တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း (၄၀ဝ)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၃၆)ဦး အထိရှိ

578

စော (NP News) - ဖေဖော်ဝါရီ ၁၇
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှု ပေါင်း (၄၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အကြိမ်ရေ အနည်းငယ် မြင့်တက်လာကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယာဉ်တိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ (၂၃၆)ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူဦးရေမှာ (၅၆၄)ဦး ရှိခဲ့ ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။ ယာဉ်တိုက် မှုများအနက် ရန်ကုန်တိုင်းတွင် (၇၈)ကြိမ်ဖြင့် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး (၄၄)ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း(၁၈)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၅)ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၃၇)ဦးရှိခဲ့ကြောင်း သိရသည်။
"(၁၈)မှုထဲမှာ အများဆုံးဖြစ်တဲ့ပြစ်မှုက ယာဉ်မောင်းရဲ့ မဆင်မခြင်အရှိန်လွန်မောင်းနှင်တာတွေ၊ သတ်မှတ်ထားတဲ့ အရှိန်နှုန်းတွေထက် ကျော် လွန်မောင်းနှင်တာတွေကြောင့် ဖြစ်တာများတယ်။ နောက်ပြီး ဒီ(၁၈)မှုထဲမှာ ဘီးပေါက်ပြီးတော့ ကားက အရှိန်ရပ်သွားတာ၊ ကားလိမ့်သွားတဲ့ ဖြစ်စဉ်က (၅)မှုလောက် ရှိပါတယ်"ဟု နေပြည်တော်ရှိ အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယခင်နှစ် ၂၀၂၃ ခုနှစ်၊ အလားတူကာလ၌ ယာဉ်တိုက်မှုပေါင်း (၄၂၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံး သူပေါင်း (၂၃၀)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၅၆၄)ဦး ရှိခဲ့ကြောင်း သိရသည်။

zawgyi version
တစ္လအတြင္း ယာဥ္တိုက္မႈေပါင္း (၄၀ဝ)ေက်ာ္ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၂၃၆)ဦး အထိရွိ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၇
၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလအတြင္း ယာဥ္တိုက္မႈ ေပါင္း (၄၃၃)ႀကိမ္ျဖစ္ပြားခဲ့ရာ ယခင္ႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက အႀကိမ္ေရ အနည္းငယ္ ျမင့္တက္လာေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယာဥ္တိုက္မႈမ်ားေၾကာင့္ ေသဆုံးသူဦးေရမွာ (၂၃၆)ဦးရွိခဲ့ၿပီး ဒဏ္ရာရရွိသူဦးေရမွာ (၅၆၄)ဦး ရွိခဲ့ ေၾကာင္း အဆိုပါ ဝန္ႀကီးဌာနက ဆိုသည္။ ယာဥ္တိုက္ မႈမ်ားအနက္ ရန္ကုန္တိုင္းတြင္ (၇၈)ႀကိမ္ျဖင့္ ယာဥ္တိုက္မႈ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး (၄၄)ဦး ေသဆုံး ခဲ့ေၾကာင္း သိရသည္။ အလားတူ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတြင္ ယာဥ္တိုက္မႈေပါင္း(၁၈)ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၁၅)ဦးႏွင့္ ထိခိုက္ဒဏ္ရာ ရရွိသူ (၃၇)ဦးရွိခဲ့ေၾကာင္း သိရသည္။
"(၁၈)မႈထဲမွာ အမ်ားဆုံးျဖစ္တဲ့ျပစ္မႈက ယာဥ္ေမာင္းရဲ႕ မဆင္မျခင္အရွိန္လြန္ေမာင္းႏွင္တာေတြ၊ သတ္မွတ္ထားတဲ့ အရွိန္ႏႈန္းေတြထက္ ေက်ာ္ လြန္ေမာင္းႏွင္တာေတြေၾကာင့္ ျဖစ္တာမ်ားတယ္။ ေနာက္ၿပီး ဒီ(၁၈)မႈထဲမွာ ဘီးေပါက္ၿပီးေတာ့ ကားက အရွိန္ရပ္သြားတာ၊ ကားလိမ့္သြားတဲ့ ျဖစ္စဥ္က (၅)မႈေလာက္ ရွိပါတယ္"ဟု ေနျပည္ေတာ္ရွိ အျမန္ လမ္းမႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ယခင္ႏွစ္ ၂၀၂၃ ခုႏွစ္၊ အလားတူကာလ၌ ယာဥ္တိုက္မႈေပါင္း (၄၂၅)ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံး သူေပါင္း (၂၃၀)ဦးရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူေပါင္း (၅၆၄)ဦး ရွိခဲ့ေၾကာင္း သိရသည္။