သာကေတမြို့နယ်တွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိ

4022

သန့်ဇင်(NP News) - ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်)၊ ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ရတနာလမ်းမကြီး၊ လယ်ယာ(၂)လမ်းထိပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စတိုက်တာက တက္ကစီကအရှိန်လွန်ပြီး Proboxကိုဝင်တိုက်တယ်။ ပြီးတော့ Suzuki ကားကို ထပ်တိုက်တယ်။ ပြီးတော့မှ HIJET ကို တိုက်လိုက်တာမှာ HIJET က လဲသွားပြီး အဲဒီကနေ ဘေးတွဲဆိုင်ကယ်ကို ထပ်တိုက်မိတာပါ” ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် HIJET ကားပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းအမျိုးသား အပါအဝင် အမျိုးသား(၄)ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုဖြစ်တော့ HIJET က မှောက်သွားပြီး အဲဒီကားထဲက ယာဉ်မောင်းရယ် နောက်ကလိုက်လာတဲ့ ကောင်လေး (၃)ယောက် အပါအဝင် စုစုပေါင်း(၄)ယောက် ပွန်းပဲ့ဒဏ်ရာတွေရကုန်တယ်။ အခြားကားတွေကတော့ ပိန်တာလောက်ပဲရှိတယ်။ အကြံပြုချင်တာကတော့ ကိုယ်နိုင်တဲ့အရှိန်လောက်ကိုပဲ နိုင်နိုင်နင်းနင်းမောင်းစေချင် တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
သာေကတၿမိဳ႕နယ္တြင္ ယာဥ္(၅)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၄)ဦး ထိခိုက္ဒဏ္ရာရရွိ
သန႔္ဇင္(NP News) - ေဖေဖာ္ဝါရီ ၁၆
ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္တြင္ ယာဥ္(၅)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၅ ရက္)၊ ညေန ၄ နာရီ ၄ဝ မိနစ္အခ်ိန္တြင္ သာေကတၿမိဳ႕နယ္၊ ရတနာလမ္းမႀကီး၊ လယ္ယာ(၂)လမ္းထိပ္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“စတိုက္တာက တကၠစီကအရွိန္လြန္ၿပီး Proboxကိုဝင္တိုက္တယ္။ ၿပီးေတာ့ Suzuki ကားကို ထပ္တိုက္တယ္။ ၿပီးေတာ့မွ HIJET ကို တိုက္လိုက္တာမွာ HIJET က လဲသြားၿပီး အဲဒီကေန ေဘးတြဲဆိုင္ကယ္ကို ထပ္တိုက္မိတာပါ” ဟု သာေကတၿမိဳ႕နယ္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ HIJET ကားေပၚတြင္ လိုက္ပါလာသည့္ ယာဥ္ေမာင္းအမ်ိဳးသား အပါအဝင္ အမ်ိဳးသား(၄)ဦး ထိခိုက္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ယာဥ္တိုက္မႈျဖစ္ေတာ့ HIJET က ေမွာက္သြားၿပီး အဲဒီကားထဲက ယာဥ္ေမာင္းရယ္ ေနာက္ကလိုက္လာတဲ့ ေကာင္ေလး (၃)ေယာက္ အပါအဝင္ စုစုေပါင္း(၄)ေယာက္ ပြန္းပဲ့ဒဏ္ရာေတြရကုန္တယ္။ အျခားကားေတြကေတာ့ ပိန္တာေလာက္ပဲရွိတယ္။ အႀကံျပဳခ်င္တာကေတာ့ ကိုယ္ႏိုင္တဲ့အရွိန္ေလာက္ကိုပဲ ႏိုင္ႏိုင္နင္းနင္းေမာင္းေစခ်င္ တယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ၎ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို သာေကတၿမိဳ႕နယ္လူမႈကူညီေရးအသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။