ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်ပြီး လုပ်ငန်းရပ်နားမှုများ ရှိနေ

1199

NP News - မတ် ၂ဝ
ပြည်တွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများသည် လက်ရှိတွင် သွင်းအားစုဖြစ်သည့် အစာဈေးနှုန်း၊ သယ် ယူပို့ဆောင်ရေးစရိတ်နှင့် အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်မှုများကြောင့် ကုန်ကျစရိတ် မြင့်မား ကာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ငါးစာအဖြစ် အဓိကကျွေးသည့် ဖွဲနုဈေးသည် ယခင်က တစ်အိတ်လျှင် ၈၀ဝ၀ ကျပ်ကျော်သာ ရှိသော် လည်း လက်ရှိတွင် ၂၀ဝဝဝ ကျပ်ခန့် ဖြစ်ပေါ်နေကြောင်း၊ အစာဖိုးအနေဖြင့် တစ်ရက်လျှင် ၄ သောင်းခန့်ရှိပြီး ယင်းငါးများ ရောင်းတန်းဝင်ချိန်အထိ ၆ လမှ ၁၀ လအထိ ကျွေးမွေးရကြောင်း သိရသည်။ ထို့နောက် ငါးဈေး သည် အစာဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ လိုက်ပါမြင့်တက်ခြင်းမရှိသည့်အတွက် ငါးမွေးမြူမှုများကို ရပ် နားလာကြသည်ဟု ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက NP News ကို ပြောသည်။
“ အစာဖိုးကုန်ကျစရိတ်နဲ့ ဖမ်းလို့ရတာနဲ့က မကိုက်ဘူးဖြစ်နေတာပေါ့။ အခုငါးဈေးက ဘယ်လိုဖြစ်လဲ ဆိုတော့ ဟိုတုန်းက ဖွဲဈေး ၈ ထောင်တုန်းက ငါးဈေးက ၃၅၀ဝ ရောင်းရတယ်။ အဲဒါကျတော့ ကိုက်တယ် ပေါ့နော်။ သူ့ဟာနဲ့သူ မဆိုးဘူးတန်တယ်ပေါ့။ အခုဖွဲဈေးက ၂ သောင်းဖြစ်တဲ့အချိန်မှာ ငါးဈေးက ၄၈၀ဝ ပေါ့ နော် အဲဒီလိုဖြစ်တယ်ဆိုတော့ တွက်ခြေမကိုက်ဘူးပေါ့။ ဖွဲဈေး ၂ သောင်းလောက် ဖြစ်တဲ့အချိန်မှာ ငါးဈေးက ၇ ထောင်လောက်အထိမှ မရောင်းရရင် မကိုက်ဘူးပေါ့ ” ဟု ငါးမွေးမြူရေးလုပ်ကိုင်နေသူက ပြောသည်။
အစာဈေးကြီးခြင်း၊ ထပ်မံရင်းနှီးမြှုပ်နှံရန် နည်းပါးခြင်းနှင့်ဈေးကွက်မရှိခြင်းသည် အဓိက စိန်ခေါ်မှု တစ်ခုဖြစ်နေသည့်အပြင် ပြည်တွင်းမှမွေးမြူသည့် ငါးများကို တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့တင်ပို့မှု ရှိသော်လည်း လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် တင်ပို့၍မရတော့ကြောင်းသိရသည်။ ထို့ကြောင့် ငါးဈေးကွက်သည် လျော့နည်းလာပြီး ငါးမွေးမြူ သူများအရှုံးနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦးတွင် ၉ ဦး သည် အဆိုပါလုပ်ငန်းများကိုရပ်နားပြီး ငါးမွေးကန်နေရာတွင် စပါးစိုက်ပျိုးမှု ပြုလုပ်လာကြသည်ဟု သိရ သည်။
