မင်းဘူးမြို့နယ်တွင် ရွှေစက်တော်ဘုရားဖူးကားတိမ်းမှောက်မှုကြောင့် လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ

 1459

သန့်ဇင် (NP News) - မတ် ၁၈

မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် ရွှေစက်တော်ဘုရားဖူးကား တိမ်းမှောက်မှုကြောင့် လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခေမာလူမှု ကူညီရေးအသင်း-မကွေးထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(မတ်လ ၁၇ ရက်)၊ ညနေ ၅နာရီ ၂၀ မိနစ်အချိန်တွင် မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက ဘုရားဖူးအပြန်မှာဖြစ်တာ။ ကားမောင်းတဲ့သူက အရက်မူးပြီးမောင်းတော့ စလစ်ဖြစ်ပြီးမှောက်တာ။ ကုမ္ပဏီကပို့တဲ့ Light Truck ကား ပေါ့။ ဝန်ထမ်းတွေကို ဘုရားဖူးလိုက်ပို့တာ။ အမှန်က မိန်းကလေးကားနဲ့ ယောက်ျားလေးကား(၂)စီးလာတာ။ ယောက်ျားလေးတွေ စီးတဲ့ကားက မှောက်တာပါ”ဟု ခေမာလူမှု ကူညီရေးအသင်း-မကွေးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် လူ(၁၃)ဦးအနက် အသက်(၂၀)နှစ်မှ (၂၈)နှစ်ဝန်းကျင်ကြားရှိ အမျိုးသား (၁၁)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာပါတဲ့ ယောက်ျားလေး(၁၃)ယောက်မှာ (၁၁)ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ကားက မကွေးကိုပြန်တဲ့ကားပေါ့။ အခုက ရွှေစက် တော် ဘုရားဖူးကာလဆိုတော့ အခုလိုဖြစ်တာတွေရှိတယ်။ ဘုရားပွဲမှာ စောင်းတန်းကပြုတ်ကျတာတို့။ ရေနစ်တာနဲ့ ရန်ဖြစ်တာတွေ လည်းရှိတယ်။ လူငယ်တွေက ပွဲတွေပြန်လုပ်တော့ အပျော်လွန်ပြီး သောက်စားကြရင်းဖြစ်တာများတယ်။ အခုလို ယာဉ်တိမ်းမှောက်မှု မဖြစ်အောင်လည်း စိတ်ချရမယ့် ကားသမားတွေခေါ်ပြီး မောင်းစေချင်တယ်။ နောက်ပြီး သောက်တာစားတာတွေ လျှော့စေချင်တယ်”ဟု ၎င်းက အကြံပြုပြောကြားထားသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ခေမာလူမှုကူညီရေးအသင်းက မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မင္းဘူးၿမိဳ႕နယ္တြင္ ေ႐ႊစက္ေတာ္ဘုရားဖူးကားတိမ္းေမွာက္မႈေၾကာင့္ လူ(၁၁)ဦး ထိခိုက္ဒဏ္ရာရ

သန႔္ဇင္ (NP News) - မတ္ ၁၈

မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္တြင္ ေ႐ႊစက္ေတာ္ဘုရားဖူးကား တိမ္းေမွာက္မႈေၾကာင့္ လူ(၁၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေခမာလူမႈ ကူညီေရးအသင္း-မေကြးထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(မတ္လ ၁၇ ရက္)၊ ညေန ၅နာရီ ၂၀ မိနစ္အခ်ိန္တြင္ မင္းဘူးၿမိဳ႕နယ္၊ ပုသိမ္-မုံ႐ြာကားလမ္းမႀကီးေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္တာက ဘုရားဖူးအျပန္မွာျဖစ္တာ။ ကားေမာင္းတဲ့သူက အရက္မူးၿပီးေမာင္းေတာ့ စလစ္ျဖစ္ၿပီးေမွာက္တာ။ ကုမၸဏီကပို႔တဲ့ Light Truck ကား ေပါ့။ ဝန္ထမ္းေတြကို ဘုရားဖူးလိုက္ပို႔တာ။ အမွန္က မိန္းကေလးကားနဲ႔ ေယာက္်ားေလးကား(၂)စီးလာတာ။ ေယာက္်ားေလးေတြ စီးတဲ့ကားက ေမွာက္တာပါ”ဟု ေခမာလူမႈ ကူညီေရးအသင္း-မေကြးမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ လူ(၁၃)ဦးအနက္ အသက္(၂၀)ႏွစ္မွ (၂၈)ႏွစ္ဝန္းက်င္ၾကားရွိ အမ်ိဳးသား (၁၁)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ကားေပၚမွာပါတဲ့ ေယာက္်ားေလး(၁၃)ေယာက္မွာ (၁၁)ေယာက္ဒဏ္ရာရတယ္။ မစိုးရိမ္ရပါဘူး။ ကားက မေကြးကိုျပန္တဲ့ကားေပါ့။ အခုက ေ႐ႊစက္ ေတာ္ ဘုရားဖူးကာလဆိုေတာ့ အခုလိုျဖစ္တာေတြရွိတယ္။ ဘုရားပြဲမွာ ေစာင္းတန္းကျပဳတ္က်တာတို႔။ ေရနစ္တာနဲ႔ ရန္ျဖစ္တာေတြ လည္းရွိတယ္။ လူငယ္ေတြက ပြဲေတြျပန္လုပ္ေတာ့ အေပ်ာ္လြန္ၿပီး ေသာက္စားၾကရင္းျဖစ္တာမ်ားတယ္။ အခုလို ယာဥ္တိမ္းေမွာက္မႈ မျဖစ္ေအာင္လည္း စိတ္ခ်ရမယ့္ ကားသမားေတြေခၚၿပီး ေမာင္းေစခ်င္တယ္။ ေနာက္ၿပီး ေသာက္တာစားတာေတြ ေလွ်ာ့ေစခ်င္တယ္”ဟု ၎က အႀကံျပဳေျပာၾကားထားသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေခမာလူမႈကူညီေရးအသင္းက မင္းဘူးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.