နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကို တက်ရောက်ခွင့်ပေး

 2121

Pearl (NP News) - ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ အရပ်ဘက်နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများကို တက်ရောက်ခွင့်ပေးထားကြောင်း သိရသည်။

အဆိုပါနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် ၁၉၅၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော တက္ကသိုလ်တစ်ခုဖြစ်ပြီး တပ်မတော်မှ အရာရှိကြီးများက တက်ရောက်ခွင့်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။

"ကလောမှာ စစ်ဦးစီးတက္ကသိုလ်ရှိတယ်။ နေပြည်တော်မှာက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC)။ တပ်ရင်းမှူးအဆင့်နဲ့ ကလောမှာတက်။ သွားတက်ပြီးတော့ တချို့ Position ကောင်းတဲ့လူတွေ G1 ထွက်တာ ရှိတယ်။ G1 ဆိုတာ စစ်ဦးစီး ပထမတန်း။ ဦးစီးအရာရှိ ပထမတန်း။ တိုင်းတို့၊ တပ်မတို့မှာ ထိုင်တာရှိတယ်။ G1 ကနေကြာသွားလို့ အဲဒီမှာ ယာယီဗျူဟာမှူးဆိုပြီးတော့ ထွက်တယ်ဆိုရင် ဗျူဟာတွေ ကိုင်ရတော့တာ၊ ရှေ့တန်း ဗျူဟာတွေ။ ရှေ့တန်းဗျူဟာ တွေကိုင်ပြီးပြီဆိုမှ ဗိုလ်မှူးကြီးဖြစ်။ ဗိုလ်မှူးကြီးဖြစ်တော့မှ NDC တက်။ အချို့ မတတ်ခိုင်းတာလည်းရှိတယ်။ NDC တတက်ရတဲ့အထဲ ရဲပါတယ်။ မီးသတ်ပါတယ်။ အခုက ထပ်ပါမှာက ထွေအုပ်တို့ ဘာတို့ပါမယ်နဲ့တူတယ်" ဟု တပ်မတော်အရာရှိတစ်ဦးက NP News ကို ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်ရန် သင်တန်းသားရွေးချယ်ရာ၌ ယခင်က တပ်မတော် အရာရှိကြီးများကိုသာ ရွေးချယ်ခဲ့သော်လည်းလက်ရှိတွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများကိုလည်း တက်ရောက်ခွင့်ပေးထားကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းလည်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းအကြီးအကဲများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင်ဖြင့် စဉ်းစားဆောင်ရွက်တတ်ရန်လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။

လက်ရှိ နစကအစိုးရသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေသည် အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ထားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အပါအဝင် တခြားသောအဖွဲ့များ ဖွဲ့စည်းကာ ပြည်သူများ စစ်မှုထမ်းရန် ဆောင်ရွက်နေလျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်း အရန်တပ်ဖွဲ့ဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်ထားပြီး အငြိမ်းစားတပ်မတော်သားများ တာဝန်ပြန်လည်ထမ်းဆောင်ရန်အတွက် လိုအပ်သောလုပ်ငန်းများကို နစကအစိုးရက စီစဉ်ဆောင်ရွက်နေလျက်ရှိသည်။

Zawgyi Version;
ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၌ အရပ္ဘက္ႏိုင္ငံ့ဝန္ထမ္း အရာရွိႀကီးမ်ားကို တက္ေရာက္ခြင့္ေပး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၌ အရပ္ဘက္ႏိုင္ငံ့ဝန္ထမ္းအရာရွိႀကီးမ်ားကို တက္ေရာက္ခြင့္ေပးထားေၾကာင္း သိရသည္။

အဆိုပါႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္သည္ ၁၉၅၅ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ေသာ တကၠသိုလ္တစ္ခုျဖစ္ၿပီး တပ္မေတာ္မွ အရာရွိႀကီးမ်ားက တက္ေရာက္ခြင့္ရွိေသာ တကၠသိုလ္တစ္ခုျဖစ္ေၾကာင္း သိရသည္။

