ပျံနေသည့် ကြွက်များဟု တင်စားကြသော ခိုများသည် ရောဂါပိုးသယ်ဆောင်နိုင်သည့် ငှက်မျိုးစိတ်ဖြစ်ခြင်း ကြောင့် ရှင်းလင်းသင့်ဟု သုတေသီတစ်ဦး အကြုံပြု

1061

စော (NP News) - မတ် ၄
ပျံနေသည့်ကြွက်များဟု တင်စားကြသော ခိုများသည် ရောဂါပိုးသယ်နိုင်သည့် ငှက်မျိုးစိတ်ဖြစ်ခြင်းကြောင့် ရှင်းလင်းသင့်ကြောင်း သုတေသီတစ်ဦး၏ NP News သို့ အကြုံပြုပြောကြားချက်အရ သိရသည်။
“သူ့တို့ကို ပျံနေတဲ့ကြွက်တွေလို့ခေါ်တယ်။ ငှက်ထဲမှာ သူတို့က ရောဂါပိုးအသယ်ဆုံးလို့ပြောလို့ရ တယ်။ ပြီးရင် လူတွေနားမှာ အရမ်းကိုတပူးတတွဲနေတဲ့အတွက်ကြောင့် လူတွေဆီ အဲဒီရောဂါပိုးတွေက အရမ်းကို ရောက်တယ်။ ပြီးရင် အနံ့အသက်တွေ သူတို့ဆီက မကောင်းတဲ့ ဗက်တီးရီးယားတွေ အကုန်လုံးက လူတွေနဲ့ လက်ပွန်းတတီး ဖြစ်လာတယ်။ အဆိုးဆုံးက ခိုစာကျွေးတာပေါ့။ ခိုစားကျွေးတဲ့အတွက်ကြောင့် ခိုတွေက အကောင်ရေများလာ တယ်။ အုပ်လိုက်အုပ်လိုက်ရောက်လာတယ်။ ခိုတွေကို အဓိကတော့ မျိုးဖြုတ်သင့်တယ်။ အရမ်းကြီးပွားတာ အဆင်မပြေဘူး” ဟု အထက်ပါသုတေသီက ရှင်းလင်းပြောကြားသည်။
ခိုများမှတစ်ဆင့် အဓိကရောဂါကူးစက်ရသည့် အကြောင်းအရင်းများမှာ ခိုချေးများဖြစ်ပြီး ဗိုင်းရပ်စ် သို့မဟုတ် ဗက်တီးရီးယားများရှိနေကာ ခိုချေးများ ခြောက်သွေ့သွားသည့်အခါ ခိုနှင့်အတူလွင့်ပါပြီး ရောဂါပိုးကူးစက် စေခြင်း ဖြစ်ကြောင်း သိရသည်။ ခိုမှတဆင့် ကူးစက်တတ်သောရောဂါများထဲတွင် ခရစ်ပ်တိုကွတ်ခယ် ဦးနှောက် အမြှေးရောင်ရောဂါ (Cryptococcal Meningitis) ၊ အူလမ်းကြောင်းမှာ ဖြစ်တဲ့ရောဂါပိုးနှစ်မျိုး (Salmonella and Listeria) နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli) စသည်တို့ ပါဝင်ကာ ခိုများကို အစာကျွေးခြင်းသည် ၎င်းတို့ကို ပိုမိုပေါက်ပွားစေသည့်အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေပြီး ခိုစာများသည်လည်း အမှိုက်ဖြစ်သွားပါက ကြွက်များကို အစာလာစားရန် ဆွဲဆောင်မှုဖြစ်စေကြောင်းလည်း သိရသည်။
“(ခိုတွေဟာ) အသားစားငှက်အကြီးတွေရဲ့ အစားခံအဖြစ်ရှိနေတယ်။ အစာကွင်းဆက်မှာ ပါနေတာ တော့မရှိဘူး။ ငှက်ကြီးတွေက ခိုကိုမစားရလည်း တခြားငှက်ကိုစားလို့ရတယ်။ အစာကွင်းဆက်မှာ မရှိမဖြစ်မဟုတ်ဘူး။ သူတို့ မရှိလည်း ရတယ်” ဟု ၎င်းက ပြောသည်။
ခိုများသည် လူယဉ်ပါးမှုလွယ်ခြင်း၊ လိုက်လျောညီထွေနေထိုင်မှုမြင့်မားခြင်း နှင့် ၎င်းတို့ကို စားသုံးနိုင်သည့် သားရဲငှက်အရေအတွက်နည်းပါခြင်းတို့ကြောင့် ခိုမျိုးစိတ်သည် အဆမတန် ပေါက်ပွားလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ပ်ံေနသည့္ ႂကြက္မ်ားဟု တင္စားၾကေသာ ခိုမ်ားသည္ ေရာဂါပိုးသယ္ေဆာင္ႏိုင္သည့္ ငွက္မ်ိဳးစိတ္ျဖစ္ျခင္း ေၾကာင့္ ရွင္းလင္းသင့္ဟု သုေတသီတစ္ဦး အႀကဳံျပဳ
