ရန်ကုန်ကားဈေးကွက်အတွင်း စက်သုံးဆီသုံးကားများ အရောင်းများပြီး ဈေးကွက်အေးနေ

 1261

NP News - ဖေဖော်ဝါရီ ၂၃

ရန်ကုန်ကားဈေးကွက်မှာ စက်သုံးလောင်စာဆီသုံးကား(ICE) တွေကို ပြန်လည်ရောင်းချလိုသူများနေတာကြောင့် ဝယ်လိုအားနည်းပြီး ဈေးကွက်အေးနေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေထံမှ သိရသည်။
စက်သုံးဆီဈေးမြင့်တက်မှု အပါအဝင် အခြားအကြောင်းများကြောင့် ကားရောင်းချသူများလာသည့်အပြင် နိုင်ငံရပ်ခြားခရီးကို ထွက်ခွာရန် ၎င်းတို့၏ ပိုင်ဆိုင်မှုဖြစ်သော ကားများ ရောင်းချမှု ရှိလာသည်။

လက်ရှိ ရက်ပိုင်းအတွင်း ဘယ်မောင်း ကျပ်သိန်း ၁ဝဝဝ တန် ကားများသည် ၁ဝ ရာခိုင်နှုန်းခန့် ဈေးတက်သွားပြီး ကျပ်သိန်း ၁ဝဝဝ နဲ့ ၂ဝဝဝ ကြား ကားများသည် ၇ ရာခိုင်နှုန်း ဈေးတက်သွားခဲ့ကြောင်းသိရသည်။
ယခုနှစ်ဆန်းပိုင်းတွင် စက်သုံးဆီသုံး ICE ကားများ ဈေးတက်လာပြီး အရောင်းအဝယ်ပြန်ဖြစ်ခဲ့သော်လည်း လက်တလောတွင် အတက်ဈေးဖြင့် အရောင်းအဝယ်နည်းသွားကြောင်း သိရသည်။
“ကားဈေးက တက်သွားပြီး အရောင်းအဝယ်ရပ်သွားတာ။ အဝယ်တဲ့သူနည်းပြီး ရောင်းတဲ့သူများလို့ ဈေးကွက်မှာ စောင့်ကြည့်နေဆဲအဆင့်ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းမော်တော်ကား ဝယ်ရောင်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ဆိုသည်။
ဖေဖော်ဝါရီလအတွင်း ကားဈေးကွက်၌ ကုမ္ပဏီ ၈၃ ခုအထိ EV ကားတင်သွင်းခွင့်ပြုလိုက်တာကြောင့် EV ကား ဝယ်ရောင်းဈေးကွက်သည်လည်း ပြန်လည်ငြိမ်သက်သွားကြောင်းသိရသည်။
စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာအပြီးတွင် အိမ်ခြံမြေနှင့်ကားအရောင်းအဝယ်အေးသွားပြိး အမေရိကန်ဒေါ်လာဈေး တစ်ခုတည်းသာ ဈေးမြင့်တက်နေကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ကားေဈးကြက္အတြင္း စက္သုံးဆီသုံးကားမ်ား အေရာင္းမ်ားၿပီး ေဈးကြက္ေအးေန
NP News - ေဖေဖာ္ဝါရီ ၂၃

ရန္ကုန္ကားေဈးကြက္မွာ စက္သုံးေလာင္စာဆီသုံးကား(ICE) ေတြကို ျပန္လည္ေရာင္းခ်လိုသူမ်ားေနတာေၾကာင့္ ဝယ္လိုအားနည္းၿပီး ေဈးကြက္ေအးေနေၾကာင္း ကားဝယ္ေရာင္းလုပ္ကိုင္သူေတြထံမွ သိရသည္။
စက္သုံးဆီေဈးျမင့္တက္မႈ အပါအဝင္ အျခားအေၾကာင္းမ်ားေၾကာင့္ ကားေရာင္းခ်သူမ်ားလာသည့္အျပင္ ႏိုင္ငံရပ္ျခားခရီးကို ထြက္ခြာရန္ ၎တို႔၏ ပိုင္ဆိုင္မႈျဖစ္ေသာ ကားမ်ား ေရာင္းခ်မႈ ရွိလာသည္။

လက္ရွိ ရက္ပိုင္းအတြင္း ဘယ္ေမာင္း က်ပ္သိန္း ၁ဝဝဝ တန္ ကားမ်ားသည္ ၁ဝ ရာခိုင္ႏႈန္းခန႔္ ေဈးတက္သြားၿပီး က်ပ္သိန္း ၁ဝဝဝ နဲ႔ ၂ဝဝဝ ၾကား ကားမ်ားသည္ ၇ ရာခိုင္ႏႈန္း ေဈးတက္သြားခဲ့ေၾကာင္းသိရသည္။

ယခုႏွစ္ဆန္းပိုင္းတြင္ စက္သုံးဆီသုံး ICE ကားမ်ား ေဈးတက္လာၿပီး အေရာင္းအဝယ္ျပန္ျဖစ္ခဲ့ေသာ္လည္း လက္တေလာတြင္ အတက္ေဈးျဖင့္ အေရာင္းအဝယ္နည္းသြားေၾကာင္း သိရသည္။
“ကားေဈးက တက္သြားၿပီး အေရာင္းအဝယ္ရပ္သြားတာ။ အဝယ္တဲ့သူနည္းၿပီး ေရာင္းတဲ့သူမ်ားလို႔ ေဈးကြက္မွာ ေစာင့္ၾကည့္ေနဆဲအဆင့္ျဖစ္ေနတယ္” ဟု ရန္ကုန္တိုင္းေမာ္ေတာ္ကား ဝယ္ေရာင္းလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူက ဆိုသည္။

ေဖေဖာ္ဝါရီလအတြင္း ကားေဈးကြက္၌ ကုမၸဏီ ၈၃ ခုအထိ EV ကားတင္သြင္းခြင့္ျပဳလိုက္တာေၾကာင့္ EV ကား ဝယ္ေရာင္းေဈးကြက္သည္လည္း ျပန္လည္ၿငိမ္သက္သြားေၾကာင္းသိရသည္။
စစ္မႈထမ္းဥပေဒ ထြက္ေပၚလာအၿပီးတြင္ အိမ္ၿခံေျမႏွင့္ကားအေရာင္းအဝယ္ေအးသြားၿပိး အေမရိကန္ေဒၚလာေဈး တစ္ခုတည္းသာ ေဈးျမင့္တက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.