သန်လျင်မြို့ရှိ အ.ထ.က တွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ခရိုင်ပညာရေးမှူးက ဦးဆောင်ကာ စစ်ဆေးနေ

 34481

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၄

သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းမြို့ရှိ အခြေခံပညာ အထက် တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းထက်မှ နာမည်ကျော် ကိစ္စနှင့်ပတ်သက်၍ ခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ စစ်ဆေးနေပြီး အရေးယူဆောင်ရွက်နေကြောင်း နစစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများထံ ပြန်လည် ဖြေကြားထားသည်။

အဆိုပါကျောင်းတွင် ပြည်ထောင်စုနေ့ပြခန်းအတွက်ကျောင်း သားများ၏ လက်ရာကို ပြင်ဆင်နေချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ ဓာတ်ပုံရိုက်ယူကာ “နင်တို့ ပွဲကို ငါစိတ်မဝင်စားဘူး” ဟု ပြောခဲ့ကြောင်း အဆိုပါ ကျောင်းမှ ဆရာမတစ်ဦးက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်အကောင့်တွင် Video တင်ကာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ Video တင်ပြီးနောက် ရက်ပိုင်းအတွင်း Video ကိုအကောင့်မှ ပြန်လည် ဖြုတ်ချသွားခဲ့သော်လည်း အွန်လိုင်း အသုံးပြုသူ များအကြား ဝေဖန်မှုများရှိခဲ့ကာ အဆိုပါ ဖြစ်စဉ်သည် လူစိတ်ဝင်စားခြင်းခံခဲ့ရသည့် ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြန်လည်ဖြေကြားရာတွင် အဆိုပါဖြစ်စဉ်အပေါ် သန်လျင်ခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော စိစစ်ဆေးအဖွဲ့ဖြင့် စိစစ်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ဖြစ်စဉ်မှာမှန်ကန်နေခြင်းကြောင့် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ဌာနဆိုင်ရာစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

zawgyi version
သန္လ်င္ၿမိဳ႕ရွိ အ.ထ.က တြင္ ျဖစ္ပြားခဲ့သည့္ ကိစၥႏွင့္ပတ္သက္ ၍ ခ႐ိုင္ပညာေရးမႉးက ဦးေဆာင္ကာ စစ္ေဆးေန
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၄

သန္လ်င္ၿမိဳ႕နယ္၊ ေက်ာက္ေရတြင္းၿမိဳ႕ရွိ အေျခခံပညာ အထက္ တန္းေက်ာင္းတြင္ ျဖစ္ပြားခဲ့သည့္ အြန္လိုင္းထက္မွ နာမည္ေက်ာ္ ကိစၥႏွင့္ပတ္သက္၍ ခ႐ိုင္ပညာေရးမႉးက ဥကၠ႒ အျဖစ္ တာဝန္ယူကာ စစ္ေဆးေနၿပီး အေရးယူေဆာင္႐ြက္ေနေၾကာင္း နစစက သတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားထံ ျပန္လည္ ေျဖၾကားထားသည္။

အဆိုပါေက်ာင္းတြင္ ျပည္ေထာင္စုေန႔ျပခန္းအတြက္ေက်ာင္း သားမ်ား၏ လက္ရာကို ျပင္ဆင္ေနခ်ိန္တြင္ ေက်ာင္းအုပ္ဆရာမႀကီးမွ ဓာတ္ပုံ႐ိုက္ယူကာ “နင္တို႔ ပြဲကို ငါစိတ္မဝင္စားဘူး” ဟု ေျပာခဲ့ေၾကာင္း အဆိုပါ ေက်ာင္းမွ ဆရာမတစ္ဦးက ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္အေကာင့္တြင္ Video တင္ကာ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ Video တင္ၿပီးေနာက္ ရက္ပိုင္းအတြင္း Video ကိုအေကာင့္မွ ျပန္လည္ ျဖဳတ္ခ်သြားခဲ့ေသာ္လည္း အြန္လိုင္း အသုံးျပဳသူ မ်ားအၾကား ေဝဖန္မႈမ်ားရွိခဲ့ကာ အဆိုပါ ျဖစ္စဥ္သည္ လူစိတ္ဝင္စားျခင္းခံခဲ့ရသည့္ ကိစၥတစ္ခု ျဖစ္သြားခဲ့သည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို ျပန္လည္ေျဖၾကားရာတြင္ အဆိုပါျဖစ္စဥ္အေပၚ သန္လ်င္ခ႐ိုင္ပညာေရးမႉးက ဥကၠ႒အျဖစ္ ေဆာင္႐ြက္ေသာ စိစစ္ေဆးအဖြဲ႕ျဖင့္ စိစစ္ခဲ့ရာ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ျဖစ္စဥ္မွာမွန္ကန္ေနျခင္းေၾကာင့္ ေက်ာင္းအုပ္ႀကီးႏွင့္ ဆရာ/ဆရာမမ်ားအား ဌာနဆိုင္ရာစစ္ေဆးၿပီး အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.