နေပြည်တော်ကောင်စီအပါအဝင် တိုင်း နှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဆက်လက်ဖွဲ့စည်း

8134
မြူနစ် (NP News) - ဖေဖော်ဝါရီ ၁၅
နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဆက်လက်ဖွဲ့စည်းလိုက်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နစကသည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ယခုကဲ့သို့ တိုင်းနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို ဆက်တိုက်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိပြီး စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၍ ၎င်းဥပဒေကို အကောင်အထည်ဖော်ရန် ပုဒ်မ ၇ အရ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နစကမှ ဆိုသည်။
နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ယူမည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တာဝန်ယူမည်ဖြစ် ကြောင်း သိရသည်။
အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကိုလည်း ထပ်မံဖွဲ့စည်းလိုက်ပြီး ၎င်းအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၏ ဝန်ကြီးချုပ်များက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေရာမှာထပ်ပြီး ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ဆိုရင် ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒါ့ပြင် မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာအဆင့်တွေ ဖွဲ့စည်းသွားမှာဖြစ်တယ်။ စနစ်တကျ ခေါ်ယူမှာဖြစ်ပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သော လူဦးရေးသည် (၁၄)သန်းခန့်ရှိပြီး သင်တန်းအမှတ်စဉ်(၁)တွင် လူအင်အား(၅၀၀၀)ဖြင့် စစ်ပညာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္း ႏွင့္ ျပည္နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ားကို ဆက္လက္ဖြဲ႕စည္း
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၁၅
ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းႏွင့္ ျပည္နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ားကို ဆက္လက္ဖြဲ႕စည္းလိုက္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
နစကသည္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕ကို ဖြဲ႕စည္းၿပီးေနာက္ ယခုကဲ့သို႔ တိုင္းႏွင့္ ျပည္နယ္ ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးအဖြဲ႕မ်ားကို ဆက္တိုက္ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။
ႏိုင္ငံသားတိုင္းသည္ ဒို႔တာဝန္အေရးသုံးပါးကို ေစာင့္ထိန္းရန္ တာဝန္ရွိၿပီး စစ္ပညာသင္ၾကားရန္ႏွင့္ ႏိုင္ငံေတာ္ကာကြယ္ရန္အတြက္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို ျပ႒ာန္းခဲ့ျခင္းျဖစ္၍ ၎ဥပေဒကို အေကာင္အထည္ေဖာ္ရန္ ပုဒ္မ ၇ အရ ေနျပည္ေတာ္ေကာင္စီ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕ကို ဖြဲ႕စည္းလိုက္ေၾကာင္း နစကမွ ဆိုသည္။
ေနျပည္ေတာ္ေကာင္စီ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕တြင္ ဥကၠ႒အျဖစ္ ေနျပည္ေတာ္ေကာင္စီဥကၠ႒က တာဝန္ယူမည္ျဖစ္ၿပီး ဒုတိယဥကၠ႒အျဖစ္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ ဒုတိယတိုင္းမႉးက တာဝန္ယူမည္ျဖစ္ ေၾကာင္း သိရသည္။
အလားတူ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ ၇ အရ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ားကိုလည္း ထပ္မံဖြဲ႕စည္းလိုက္ၿပီး ၎အဖြဲ႕မ်ားတြင္ ဥကၠ႒အျဖစ္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရ အဖြဲ႕မ်ား၏ ဝန္ႀကီးခ်ဳပ္မ်ားက တာဝန္ယူမည္ျဖစ္ေၾကာင္း သိရသည္။
“ဒီေနရာမွာထပ္ၿပီး ကြၽန္ေတာ့္အေနနဲ႔ ေျပာခ်င္တာကေတာ့ ဒီေန႔ဆိုရင္ ကြၽန္ေတာ္တို႔ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ ျပည္သူ႔ စစ္မႈထမ္းဆင့္ေခၚေရး တိုင္းေဒသႀကီးအဆင့္ အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းမွာျဖစ္ပါတယ္။ ဒါ့ျပင္ ၿမိဳ႕နယ္အဆင့္၊ ရပ္ကြက္/ ေက်း႐ြာအဆင့္ေတြ ဖြဲ႕စည္းသြားမွာျဖစ္တယ္။ စနစ္တက် ေခၚယူမွာျဖစ္ပါတယ္”ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းက ေျပာသည္။
၂၀၁၉ ခုႏွစ္ ၾကားျဖတ္သန္းေခါင္စာရင္းအရ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အက်ဳံးဝင္ေသာ လူဦးေရးသည္ (၁၄)သန္းခန႔္ရွိၿပီး သင္တန္းအမွတ္စဥ္(၁)တြင္ လူအင္အား(၅၀၀၀)ျဖင့္ စစ္ပညာမ်ားကို သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။