ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂုဏ်ပုဒ်ကို ဘီလျံနာအီလွန်မတ် ဆုံးရှုံး

 3115

Pika (NP News) - မတ် ၇

ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုသည့် ၎င်း၏ ဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ရပြီး Amazon ကုမ္ပဏီတည်ထောင်သူ ဂျက်ဘီဇော့က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း ဘလွန်းဘတ်သတင်းဌာန၏ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်(၅ဝဝ)ဦး စာရင်း ဘီလျံနာများ ညွှန်းကိန်းတွင် ရေးသားဖော်ပြထားသည်။

မတ်လ(၅)ရက်တွင် ဂျက်ဘီဇော့၏ အသားတင်ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ(၂၀၀)ဘီလျံရှိပြီး အီလွန်မတ်၏ အသားတင်ပိုင်ဆိုင်မှုမှာ (၁၉၈)ဘီလျံ ရှိကြောင်း သိရသည်။ အီလွန်မတ်သည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန် ဒေါ်လာ(၃၁)ဘီလျံကျော် ဆုံးရှုံးခဲ့ရပြီး၊ ဂျက်ဘီဇော့၏ အသားတင်ပိုင်ဆိုင်မှုမှာ (၂၃)ဘီလျံကျော် တိုးလာခဲ့ကြောင်း အဆိုပါညွှန်းကိန်းအရ သိရသည်။

အီလွန်မတ်၏ လုပ်ရပ်များသည် Tesla ကုမ္ပဏီ၏ ရှယ်ယာများကို ကျဆင်းစေခြင်းဖြစ်ကြောင်း MarketWatch ကုမ္ပဏီက ပြောကြားခဲ့သည်။ EV ကား ထုတ်လုပ်သည့် Tesla ကုမ္ပဏီသည် အမေရိကန် နှင့် တရုတ်နိုင်ငံတို့တွင် ဈေးနှုန်းလျှော့ချမှုများ နှင့် လျှော့ဈေးတို့ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မတ်လ(၄)ရက်တွင် Tesla ကုမ္ပဏီ၏ ရှယ်ယာများမှာ (၇)ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ်အစမှ စတင်ပြီး လက်ရှိအချိန်အထိ Tesla ကုမ္ပဏီ၏ ရှယ်ယာများမှာ (၂၄)ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့ကြောင်းလည်း သိရသည်။ Amazon ကုမ္ပဏီတည်ထောင်သူ ဂျက်ဘီဇော့သည် ၂ဝ၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘလွန်းဘတ်သတင်းဌာန၏ ဘီလျံနာများညွှန်းကိန်းတွင် ထိပ်ဆုံးမှာ ရပ်တည်နေခြင်းဖြစ် သည်။

ဂျက်ဘီဇော့သည် Amazon ကုမ္ပဏီ၏ (၉)ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်သည့်အပြင် အာကာသရှာဖွေရေးကုမ္ပဏီ Blue Origin နှင့် အခြားစီးပွားရေးလုပ်ငန်းများကို ရာနှုန်းပြည့်ပိုင်ဆိုင်ကြောင်းလည်း သိရသည်။ ကမ္ဘာပေါ်တွင် တတိယ မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်မှာ LVMH ကုမ္ပဏီ စီအီးအို ဘားနတ်အာနိုးလ်ဖြစ်ကြောင်း ဘလွန်းဘတ် သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ဂျက်ဘီဇော့၊ အီလွန်မတ် နှင့် ဘားနတ်အာနိုးလ်တို့သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို နှစ်ပေါင်းများစွာကြာ အောင် တစ်လှည့်စီရယူနေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ၎င်းတို့သုံးဦးသည် အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၀၀)ဘီလျံကျော်ရှိဖူးသည့် လူပုဂ္ဂိလ်များဖြစ်ကြောင်း ဘလွန်းဘတ်သတင်းဌာန၏ အဆိုအရ သိရသည်။

Zawgyi Version;
ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ ဂုဏ္ပုဒ္ကို ဘီလ်ံနာအီလြန္မတ္ ဆုံးရႈံး
Pika (NP News) - မတ္ ၇

ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္သည္ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ဆိုသည့္ ၎၏ ဂုဏ္ပုဒ္ကို ဆုံးရႈံးခဲ့ရၿပီး Amazon ကုမၸဏီတည္ေထာင္သူ ဂ်က္ဘီေဇာ့က ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္လာခဲ့ေၾကာင္း ဘလြန္းဘတ္သတင္းဌာန၏ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္(၅ဝဝ)ဦး စာရင္း ဘီလ်ံနာမ်ား ၫႊန္းကိန္းတြင္ ေရးသားေဖာ္ျပထားသည္။

