လတ်ဗီးယားအစိုးရက ရုရှားနိုင်ငံသားများကို နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းစတင်လုပ်ဆောင်

 1462

Pika (NP News) - မတ် ၁၁

လတ်ဗီးယားနိုင်ငံသည် ရုရှားနိုင်ငံသားများကို ၎င်း၏နိုင်ငံတွင်းမှနှင်ထုတ်ခြင်းအား တရားဝင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

လတ်ဗီးယားနိုင်ငံအတွင်း နေထိုင်ခွင့်လျှောက်ထားရန် ပျက်ကွက်သော သို့မဟုတ် နိုင်ငံသုံးဘာသာစကား စာမေးပွဲဖြေဆိုရန် ပျက်ကွက်သော ရုရှားနိုင်ငံသားများကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း လတ်ဗီးယားနိုင်ငံသားနှင့် ရွှေ့ပြောင်းနေထိုင်မှုရေးရာရုံး (PMLP) အကြီးအကဲ Maira Roze က ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိအချိန်အထိ ရုရှားနိုင်ငံသားခြောက်ဦးကို လတ်ဗီးယားနိုင်ငံတွင်းမှ ထွက်ခွါရန် အမိန့်ထုတ်ပြန်ထားပြီးပြီဖြစ်ပြီး ၎င်းတို့အနက်မှနှစ်ဦးမှာ နိုင်ငံတွင်းမှထွက်ခွါသွားပြီဖြစ်ကြောင်း Maira Roze ကပြောကြားခဲ့သည်။ ရုရှားနိုင်ငံ သား စုစုပေါင်း(၁၀၁၇)ဦးသည် လက်ဗီးယားလူဝင်မှုကြီးကြပ်ရေးဥပဒေအား လိုက်နာခြင်းမရှိကြောင်းနှင့် ရက်ပေါင်း(၃၀)အတွင်း နိုင်ငံတွင်းမှထွက်ခွါရန် အမိန့်ပေးခံရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ အဆိုပါအမိန့်အား လိုက်နာရန် ငြင်းဆိုသူများကို အင်အားသုံးကာ နှင်ထုတ်သွားမည်ဖြစ်ကြောင်း Maira Rozeကပြောကြားခဲ့သည်။ထို့အပြင် အချက်အလက်များကို လတ်ဗီးယားနယ်ခြားစောင့်တပ်ဖွဲ့ထံ ပေးပို့ပြီးပြီဖြစ်ကြောင်းလည်းသိရသည်။ရုရှားနိုင်ငံသား စုစုပေါင်း(၁၀၁၇)ဦးအနက် (၂၁၃)ဦးသည် ယခင်က အခြားဥရောပနိုင်ငံတစ်နိုင်ငံမှတစ်ဆင့် လတ်ဗီးယားနိုင်ငံမှ ထွက်ခွါသွားပြီဖြစ်ကြောင်း PMLP ၏ဒေတာအချက်အလက်များအရသိရသည်။

ရုရှားနိုင်ငံသားများအနေဖြင့် ဒေသတွင်းသုံးဘာသာစကားကျွမ်းကျင်ကြောင်း အထောက် အထားလက်မှတ်မရရှိပါက ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် နေထိုင်ခွင့် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ဥပဒေကို လတ်ဗီးယားလွှတ်တော်က ၂၀၂၂ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည်။ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ရုရှားနိုင်ငံသား စုစုပေါင်း (၁၅၅၀၀)ဦးသည် လတ်ဗီယားနိုင်ငံတွင်နေထိုင်ခွင့် လက်မှတ်အသစ်အတွက် လျှောက်ထားခဲ့ပြီး အခြားရုရှားနိုင်ငံသား(၃)ထောင်ခန့်သည် အမြဲတမ်းနေထိုင်ခွင့်ကို တောင်းခံခဲ့ကြောင်း Maira Rozeကပြောကြားခဲ့သည်။ အဆိုပါရုရှားနိုင်ငံသားများအနက် အများစုမှာ ဘာသာစကားစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကြသော်လည်း လူ(၁)ထောင်ကျော်မှာ ဘာသာစကားစာမေးပွဲကို ဖြေဆိုရန်ပျက်ကွက်ခြင်း သို့မဟုတ် ပါဝင်ခဲ့ကြခြင်းမျိုးမရှိကြောင်းလည်းသိရသည်။လတ်ဗီးယားနိုင်ငံက ယူကရိန်းကို အပြည့်အဝထောက်ခံသော်လည်း ရုရှားနိုင်ငံသားများကို နှင်ထုတ်မည့်အစီအစဉ်မှာ ယူကရိန်း-ရုရှားစစ်ပွဲနှင့် မသက်ဆိုင်ကြောင်း Maira Roze ကအခိုင်အမာပြောဆိုခဲ့သည်။

zawgyi version
လတ္ဗီးယားအစိုးရက ႐ုရွားႏိုင္ငံသားမ်ားကို ႏိုင္ငံတြင္းမွ ႏွင္ထုတ္ျခင္းစတင္လုပ္ေဆာင္
Pika (NP News) - မတ္ ၁၁

လတ္ဗီးယားႏိုင္ငံသည္ ႐ုရွားႏိုင္ငံသားမ်ားကို ၎၏ႏိုင္ငံတြင္းမွႏွင္ထုတ္ျခင္းအား တရားဝင္ စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

