စက္ကူစက်ရုံဝင်းအတွင်း၌ ပုံထားသည့် ကတ်ထူစက္ကူပုံအဟောင်းမှ မီးလောင်မှုဖြစ်စဉ် ရွှေပြည်သာတွင် ဖြစ်ပွား

 1926

သန့်ဇင် (NP News) - မတ် ၅

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ စက္ကူစက်ရုံဝင်းအတွင်း၌ ပုံထားသည့် ကတ်ထူစက္ကူပုံအဟောင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(မတ်လ ၅ ရက်)၊ မွန်လွဲ ၁၂ နာရီ ၂၉ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်အတွင်းရှိ စက္ကူစက်ရုံဝင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာက ကတ်ထူတွေပုံထားတဲ့ အပုံကမီးထလောင်တာ။ ကတ်ထူပုံကြီးတော့ မီးလောင်တာများတာပါ။ အဲဒီကတ်ထူပုံအတွင်းထဲ ကနေ စလောင်တာ”ဟု မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး မီးငြှိမ်းသတ်နေစဉ် ခြေထောက်အဆစ် လွဲဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ခုရာသီက ခြောက်သွေ့ရာသီဆိုတော့ မီးက ဂရုစိုက်ရတယ်။ ဆေးလိပ်သောက်ပြီးရင်တောင် မီးသေချာငြှိမ်းရ တယ်။ ပြီးတော့ အိမ်မှာဆိုရင်လည်း အပြင်တွေ ထွက်တော့မယ်ဆို Main ချပြီးမှ ထွက်စေချင်တယ်။ အပူလွန်ကဲပြီး လောင်တာတွေလည်း ဖြစ်တော့ ဂရုစိုက်စေချင်ပါတယ်” ဟု ၎င်းက အကြံပြုထားသည်။

ထို့ကြောင့် ၎င်းမီးလောင်မှုဖြစ်စဉ်ကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး တို့ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
စက္ကူစက်ရုံဝင်းအတွင်း၌ ပုံထားသည့် ကတ်ထူစက္ကူပုံအဟောင်းမှ မီးလောင်မှုဖြစ်စဉ် ရွှေပြည်သာတွင် ဖြစ်ပွား

သန႔္ဇင္ (NP News) - မတ္ ၅

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ စကၠဴစက္႐ုံဝင္းအတြင္း၌ ပုံထားသည့္ ကတ္ထူစကၠဴပုံအေဟာင္း မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေမတၱာအလင္းလူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(မတ္လ ၅ ရက္)၊ မြန္လြဲ ၁၂ နာရီ ၂၉ မိနစ္အခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဝါးတရာ စက္မႈဇုန္အတြင္းရွိ စကၠဴစက္႐ုံဝင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“မီးေလာင္တာက ကတ္ထူေတြပုံထားတဲ့ အပုံကမီးထေလာင္တာ။ ကတ္ထူပုံႀကီးေတာ့ မီးေလာင္တာမ်ားတာပါ။ အဲဒီကတ္ထူပုံအတြင္းထဲ ကေန စေလာင္တာ”ဟု ေမတၱာအလင္းလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး မီးျငႇိမ္းသတ္ေနစဥ္ ေျခေထာက္အဆစ္ လြဲဒဏ္ရာရရွိခဲ့ ေၾကာင္း သိရသည္။

“ခုရာသီက ေျခာက္ေသြ႕ရာသီဆိုေတာ့ မီးက ဂ႐ုစိုက္ရတယ္။ ေဆးလိပ္ေသာက္ၿပီးရင္ေတာင္ မီးေသခ်ာျငႇိမ္းရ တယ္။ ၿပီးေတာ့ အိမ္မွာဆိုရင္လည္း အျပင္ေတြ ထြက္ေတာ့မယ္ဆို Main ခ်ၿပီးမွ ထြက္ေစခ်င္တယ္။ အပူလြန္ကဲၿပီး ေလာင္တာေတြလည္း ျဖစ္ေတာ့ ဂ႐ုစိုက္ေစခ်င္ပါတယ္” ဟု ၎က အႀကံျပဳထားသည္။

ထို႔ေၾကာင့္ ၎မီးေလာင္မႈျဖစ္စဥ္ကို ေ႐ႊျပည္သာၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၈)စီး၊ အင္းစိန္ၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္(၁)စီးႏွင့္ လႈိင္သာယာၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ေရသယ္ယာဥ္(၁)စီး တို႔ျဖင့္ ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.