မတ္လ(၅)ရက္တြင္ ဂ်က္ဘီေဇာ့၏ အသားတင္ပိုင္ဆိုင္မႈမွာ အေမရိကန္ေဒၚလာ(၂၀၀)ဘီလ်ံရွိၿပီး အီလြန္မတ္၏ အသားတင္ပိုင္ဆိုင္မႈမွာ (၁၉၈)ဘီလ်ံ ရွိေၾကာင္း သိရသည္။ အီလြန္မတ္သည္ ၿပီးခဲ့သည့္ႏွစ္တြင္ အေမရိကန္ ေဒၚလာ(၃၁)ဘီလ်ံေက်ာ္ ဆုံးရႈံးခဲ့ရၿပီး၊ ဂ်က္ဘီေဇာ့၏ အသားတင္ပိုင္ဆိုင္မႈမွာ (၂၃)ဘီလ်ံေက်ာ္ တိုးလာခဲ့ေၾကာင္း အဆိုပါၫႊန္းကိန္းအရ သိရသည္။

အီလြန္မတ္၏ လုပ္ရပ္မ်ားသည္ Tesla ကုမၸဏီ၏ ရွယ္ယာမ်ားကို က်ဆင္းေစျခင္းျဖစ္ေၾကာင္း MarketWatch ကုမၸဏီက ေျပာၾကားခဲ့သည္။ EV ကား ထုတ္လုပ္သည့္ Tesla ကုမၸဏီသည္ အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔တြင္ ေဈးႏႈန္းေလွ်ာ့ခ်မႈမ်ား ႏွင့္ ေလွ်ာ့ေဈးတို႔ကို ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ မတ္လ(၄)ရက္တြင္ Tesla ကုမၸဏီ၏ ရွယ္ယာမ်ားမွာ (၇)ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။

၂ဝ၂၄ ခုႏွစ္အစမွ စတင္ၿပီး လက္ရွိအခ်ိန္အထိ Tesla ကုမၸဏီ၏ ရွယ္ယာမ်ားမွာ (၂၄)ရာခိုင္ႏႈန္းခန႔္ က်ဆင္း သြားခဲ့ေၾကာင္းလည္း သိရသည္။ Amazon ကုမၸဏီတည္ေထာင္သူ ဂ်က္ဘီေဇာ့သည္ ၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဘလြန္းဘတ္သတင္းဌာန၏ ဘီလ်ံနာမ်ားၫႊန္းကိန္းတြင္ ထိပ္ဆုံးမွာ ရပ္တည္ေနျခင္းျဖစ္ သည္။

ဂ်က္ဘီေဇာ့သည္ Amazon ကုမၸဏီ၏ (၉)ရာခိုင္ႏႈန္းခန႔္ကို ပိုင္ဆိုင္သည့္အျပင္ အာကာသရွာေဖြေရးကုမၸဏီ Blue Origin ႏွင့္ အျခားစီးပြားေရးလုပ္ငန္းမ်ားကို ရာႏႈန္းျပည့္ပိုင္ဆိုင္ေၾကာင္းလည္း သိရသည္။ ကမာၻေပၚတြင္ တတိယ ေျမာက္အခ်မ္းသာဆုံးပုဂၢိဳလ္မွာ LVMH ကုမၸဏီ စီအီးအို ဘားနတ္အာႏိုးလ္ျဖစ္ေၾကာင္း ဘလြန္းဘတ္ သတင္းဌာန၏ ေဖာ္ျပခ်က္အရသိရသည္။

ဂ်က္ဘီေဇာ့၊ အီလြန္မတ္ ႏွင့္ ဘားနတ္အာႏိုးလ္တို႔သည္ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ေနရာကို ႏွစ္ေပါင္းမ်ားစြာၾကာ ေအာင္ တစ္လွည့္စီရယူေနခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ၎တို႔သုံးဦးသည္ အသားတင္ပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ(၂၀၀)ဘီလ်ံေက်ာ္ရွိဖူးသည့္ လူပုဂၢိလ္မ်ားျဖစ္ေၾကာင္း ဘလြန္းဘတ္သတင္းဌာန၏ အဆိုအရ သိရသည္။

Related news

© 2021. All rights reserved.