ဝတ်စလစ် အကမယ်ဖျော်ဖြေမှုကြောင့် နေပြည်တော်ရှိ အရက်ဘားတစ်ခု တစ်လဆိုင်ပိတ်သိမ်း

 64082

NP News - မတ် ၃

လူမှုကွန်ယက်တွင်ပျံနှံနေသော အကမယ်၏ ဖျော်ဖြေမှုအပေါ် သက်ဆိုင်ရာအရက်ဘားပိုင်ရှင်က ပြန်လည် တောင်းပန်သည့်အနေဖြင့် ဆိုင်တစ်လပိတ်သိမ်းကြောင်း အသိပေးကြော်ငြာထားသည်။
ယင်းကြော်ငြာမှုအရ ဆိုင်အား အမှန်တကယ်ပိတ်သိမ်းခြင်း မရှိနိုင်ကြောင်း နေပြည်တော်မြို့နေ ဝန်ထမ်းများက သုံးသပ်ပြောဆိုကြသည်။

နေပြည်တော်ရှိ အရက်ဘားတစ်ခုတွင် မတ်လ ၁ ရက်က ဒိုးနပ်(Donut) နှင့် နန်းစိန်(NanSein) DJ ပွဲအား ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် Sexy Dancer ဖြစ်သူ Ada Wong မှ မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီစွာ အပေါ်ပိုင်း (ရင်သားများအား တိတ်ဖြင့်ကပ်ကာ) ဗလာကျင်းဖြင့် Sexy Dance ပုံစံ ကပြဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
“ဆိုင်ပိတ်တာလဲ ခဏပဲဖြစ်မှာပါ။ နေပြည်တော်က ဘားတွေအရက်ဆိုင်တွေက လူကြီးတွေ ပိုင်တာ။ နောက်တော့ ပြန်ဖွင့်မှာဘဲ။ အခုအချိန် နေပြည်တော်မှာ သာမာန်ဝန်ထမ်းတွေ ကုမ္ပဏီတွေတောင် ဘားတွေ မသွားနိုင်တော့ဘူး။ လူကြီးသားသမီးတွေတော့ သွားနေကြတယ်ထင်တာဘဲ” ဟု နေပြည်တော်မြို့ခံအစိုးရဝန်ထမ်းတစ်ဦးက NP News သို့ ပြောသည်။

လက်ရှိ နေပြည်တော်သည် လုံခြုံရေးတင်းကြပ်ပြီး ညပိုင်းတွင် လူသွားလူလာနည်းပါးနေရာ အဆိုပါ အရက်ဘားသို့ လာရောက်သူအများစုမှာ ငွေကြေးတတ်နိုင်သူများ နှင့် အထက်တန်းလွှာများသာဖြစ်နိုင်ကြောင်း သိရသည်။
“မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် မည်သည့် ကပြဖျော်ဖြေမှုမျိုးကိုမဆိုပြုလုပ်သွားမည် မဟုတ်ပါကြောင်း နှင့် တာဝန်ယူ/တာဝန်ခံမှုအနေဖြင့် ဆိုင်အပေါ်ထပ် DJ ခန်းအား ယနေ့ မတ်လ ၃ ရက်မှစတင်ကာ ၁ လ တိတိ ခေတ္တ ပိတ်သိမ်း ရပ်နားသွားမည်ဖြစ်ကြောင်း အသိပေးကြေညာတောင်းပန်အပ်ပါသည်” ဟု နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် ဧရာဝတီလမ်းရှိ အဆိုပါအရက်ဘား၏ တရားဝင် လူမှုကွန်ယက်မှတဆင့် ဖော်ပြခဲ့သည်။

ဝတ်စလစ်ဖြင့် ကပြဖျော်ဖြေသော အကမယ်နှင့် အရက်ဘားဆိုင်အား သက်ဆိုင်ရာက မည်သို့ အ‌ရေးယူမည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဝတ္စလစ္ အကမယ္ေဖ်ာ္ေျဖမႈေၾကာင့္ ေနျပည္ေတာ္ရွိ အရက္ဘားတစ္ခု တစ္လဆိုင္ပိတ္သိမ္း
NP News - မတ္ ၃

