ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ထုတ်လုပ်မည်

1061
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၂
ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ် နှင့် စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော် ဝါရီလ(၂၁)ရက်တွင် ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံစက္ကူနှင့် ပျော့ဖတ်အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံစဥ်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များ ပြုလုပ်ပြီး အဆင့်မြင့်စက္ကူများ ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်ရန် ထပ်မံလမ်း ညွှန်ထားကြောင်း သိရသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများတည် ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောသည်။
ထို့ပြင် ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့် စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ဝန် ကြီးဌာနအနေဖြင့် အကြီးစားစက်မှုလုပ်ငန်းများကိုသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်း၌ ယခင်က စက္ကူထုတ်လုပ်မှုကို စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံ နှင့် သာပေါင်းစက္ကူစက်ရုံတို့တွင် ဆောင်ရွက်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ဖွင့်လှစ်ခဲ့သည်။ သို့သော် နောက် ပိုင်းကာလတွင် စစ်တောင်းစက္ကူစက်ရုံအား သက်တမ်းကြာမြင့်ပြီဖြစ်ခြင်းကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

zawgyi version
ေကာက္႐ိုးမွတစ္ဆင့္ ေပ်ာ့ဖတ္ႏွင့္ စကၠဴမ်ားထုတ္လုပ္သည့္ စက္ပစၥည္းကိရိယာမ်ားကို ျပည္တြင္း၌ထုတ္လုပ္မည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၂
ေကာက္႐ိုးမွတစ္ဆင့္ ေပ်ာ့ဖတ္ ႏွင့္ စကၠဴမ်ားထုတ္လုပ္သည့္ စက္ပစၥည္းကိရိယာမ်ားကို ျပည္တြင္း၌ ထုတ္လုပ္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေဖေဖာ္ ဝါရီလ(၂၁)ရက္တြင္ ႐ုံးအမွတ္(၃၀)အစည္းအေဝးခန္းမ၌ ျမန္မာႏိုင္ငံစကၠဴႏွင့္ ေပ်ာ့ဖတ္အသင္းဥကၠ႒ႏွင့္ ေတြ႕ဆုံစဥ္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္တြင္းစားသုံးမႈဖူလုံေရးအတြက္ စပါးမ်ားကို တိုးခ်ဲ႕စိုက္ပ်ိဳးလ်က္ရွိၿပီး ေဘးထြက္ပစၥည္းျဖစ္သည့္ ေကာက္႐ိုးမ်ားျဖင့္ ေပ်ာ့ဖတ္မ်ား ျပဳလုပ္ၿပီး အဆင့္ျမင့္စကၠဴမ်ား ထုတ္လုပ္ႏိုင္ေရးကို စီမံေဆာင္႐ြက္ရန္ ထပ္မံလမ္း ၫႊန္ထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအနည္းငယ္ျဖင့္ အေသးစားစက္႐ုံမ်ားတည္ ေဆာက္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိၿပီး ေဒသတြင္းရွိ ျပည္သူမ်ားအား အလုပ္အကိုင္ရရွိေအာင္ ဖန္တီးေပးႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေျပာသည္။
ထို႔ျပင္ ေကာက္႐ိုးမွတစ္ဆင့္ ေပ်ာ့ဖတ္ႏွင့္ စကၠဴမ်ားထုတ္လုပ္သည့္ စက္ပစၥည္းကိရိယာမ်ားကိုလည္း ျပည္တြင္း၌ ထုတ္လုပ္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။ ဝန္ ႀကီးဌာနအေနျဖင့္ အႀကီးစားစက္မႈလုပ္ငန္းမ်ားကိုသာ ဆက္လက္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အေသးစားစက္မႈလုပ္ငန္းမ်ားကို ပုဂၢလိကစက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လႊဲေျပာင္းေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္း၌ ယခင္က စကၠဴထုတ္လုပ္မႈကို စစ္ေတာင္းစကၠဴစက္႐ုံ၊ ေရနီစကၠဴစက္႐ုံ ႏွင့္ သာေပါင္းစကၠဴစက္႐ုံတို႔တြင္ ေဆာင္႐ြက္ခဲ့ၿပီး အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားထားသည့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း)ကို ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လအတြင္း ဖြင့္လွစ္ခဲ့သည္။ သို႔ေသာ္ ေနာက္ ပိုင္းကာလတြင္ စစ္ေတာင္းစကၠဴစက္႐ုံအား သက္တမ္းၾကာျမင့္ၿပီျဖစ္ျခင္းေၾကာင့္ ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။