“ အစာကုန်ကျစရိတ်က ကြီးမြင့်လာတော့လေ ငါးမွေးတဲ့အခါကျတော့ အဓိက အစာကုန်ကျစရိတ် ရာခိုင်နှုန်းက ၇၀/၇၅ ရာခိုင်နှုန်းလောက် ဖြစ်နေတာကိုး အဲဒီတော့ ငါးတစ်ပိဿာ ထုတ်လုပ်မှုစရိတ်က ငါးတစ်ပိဿာကရတဲ့ ဈေးနဲ့မကိုက်တော့ဘူး။ အဲဒါကြောင့် ငါးသမားတွေက တော်တော်များများ ရပ်ကုန်ပြီး တော့ ငါးကန်တွေမှာ စပါးပြောင်းစိုက်နေကြတယ်။ စပါးဈေးကောင်းရင် ငါးမွေးတောင်သူကလည်း ငါးထပ် မွေးမှာမဟုတ်ဘူး။ စပါးဈေးကောင်းတော့ စပါးစိုက်ကြမှာပေါ့။ အဲဒီအခါကျရင်တော့ ငါးဈေးကလည်း သူ့ဟာ သူ ပြန်ကောင်းလာမှာပေါ့။ ဘာလို့ဆို ငါးထုတ်လုပ်မှုစရိတ်ကမြင့်ပေမယ့်လည်း ငါးမွေးတဲ့သူက နည်းသွားတဲ့ အတွက်ကြောင့်မို့လို့ ငါးထွက်တဲ့ supply နည်းသွားမယ်ပေါ့။ အဲဒီအခါကျရင် Demand ကများနေရင်တော့ ငါးဈေးက ပြန်တက်လာမှာပေါ့ ” ဟု စပါးနှင့်ငါး ပူးတွဲလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ငါးမွေးမြူရေးအပြင်အခြားသော မွေးမြူရေးလုပ်ငန်းများသည်လည်း ထုတ်လုပ်မှုစရိတ် ကြီးမြင့်ပြီး အရှုံးပေါ်နေခြင်းကြောင့် တိုးချဲ့လုပ်ကိုင်သူမရှိတော့ဘဲ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြသည်။ မွေးမြူရေးလုပ်ကိုင်သူနည်းပါးလာခြင်းကြောင့် မွေးမြူရေးလုပ်သားများ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းသည် လည်း ဆက်လက်မြင့်တက်လာကာ အချို့သော မွေးမြူရေးလုပ်သားများသည် စားဝတ်နေရေးအတွက် ပြည်ပ နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်။

zawgyi version
ငါးေမြးျမဴေရးလုပ္ငန္းမ်ား အရႈံးေပၚၿပီး လုပ္ငန္းရပ္နားမႈမ်ား ရွိေန
NP News - မတ္ ၂ဝ
ျပည္တြင္းရွိ ငါးေမြးျမဴေရးလုပ္ငန္းမ်ားသည္ လက္ရွိတြင္ သြင္းအားစုျဖစ္သည့္ အစာေဈးႏႈန္း၊ သယ္ ယူပို႔ေဆာင္ေရးစရိတ္ႏွင့္ အေထြေထြကုန္က်စရိတ္ အဆမတန္ျမင့္တက္မႈမ်ားေၾကာင့္ ကုန္က်စရိတ္ ျမင့္မား ကာ အရႈံးႏွင့္ရင္ဆိုင္ေနရေၾကာင္း သိရသည္။
ငါးစာအျဖစ္ အဓိကေကြၽးသည့္ ဖြဲႏုေဈးသည္ ယခင္က တစ္အိတ္လွ်င္ ၈၀ဝ၀ က်ပ္ေက်ာ္သာ ရွိေသာ္ လည္း လက္ရွိတြင္ ၂၀ဝဝဝ က်ပ္ခန႔္ ျဖစ္ေပၚေနေၾကာင္း၊ အစာဖိုးအေနျဖင့္ တစ္ရက္လွ်င္ ၄ ေသာင္းခန႔္ရွိၿပီး ယင္းငါးမ်ား ေရာင္းတန္းဝင္ခ်ိန္အထိ ၆ လမွ ၁၀ လအထိ ေကြၽးေမြးရေၾကာင္း သိရသည္။ ထို႔ေနာက္ ငါးေဈး သည္ အစာေဈးႏႈန္း ျမင့္တက္လာမႈႏွင့္အတူ လိုက္ပါျမင့္တက္ျခင္းမရွိသည့္အတြက္ ငါးေမြးျမဴမႈမ်ားကို ရပ္ နားလာၾကသည္ဟု ဧရာဝတီတိုင္းေဒသႀကီး ဇလြန္ၿမိဳ႕နယ္မွ ငါးေမြးျမဴေရးလုပ္ငန္းရွင္ တစ္ဦးက NP News ကို ေျပာသည္။
