ရန်ကုန်- ပြည်လမ်း အပါအဝင် နိုင်ငံ၏ အဓိကလမ်းမကြီးများပေါ်တွင် EV Charging Station များ တည်ဆောက်ရန် စီစဥ်နေ

3227

ယွန်း (NP News) - မတ် ၃
ရန်ကုန်- ပြည်လမ်း အပါအဝင် နိုင်ငံ၏ အဓိကလမ်းမကြီးများပေါ်တွင် EV Charging Station များ တည်ဆောက် ရန် လျာထားစီစဥ်နေကြောင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက ပြောသည်။
အဆိုပါကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက မတ်လ(၂)ရက်တွင် မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တွတ်ပီကွေ့ (၆၂ လမ်း x ၁၂၀ လမ်း)ရှိ ဓာတ်အားဖြည့်သွင်းရုံဖွင့်ပွဲ၌ အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ်သုံးယာဥ်များ အားသွင်းနိုင်ရေး မြို့ပြလမ်းကွန်ရက်စနစ် များနှင့်ချိတ်ဆက်ပြီး EV Charging Station များ အဆင်ပြေကောင်းမွန်စေရန် စီစဥ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက ဆိုထားသည်။
ထိုသို့ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးပြေးဆွဲအသုံးပြုနိုင်ရေးအတွက် အဓိကလမ်းမကြီးများဖြစ်ကြသည့် ရန်ကုန်- မန္တလေးပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်- ပြည်လမ်း၊ ရန်ကုန်- ပုသိမ်လမ်း၊ ဘုရားကြီး- သထုံ- မော်လမြိုင်လမ်း၊ မိတ္ထီလာ- ကျောက်ပန်းတောင်း- ညောင်ဦးလမ်း၊ မိတ္ထီလာ- တောင်ကြီးလမ်း၊ မန္တလေး- ပြင်ဦးလွင်- လားရှိုးလမ်း စသည့် အဓိကလမ်းမကြီးများပေါ်တွင်လည်း EV Charging Station များတည်ဆောက်ရန် လျာထားစီစဥ်နေ ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် အဆိုပါ EV Charging Station သည် တစ်နိုင်ငံလုံးအနေဖြင့် (၁၆) ကြိမ်မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီ ရန်ကုန်၊ နေပြည်တာ်၊ မန္တလေးမြို့ကြီးများရှိ EV Charging Station များတွင် ကားလေး ၁ဝ စီး တစ်ပြိုင်နက်အားသွင်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးများရှိ EV Charging Station များတွင် ကားလေး(၁၀)စီးနှင့် ဘတ်စ်ကား(၄)စီး တစ်ပြိုင်တည်း အားသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း EV လူစီးမော်တော်ယာဉ် နှင့် ကုန်တင်(ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီးမှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန၏ မှတ်ပုံတင် ထားသည့် ယာဉ်အမျိုးအစား စာရင်းများအရ သိရသည်။

Zawgyi Version;
ရန္ကုန္- ျပည္လမ္း အပါအဝင္ ႏိုင္ငံ၏ အဓိကလမ္းမႀကီးမ်ားေပၚတြင္ EV Charging Station မ်ား တည္ေဆာက္ ရန္ စီစဥ္ေန
ယြန္း (NP News) - မတ္ ၃
ရန္ကုန္- ျပည္လမ္း အပါအဝင္ ႏိုင္ငံ၏ အဓိကလမ္းမႀကီးမ်ားေပၚတြင္ EV Charging Station မ်ား တည္ေဆာက္ ရန္ လ်ာထားစီစဥ္ေနေၾကာင္း လွ်ပ္စစ္သုံးယာဥ္မ်ား ေျပးဆြဲအသုံးျပဳေရးႏွင့္ အေျခခံအေဆာက္အအုံမ်ား အေကာင္ အထည္ေဖာ္ေရးလုပ္ငန္းေကာ္မတီဥကၠ႒က ေျပာသည္။
အဆိုပါေကာ္မတီဥကၠ႒၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေဖက မတ္လ(၂)ရက္တြင္ မႏၲေလး တိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တြတ္ပီေကြ႕ (၆၂ လမ္း x ၁၂၀ လမ္း)ရွိ ဓာတ္အားျဖည့္သြင္း႐ုံဖြင့္ပြဲ၌ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးၿမိဳ႕ႀကီးမ်ားတြင္ လွ်ပ္စစ္သုံးယာဥ္မ်ား အားသြင္းႏိုင္ေရး ၿမိဳ႕ျပလမ္းကြန္ရက္စနစ္ မ်ားႏွင့္ခ်ိတ္ဆက္ၿပီး EV Charging Station မ်ား အဆင္ေျပေကာင္းမြန္ေစရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ဒုဝန္ႀကီးက ဆိုထားသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ တစ္ႏိုင္ငံလုံးေျပးဆြဲအသုံးျပဳႏိုင္ေရးအတြက္ အဓိကလမ္းမႀကီးမ်ားျဖစ္ၾကသည့္ ရန္ကုန္- မႏၲေလးျပည္ေထာင္စုလမ္းမႀကီး၊ ရန္ကုန္- ျပည္လမ္း၊ ရန္ကုန္- ပုသိမ္လမ္း၊ ဘုရားႀကီး- သထုံ- ေမာ္လၿမိဳင္လမ္း၊ မိတၳီလာ- ေက်ာက္ပန္းေတာင္း- ေညာင္ဦးလမ္း၊ မိတၳီလာ- ေတာင္ႀကီးလမ္း၊ မႏၲေလး- ျပင္ဦးလြင္- လားရႈိးလမ္း စသည့္ အဓိကလမ္းမႀကီးမ်ားေပၚတြင္လည္း EV Charging Station မ်ားတည္ေဆာက္ရန္ လ်ာထားစီစဥ္ေန ေၾကာင္း သိရသည္။
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ဖြင့္လွစ္ခဲ့သည့္ အဆိုပါ EV Charging Station သည္ တစ္ႏိုင္ငံလုံးအေနျဖင့္ (၁၆) ႀကိမ္ေျမာက္ ဖြင့္လွစ္ေပးျခင္းျဖစ္ၿပီ ရန္ကုန္၊ ေနျပည္တာ္၊ မႏၲေလးၿမိဳ႕ႀကီးမ်ားရွိ EV Charging Station မ်ားတြင္ ကားေလး ၁ဝ စီး တစ္ၿပိဳင္နက္အားသြင္းႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီးမ်ားရွိ EV Charging Station မ်ားတြင္ ကားေလး(၁၀)စီးႏွင့္ ဘတ္စ္ကား(၄)စီး တစ္ၿပိဳင္တည္း အားသြင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တစ္ႏွစ္အတြင္း EV လူစီးေမာ္ေတာ္ယာဥ္ ႏွင့္ ကုန္တင္(ဝန္ေပါ့) ယာဥ္ အစီးေရ (၁၈၈၈) စီးမွတ္ပုံတင္ခြင့္ျပဳထားေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ၫႊန္ၾကားမႈဦးစီးဌာန၏ မွတ္ပုံတင္ ထားသည့္ ယာဥ္အမ်ိဳးအစား စာရင္းမ်ားအရ သိရသည္။