လတ္ဗီးယားႏိုင္ငံအတြင္း ေနထိုင္ခြင့္ေလွ်ာက္ထားရန္ ပ်က္ကြက္ေသာ သို႔မဟုတ္ ႏိုင္ငံသုံးဘာသာစကား စာေမးပြဲေျဖဆိုရန္ ပ်က္ကြက္ေသာ ႐ုရွားႏိုင္ငံသားမ်ားကို ႏွင္ထုတ္သြားမည္ျဖစ္ေၾကာင္း လတ္ဗီးယားႏိုင္ငံသားႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္မႈေရးရာ႐ုံး (PMLP) အႀကီးအကဲ Maira Roze က ထုတ္ျပန္ေၾကညာခဲ့သည္။ လက္ရွိအခ်ိန္အထိ ႐ုရွားႏိုင္ငံသားေျခာက္ဦးကို လတ္ဗီးယားႏိုင္ငံတြင္းမွ ထြက္ခြါရန္ အမိန႔္ထုတ္ျပန္ထားၿပီးၿပီျဖစ္ၿပီး ၎တို႔အနက္မွႏွစ္ဦးမွာ ႏိုင္ငံတြင္းမွထြက္ခြါသြားၿပီျဖစ္ေၾကာင္း Maira Roze ကေျပာၾကားခဲ့သည္။ ႐ုရွားႏိုင္ငံ သား စုစုေပါင္း(၁၀၁၇)ဦးသည္ လက္ဗီးယားလူဝင္မႈႀကီးၾကပ္ေရးဥပေဒအား လိုက္နာျခင္းမရွိေၾကာင္းႏွင့္ ရက္ေပါင္း(၃၀)အတြင္း ႏိုင္ငံတြင္းမွထြက္ခြါရန္ အမိန႔္ေပးခံရမည္ျဖစ္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။ အဆိုပါအမိန႔္အား လိုက္နာရန္ ျငင္းဆိုသူမ်ားကို အင္အားသုံးကာ ႏွင္ထုတ္သြားမည္ျဖစ္ေၾကာင္း Maira Rozeကေျပာၾကားခဲ့သည္။ထို႔အျပင္ အခ်က္အလက္မ်ားကို လတ္ဗီးယားနယ္ျခားေစာင့္တပ္ဖြဲ႕ထံ ေပးပို႔ၿပီးၿပီျဖစ္ေၾကာင္းလည္းသိရသည္။႐ုရွားႏိုင္ငံသား စုစုေပါင္း(၁၀၁၇)ဦးအနက္ (၂၁၃)ဦးသည္ ယခင္က အျခားဥေရာပႏိုင္ငံတစ္ႏိုင္ငံမွတစ္ဆင့္ လတ္ဗီးယားႏိုင္ငံမွ ထြက္ခြါသြားၿပီျဖစ္ေၾကာင္း PMLP ၏ေဒတာအခ်က္အလက္မ်ားအရသိရသည္။

႐ုရွားႏိုင္ငံသားမ်ားအေနျဖင့္ ေဒသတြင္းသုံးဘာသာစကားကြၽမ္းက်င္ေၾကာင္း အေထာက္ အထားလက္မွတ္မရရွိပါက ၂၀၂၃ ခုႏွစ္ စက္တင္ဘာလ(၁)ရက္ေန႔တြင္ ေနထိုင္ခြင့္ သက္တမ္းကုန္ဆုံးမည္ျဖစ္ေၾကာင္း ဥပေဒကို လတ္ဗီးယားလႊတ္ေတာ္က ၂၀၂၂ခုႏွစ္တြင္ အတည္ျပဳျပဌာန္းခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ေႏွာင္းပိုင္းတြင္ ႐ုရွားႏိုင္ငံသား စုစုေပါင္း (၁၅၅၀၀)ဦးသည္ လတ္ဗီယားႏိုင္ငံတြင္ေနထိုင္ခြင့္ လက္မွတ္အသစ္အတြက္ ေလွ်ာက္ထားခဲ့ၿပီး အျခား႐ုရွားႏိုင္ငံသား(၃)ေထာင္ခန႔္သည္ အၿမဲတမ္းေနထိုင္ခြင့္ကို ေတာင္းခံခဲ့ေၾကာင္း Maira Rozeကေျပာၾကားခဲ့သည္။ အဆိုပါ႐ုရွားႏိုင္ငံသားမ်ားအနက္ အမ်ားစုမွာ ဘာသာစကားစာေမးပြဲကို ေအာင္ျမင္စြာေျဖဆိုႏိုင္ခဲ့ၾကေသာ္လည္း လူ(၁)ေထာင္ေက်ာ္မွာ ဘာသာစကားစာေမးပြဲကို ေျဖဆိုရန္ပ်က္ကြက္ျခင္း သို႔မဟုတ္ ပါဝင္ခဲ့ၾကျခင္းမ်ိဳးမရွိေၾကာင္းလည္းသိရသည္။လတ္ဗီးယားႏိုင္ငံက ယူကရိန္းကို အျပည့္အဝေထာက္ခံေသာ္လည္း ႐ုရွားႏိုင္ငံသားမ်ားကို ႏွင္ထုတ္မည့္အစီအစဥ္မွာ ယူကရိန္း-႐ုရွားစစ္ပြဲႏွင့္ မသက္ဆိုင္ေၾကာင္း Maira Roze ကအခိုင္အမာေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.