ရွှေစက်တော်ဘုရားပွဲသို့ ဘုရားဖူးလာသည့် အမျိုးသမီးတစ်ဦး ရေနစ် သေဆုံးမှုဖြစ်ပွား

 1533

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားပွဲသို့ ဘုရားဖူးလာသည့် ဆယ်ကျော်သက်အရွယ်ကလေးငယ်(၂)ဦးအား ရေနစ်စဉ် ကယ်ဆယ်ရာမှ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း မြတ်စေတနာ နာရေးကူညီမှုအသင်း စကုမြို့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်)၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ စကုမြို့၊ ရွှေစက်တော်ဘုရားပွဲရှိရာ မန်းချောင်း အတွင်း ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသူအမျိုးသမီးရဲ့ယောက်ျားကပြောပြတာမှာတော့ သူအမျိုးသမီးက ဆယ်ကျော်သက်အရွယ် သူ့တူမလေး(၂)ယောက်နဲ့ ရေချိုးနေရင်းနဲ့ ကလေး(၂)ယောက် ကချောင်းအောက်က ချောက်ထဲကိုကျသွားလို့ လိုက်ကယ်ဆယ်တာမှာ ကောင်မလေးက ရေနစ်သေတယ်လို့ ပြောတယ်” ဟု မြတ်စေတနာနာရေးကူညီမှုအသင်းစကုမြို့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါရေနစ်သေဆုံးခဲ့သူမှာ အသက်(၂၄)နှစ်အရွယ် မပန်းနုဆိုသူဖြစ်ပြီး ရမည်းသင်းမြို့တွင် နေထိုင်ကြောင်း သိရသည်။

“ရွှေစက်တော်ဘုရားပွဲရာသီဆိုရင် မန်းချောင်းမှာရေနစ်သေတာတွေက အရင်ကလည်းဖြစ်ဖူးတယ်။ အရင်က မန်းချောင်းက ခြေကျင်းဝတ်လောက်ပဲရေစီးတာ။ ဘုရားဖူးတွေလာတော့ ရေချိုးလို့ရအောင်ဆိုပြီး အောက်ပိုင်းကို ကန့်လိုက်တော့ ရေကနည်းနည်း နက်လာတာပေါ့။ အဲဒါကြောင့် ဂေါပကနဲ့ တာဝန်ရှိသူတွေက ချောင်းနားမှာ ဘယ်နားကတော့ရေနက်တယ်ဆိုပြီး စာတွေရေးထားတာ ရှိတယ်။ အဲတော့ သတ်မှတ်ထားတဲ့ ကန့်သက်ထားတဲ့နေရာတွေမှာရေမချိုးဖို့နဲ့။ မိဘတွေကလေည်း ကလေးတွေကို လည်းဂရုစိုက်စေချင်တယ်” ဟု ၎င်းက အကြံပြုပြောထားသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား မင်းဘူး-စကုမြို့နယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် ရမည်းသင်းမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေ႐ႊစက္ေတာ္ဘုရားပြဲသို႔ ဘုရားဖူးလာသည့္ အမ်ိဳးသမီးတစ္ဦး ေရနစ္ ေသဆုံးမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၃

မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္၊ ေ႐ႊစက္ေတာ္ဘုရားပြဲသို႔ ဘုရားဖူးလာသည့္ ဆယ္ေက်ာ္သက္အ႐ြယ္ကေလးငယ္(၂)ဦးအား ေရနစ္စဥ္ ကယ္ဆယ္ရာမွ အမ်ိဳးသမီးတစ္ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း ျမတ္ေစတနာ နာေရးကူညီမႈအသင္း စကုၿမိဳ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီ ၂၂ ရက္)၊ မြန္းလြဲ ၁၂ နာရီအခ်ိန္ခန႔္တြင္ မင္းဘူးၿမိဳ႕နယ္၊ စကုၿမိဳ႕၊ ေ႐ႊစက္ေတာ္ဘုရားပြဲရွိရာ မန္းေခ်ာင္း အတြင္း ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေသဆုံးသူအမ်ိဳးသမီးရဲ႕ေယာက္်ားကေျပာျပတာမွာေတာ့ သူအမ်ိဳးသမီးက ဆယ္ေက်ာ္သက္အ႐ြယ္ သူ႔တူမေလး(၂)ေယာက္နဲ႔ ေရခ်ိဳးေနရင္းနဲ႔ ကေလး(၂)ေယာက္ ကေခ်ာင္းေအာက္က ေခ်ာက္ထဲကိုက်သြားလို႔ လိုက္ကယ္ဆယ္တာမွာ ေကာင္မေလးက ေရနစ္ေသတယ္လို႔ ေျပာတယ္” ဟု ျမတ္ေစတနာနာေရးကူညီမႈအသင္းစကုၿမိဳ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါေရနစ္ေသဆုံးခဲ့သူမွာ အသက္(၂၄)ႏွစ္အ႐ြယ္ မပန္းႏုဆိုသူျဖစ္ၿပီး ရမည္းသင္းၿမိဳ႕တြင္ ေနထိုင္ေၾကာင္း သိရသည္။

“ေ႐ႊစက္ေတာ္ဘုရားပြဲရာသီဆိုရင္ မန္းေခ်ာင္းမွာေရနစ္ေသတာေတြက အရင္ကလည္းျဖစ္ဖူးတယ္။ အရင္က မန္းေခ်ာင္းက ေျခက်င္းဝတ္ေလာက္ပဲေရစီးတာ။ ဘုရားဖူးေတြလာေတာ့ ေရခ်ိဳးလို႔ရေအာင္ဆိုၿပီး ေအာက္ပိုင္းကို ကန႔္လိုက္ေတာ့ ေရကနည္းနည္း နက္လာတာေပါ့။ အဲဒါေၾကာင့္ ေဂါပကနဲ႔ တာဝန္ရွိသူေတြက ေခ်ာင္းနားမွာ ဘယ္နားကေတာ့ေရနက္တယ္ဆိုၿပီး စာေတြေရးထားတာ ရွိတယ္။ အဲေတာ့ သတ္မွတ္ထားတဲ့ ကန႔္သက္ထားတဲ့ေနရာေတြမွာေရမခ်ိဳးဖို႔နဲ႔။ မိဘေတြကေလည္း ကေလးေတြကို လည္းဂ႐ုစိုက္ေစခ်င္တယ္” ဟု ၎က အႀကံျပဳေျပာထားသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းအား မင္းဘူး-စကုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွတစ္ဆင့္ ရမည္းသင္းၿမိဳ႕သို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.