"ကေလာမွာ စစ္ဦးစီးတကၠသိုလ္ရွိတယ္။ ေနျပည္ေတာ္မွာက ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ (NDC)။ တပ္ရင္းမႉးအဆင့္နဲ႔ ကေလာမွာတက္။ သြားတက္ၿပီးေတာ့ တခ်ိဳ႕ Position ေကာင္းတဲ့လူေတြ G1 ထြက္တာ ရွိတယ္။ G1 ဆိုတာ စစ္ဦးစီး ပထမတန္း။ ဦးစီးအရာရွိ ပထမတန္း။ တိုင္းတို႔၊ တပ္မတို႔မွာ ထိုင္တာရွိတယ္။ G1 ကေနၾကာသြားလို႔ အဲဒီမွာ ယာယီဗ်ဴဟာမႉးဆိုၿပီးေတာ့ ထြက္တယ္ဆိုရင္ ဗ်ဴဟာေတြ ကိုင္ရေတာ့တာ၊ ေရွ႕တန္း ဗ်ဴဟာေတြ။ ေရွ႕တန္းဗ်ဴဟာ ေတြကိုင္ၿပီးၿပီဆိုမွ ဗိုလ္မႉးႀကီးျဖစ္။ ဗိုလ္မႉးႀကီးျဖစ္ေတာ့မွ NDC တက္။ အခ်ိဳ႕ မတတ္ခိုင္းတာလည္းရွိတယ္။ NDC တတက္ရတဲ့အထဲ ရဲပါတယ္။ မီးသတ္ပါတယ္။ အခုက ထပ္ပါမွာက ေထြအုပ္တို႔ ဘာတို႔ပါမယ္နဲ႔တူတယ္" ဟု တပ္မေတာ္အရာရွိတစ္ဦးက NP News ကို ေျပာသည္။

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္တက္ေရာက္ရန္ သင္တန္းသားေ႐ြးခ်ယ္ရာ၌ ယခင္က တပ္မေတာ္ အရာရွိႀကီးမ်ားကိုသာ ေ႐ြးခ်ယ္ခဲ့ေသာ္လည္းလက္ရွိတြင္ အရပ္ဘက္ႏိုင္ငံ့ဝန္ထမ္းအရာရွိႀကီးမ်ားကိုလည္း တက္ေရာက္ခြင့္ေပးထားေၾကာင္း နစကဥကၠ႒က ေျပာသည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယခုရက္ပိုင္းအတြင္း ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းလည္းျဖစ္သည္။
ႏိုင္ငံ့ဝန္ထမ္းအႀကီးအကဲမ်ားအေနျဖင့္ တာဝန္ထမ္းေဆာင္ရာတြင္ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး ႏွင့္ ကာကြယ္ေရး စသည့္ အျမင္ ၄ ျမင္ျဖင့္ စဥ္းစားေဆာင္႐ြက္တတ္ရန္လိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။

လက္ရွိ နစကအစိုးရသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၀ ရက္မွစ၍ ျပည္သူ႔စစ္မႈထမ္းဥပေဒသည္ အာဏာတည္ေၾကာင္း အမိန႔္ထုတ္ျပန္ထားၿပီး ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕အပါအဝင္ တျခားေသာအဖြဲ႕မ်ား ဖြဲ႕စည္းကာ ျပည္သူမ်ား စစ္မႈထမ္းရန္ ေဆာင္႐ြက္ေနလ်က္ရွိသည္။

အလားတူ ေဖေဖာ္ဝါရီလ ၁၃ ရက္တြင္လည္း အရန္တပ္ဖြဲ႕ဥပေဒကို အာဏာတည္ေၾကာင္း ထုတ္ျပန္ထားၿပီး အၿငိမ္းစားတပ္မေတာ္သားမ်ား တာဝန္ျပန္လည္ထမ္းေဆာင္ရန္အတြက္ လိုအပ္ေသာလုပ္ငန္းမ်ားကို နစကအစိုးရက စီစဥ္ေဆာင္႐ြက္ေနလ်က္ရွိသည္။

Picture

umyintoo 2013.CU

28/02/2024 19:18

တက်နဲ့တတ်ကိုမှန်ရန်လို

Related news

© 2021. All rights reserved.