ေစာ (NP News) - မတ္ ၄
ပ်ံေနသည့္ႂကြက္မ်ားဟု တင္စားၾကေသာ ခိုမ်ားသည္ ေရာဂါပိုးသယ္ႏိုင္သည့္ ငွက္မ်ိဳးစိတ္ျဖစ္ျခင္းေၾကာင့္ ရွင္းလင္းသင့္ေၾကာင္း သုေတသီတစ္ဦး၏ NP News သို႔ အႀကဳံျပဳေျပာၾကားခ်က္အရ သိရသည္။
“သူ႔တို႔ကို ပ်ံေနတဲ့ႂကြက္ေတြလို႔ေခၚတယ္။ ငွက္ထဲမွာ သူတို႔က ေရာဂါပိုးအသယ္ဆုံးလို႔ေျပာလို႔ရ တယ္။ ၿပီးရင္ လူေတြနားမွာ အရမ္းကိုတပူးတတြဲေနတဲ့အတြက္ေၾကာင့္ လူေတြဆီ အဲဒီေရာဂါပိုးေတြက အရမ္းကို ေရာက္တယ္။ ၿပီးရင္ အနံ႔အသက္ေတြ သူတို႔ဆီက မေကာင္းတဲ့ ဗက္တီးရီးယားေတြ အကုန္လုံးက လူေတြနဲ႔ လက္ပြန္းတတီး ျဖစ္လာတယ္။ အဆိုးဆုံးက ခိုစာေကြၽးတာေပါ့။ ခိုစားေကြၽးတဲ့အတြက္ေၾကာင့္ ခိုေတြက အေကာင္ေရမ်ားလာ တယ္။ အုပ္လိုက္အုပ္လိုက္ေရာက္လာတယ္။ ခိုေတြကို အဓိကေတာ့ မ်ိဳးျဖဳတ္သင့္တယ္။ အရမ္းႀကီးပြားတာ အဆင္မေျပဘူး” ဟု အထက္ပါသုေတသီက ရွင္းလင္းေျပာၾကားသည္။
ခိုမ်ားမွတစ္ဆင့္ အဓိကေရာဂါကူးစက္ရသည့္ အေၾကာင္းအရင္းမ်ားမွာ ခိုေခ်းမ်ားျဖစ္ၿပီး ဗိုင္းရပ္စ္ သို႔မဟုတ္ ဗက္တီးရီးယားမ်ားရွိေနကာ ခိုေခ်းမ်ား ေျခာက္ေသြ႕သြားသည့္အခါ ခိုႏွင့္အတူလြင့္ပါၿပီး ေရာဂါပိုးကူးစက္ ေစျခင္း ျဖစ္ေၾကာင္း သိရသည္။ ခိုမွတဆင့္ ကူးစက္တတ္ေသာေရာဂါမ်ားထဲတြင္ ခရစ္ပ္တိုကြတ္ခယ္ ဦးေႏွာက္ အေျမႇးေရာင္ေရာဂါ (Cryptococcal Meningitis) ၊ အူလမ္းေၾကာင္းမွာ ျဖစ္တဲ့ေရာဂါပိုးႏွစ္မ်ိဳး (Salmonella and Listeria) ႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါပိုး (E. Coli) စသည္တို႔ ပါဝင္ကာ ခိုမ်ားကို အစာေကြၽးျခင္းသည္ ၎တို႔ကို ပိုမိုေပါက္ပြားေစသည့္အျပင္ ပတ္ဝန္းက်င္ညစ္ညမ္းမႈကိုျဖစ္ေစၿပီး ခိုစာမ်ားသည္လည္း အမႈိက္ျဖစ္သြားပါက ႂကြက္မ်ားကို အစာလာစားရန္ ဆြဲေဆာင္မႈျဖစ္ေစေၾကာင္းလည္း သိရသည္။
“(ခိုေတြဟာ) အသားစားငွက္အႀကီးေတြရဲ႕ အစားခံအျဖစ္ရွိေနတယ္။ အစာကြင္းဆက္မွာ ပါေနတာ ေတာ့မရွိဘူး။ ငွက္ႀကီးေတြက ခိုကိုမစားရလည္း တျခားငွက္ကိုစားလို႔ရတယ္။ အစာကြင္းဆက္မွာ မရွိမျဖစ္မဟုတ္ဘူး။ သူတို႔ မရွိလည္း ရတယ္” ဟု ၎က ေျပာသည္။
ခိုမ်ားသည္ လူယဥ္ပါးမႈလြယ္ျခင္း၊ လိုက္ေလ်ာညီေထြေနထိုင္မႈျမင့္မားျခင္း ႏွင့္ ၎တို႔ကို စားသုံးႏိုင္သည့္ သားရဲငွက္အေရအတြက္နည္းပါျခင္းတို႔ေၾကာင့္ ခိုမ်ိဳးစိတ္သည္ အဆမတန္ ေပါက္ပြားလ်က္ရွိေၾကာင္း သိရသည္။