လူမႈကြန္ယက္တြင္ပ်ံႏွံေနေသာ အကမယ္၏ ေဖ်ာ္ေျဖမႈအေပၚ သက္ဆိုင္ရာအရက္ဘားပိုင္ရွင္က ျပန္လည္ ေတာင္းပန္သည့္အေနျဖင့္ ဆိုင္တစ္လပိတ္သိမ္းေၾကာင္း အသိေပးေၾကာ္ျငာထားသည္။
ယင္းေၾကာ္ျငာမႈအရ ဆိုင္အား အမွန္တကယ္ပိတ္သိမ္းျခင္း မရွိႏိုင္ေၾကာင္း ေနျပည္ေတာ္ၿမိဳ႕ေန ဝန္ထမ္းမ်ားက သုံးသပ္ေျပာဆိုၾကသည္။

ေနျပည္ေတာ္ရွိ အရက္ဘားတစ္ခုတြင္ မတ္လ ၁ ရက္က ဒိုးနပ္(Donut) ႏွင့္ နန္းစိန္(NanSein) DJ ပြဲအား က်င္းပ ျပဳလုပ္ခဲ့ၿပီး အဆိုပါပြဲတြင္ Sexy Dancer ျဖစ္သူ Ada Wong မွ ျမန္မာ့ယဥ္ေက်းမႈႏွင့္မေလ်ာ္ညီစြာ အေပၚပိုင္း (ရင္သားမ်ားအား တိတ္ျဖင့္ကပ္ကာ) ဗလာက်င္းျဖင့္ Sexy Dance ပုံစံ ကျပေဖ်ာ္ေျဖခဲ့ျခင္းျဖစ္သည္။
“ဆိုင္ပိတ္တာလဲ ခဏပဲျဖစ္မွာပါ။ ေနျပည္ေတာ္က ဘားေတြအရက္ဆိုင္ေတြက လူႀကီးေတြ ပိုင္တာ။ ေနာက္ေတာ့ ျပန္ဖြင့္မွာဘဲ။ အခုအခ်ိန္ ေနျပည္ေတာ္မွာ သာမာန္ဝန္ထမ္းေတြ ကုမၸဏီေတြေတာင္ ဘားေတြ မသြားႏိုင္ေတာ့ဘူး။ လူႀကီးသားသမီးေတြေတာ့ သြားေနၾကတယ္ထင္တာဘဲ” ဟု ေနျပည္ေတာ္ၿမိဳ႕ခံအစိုးရဝန္ထမ္းတစ္ဦးက NP News သို႔ ေျပာသည္။

လက္ရွိ ေနျပည္ေတာ္သည္ လုံၿခဳံေရးတင္းၾကပ္ၿပီး ညပိုင္းတြင္ လူသြားလူလာနည္းပါးေနရာ အဆိုပါ အရက္ဘားသို႔ လာေရာက္သူအမ်ားစုမွာ ေငြေၾကးတတ္ႏိုင္သူမ်ား ႏွင့္ အထက္တန္းလႊာမ်ားသာျဖစ္ႏိုင္ေၾကာင္း သိရသည္။
“ျမန္မာ့ယဥ္ေက်းမႈႏွင့္မေလ်ာ္ညီသည့္ မည္သည့္ ကျပေဖ်ာ္ေျဖမႈမ်ိဳးကိုမဆိုျပဳလုပ္သြားမည္ မဟုတ္ပါေၾကာင္း ႏွင့္ တာဝန္ယူ/တာဝန္ခံမႈအေနျဖင့္ ဆိုင္အေပၚထပ္ DJ ခန္းအား ယေန႔ မတ္လ ၃ ရက္မွစတင္ကာ ၁ လ တိတိ ေခတၱ ပိတ္သိမ္း ရပ္နားသြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာေတာင္းပန္အပ္ပါသည္” ဟု ေနျပည္ေတာ္ ဇဗၺဴသီရိ ၿမိဳ႕နယ္ ဧရာဝတီလမ္းရွိ အဆိုပါအရက္ဘား၏ တရားဝင္ လူမႈကြန္ယက္မွတဆင့္ ေဖာ္ျပခဲ့သည္။

ဝတ္စလစ္ျဖင့္ ကျပေဖ်ာ္ေျဖေသာ အကမယ္ႏွင့္ အရက္ဘားဆိုင္အား သက္ဆိုင္ရာက မည္သို႔ အ‌ေရးယူမည္ကို ဆက္လက္စုံစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.