အထက်ပါတာဝန်ရှိသူ တစ်ဦးက အကြံပြုပြောထားသည်။

အလားတူ ယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)တွင်လည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၇၀/၄)နှင့်(၇၀/၅)အကြားတွင် SUZUKI ERTIGA ကားတစ်စီး ကားတာယာပွင့်၍ လမ်းလယ်ကျွန်းရှိ သစ်ပင်းအားဝင်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ လူ(၆)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

zawgyi version
အျမန္လမ္းတြင္ ကား(၅)စီးဆင့္တိုက္မႈေၾကာင့္ ေသဆုံးသူ (၄)ဦးထိရွိလာ

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၀

ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကား(၅)စီးဆင့္ ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူ (၄)ဦးထိ ရွိလာေၾကာင္း သာဂရအျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၉ ရက္)၊ ည ၁၂နာရီ ၆မိနစ္အခ်ိန္တြင္ ေတာင္ငူၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုက္အမွတ္ ၁၅၈ မိုင္၊ ၅ဖာလုံအနီး၌ မႏၲေလးသို႔သြားေသာ သစ္ဆန္း Express ကားက စစ္ေဆးေရးဂိတ္တြင္ အရွိန္လြန္ကာ အျခား ယာဥ္(၄)စီးကို ဝင္တိုက္မႈျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ခုျဖစ္စဥ္မွာ ဝင္တိုက္တဲ့ သစ္ဆန္းခရီးသည္တင္ကားက ၁၁၅ မိုင္ကထြက္လာကတည္းက လမ္းမွာေမွာက္မလို ျဖစ္ခဲ့ေသးတယ္လို႔ သိရတယ္။ အဲဒီလိုနဲ႔ ေမာင္းလာရင္းနဲ႔ ခုျဖစ္စဥ္ျဖစ္တဲ့ ေနရာေရာက္ေတာ့ စစ္ေဆးေရးဂိတ္မွာ အစစ္ေဆးခံဖို႔ရပ္ေနတဲ့ ေရွ႕ကကား(၄)စီးကို အရွိန္မထိန္းႏိုင္ျဖစ္ၿပီး ဝင္တိုက္မိတာေပါ့။ ျဖစ္ခ်င္ေတာ့ ခိုင္မႏၲေလး ခရီးသည္တင္ကားက ဆင့္တိုက္တဲ့အထဲမွာ ေရွ႕ဆုံးကားျဖစ္ေနေတာ့ ခရီးသည္တင္ကား(၂)စီးၾကားထဲမွာက Toyota RAV 4 ရယ္၊ Super Custom ရယ္နဲ႔ Toyota Caldina ကားေလး(၃)စီးက ညႇပ္တိုက္ခံမိသလိုျဖစ္ပြားတာပါ” ဟု သာဂရအျမန္လမ္းမီးသတ္ စခန္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အိမ္စီးကား(၃)စီးမွ အမ်ိဳး သား(၂)ဦးႏွင့္ အမ်ိဳးသမီး(၂)ေသဆုံးသြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ (၆)ဦးထိ ရွိခဲ့ေၾကာင္း သိရသည္။

“ေသဆုံးသြားက RAV 4 က (၃)ဦးေပါ့။ အဲဒီထဲမွာက အသက္ (၇)ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးပါတယ္။ ေနာက္ၿပီး Super Custom က အမ်ိဳးသားတစ္ဦးလည္း ပြဲခ်င္းၿပီးဆုံးတယ္။ သူက ေတာ့ ယာဥ္ေမာင္းပါ။ ထိခိုက္ဒဏ္ရာရရတာကေတာ့(၆)ဦးရွိပါတယ္။ ခရီးသည္တင္ကားေတြေပၚက လူေတြကေတာ့ထိခိုက္ဒဏ္ရာရတာမရွိခဲ့ဘူး” ဟု ၎ကဆက္လက္ေျပာသည္။

၎ယာဥ္တိုက္မႈျဖစ္စဥ္အတြင္း ေသဆုံးသူမ်ားႏွင့္ ထိခိုက္ဒဏ္ ရာရရွိသူမ်ားကို ေတာင္ငူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“အႀကံျပဳခ်င္တာကေတာ့ ခရီးတစ္ခုသြားေတာ့မယ္ဆိုရင္ အသုံးျပဳမယ့္ယာဥ္ရဲ႕ အႏၲရာယ္ျဖစ္ေစမဲ့ အစိတ္အပိုင္းေတြကို ေသခ်ာစစ္ေဆးၿပီးမွ ေမာင္းေစခ်င္တယ္။ ေမာင္းခ်င္တိုင္းမေမာင္းပဲနဲ႔ ကိုယ့္ယာဥ္ရဲ႕ထိန္းႏိုင္တဲ့ Speed အေနအထားအတိုင္း ပဲေမာင္းေစခ်င္ပါတယ္။ ခုျဖစ္စဥ္ ျဖစ္တဲ့ေနရာမွာလည္း အရင္က ယာဥ္တိုက္မႈေတြ ယာဥ္မေတာ္တစ္ဆမႈေတြက ရွိခဲ့ဖူးတယ္” ဟု အထက္ပါတာဝန္ရွိသူ တစ္ဦးက အႀကံျပဳေျပာထားသည္။

အလားတူ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၉ ရက္)တြင္လည္း ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္(၇၀/၄)ႏွင့္(၇၀/၅)အၾကားတြင္ SUZUKI ERTIGA ကားတစ္စီး ကားတာယာပြင့္၍ လမ္းလယ္ကြၽန္းရွိ သစ္ပင္းအားဝင္တိုက္မႈေၾကာင့္ ယာဥ္ေပၚပါ လူ(၆)ဦး ထိခိုက္ဒဏ္ရာရခဲ့သည္။

Related news

© 2021. All rights reserved.