“ အစာဖိုးကုန္က်စရိတ္နဲ႔ ဖမ္းလို႔ရတာနဲ႔က မကိုက္ဘူးျဖစ္ေနတာေပါ့။ အခုငါးေဈးက ဘယ္လိုျဖစ္လဲ ဆိုေတာ့ ဟိုတုန္းက ဖြဲေဈး ၈ ေထာင္တုန္းက ငါးေဈးက ၃၅၀ဝ ေရာင္းရတယ္။ အဲဒါက်ေတာ့ ကိုက္တယ္ ေပါ့ေနာ္။ သူ႔ဟာနဲ႔သူ မဆိုးဘူးတန္တယ္ေပါ့။ အခုဖြဲေဈးက ၂ ေသာင္းျဖစ္တဲ့အခ်ိန္မွာ ငါးေဈးက ၄၈၀ဝ ေပါ့ ေနာ္ အဲဒီလိုျဖစ္တယ္ဆိုေတာ့ တြက္ေျခမကိုက္ဘူးေပါ့။ ဖြဲေဈး ၂ ေသာင္းေလာက္ ျဖစ္တဲ့အခ်ိန္မွာ ငါးေဈးက ၇ ေထာင္ေလာက္အထိမွ မေရာင္းရရင္ မကိုက္ဘူးေပါ့ ” ဟု ငါးေမြးျမဴေရးလုပ္ကိုင္ေနသူက ေျပာသည္။
အစာေဈးႀကီးျခင္း၊ ထပ္မံရင္းႏွီးျမႇဳပ္ႏွံရန္ နည္းပါးျခင္းႏွင့္ေဈးကြက္မရွိျခင္းသည္ အဓိက စိန္ေခၚမႈ တစ္ခုျဖစ္ေနသည့္အျပင္ ျပည္တြင္းမွေမြးျမဴသည့္ ငါးမ်ားကို တ႐ုတ္ႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔တင္ပို႔မႈ ရွိေသာ္လည္း လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္း ေၾကာင့္ တင္ပို႔၍မရေတာ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ငါးေဈးကြက္သည္ ေလ်ာ့နည္းလာၿပီး ငါးေမြးျမဴ သူမ်ားအရႈံးႏွင့္ ရင္ဆိုင္ေနရျခင္းျဖစ္ေၾကာင္း၊ လက္ရွိတြင္ ငါးေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူ ၁၀ ဦးတြင္ ၉ ဦး သည္ အဆိုပါလုပ္ငန္းမ်ားကိုရပ္နားၿပီး ငါးေမြးကန္ေနရာတြင္ စပါးစိုက္ပ်ိဳးမႈ ျပဳလုပ္လာၾကသည္ဟု သိရ သည္။
“ အစာကုန္က်စရိတ္က ႀကီးျမင့္လာေတာ့ေလ ငါးေမြးတဲ့အခါက်ေတာ့ အဓိက အစာကုန္က်စရိတ္ ရာခိုင္ႏႈန္းက ၇၀/၇၅ ရာခိုင္ႏႈန္းေလာက္ ျဖစ္ေနတာကိုး အဲဒီေတာ့ ငါးတစ္ပိႆာ ထုတ္လုပ္မႈစရိတ္က ငါးတစ္ပိႆာကရတဲ့ ေဈးနဲ႔မကိုက္ေတာ့ဘူး။ အဲဒါေၾကာင့္ ငါးသမားေတြက ေတာ္ေတာ္မ်ားမ်ား ရပ္ကုန္ၿပီး ေတာ့ ငါးကန္ေတြမွာ စပါးေျပာင္းစိုက္ေနၾကတယ္။ စပါးေဈးေကာင္းရင္ ငါးေမြးေတာင္သူကလည္း ငါးထပ္ ေမြးမွာမဟုတ္ဘူး။ စပါးေဈးေကာင္းေတာ့ စပါးစိုက္ၾကမွာေပါ့။ အဲဒီအခါက်ရင္ေတာ့ ငါးေဈးကလည္း သူ႔ဟာ သူ ျပန္ေကာင္းလာမွာေပါ့။ ဘာလို႔ဆို ငါးထုတ္လုပ္မႈစရိတ္ကျမင့္ေပမယ့္လည္း ငါးေမြးတဲ့သူက နည္းသြားတဲ့ အတြက္ေၾကာင့္မို႔လို႔ ငါးထြက္တဲ့ supply နည္းသြားမယ္ေပါ့။ အဲဒီအခါက်ရင္ Demand ကမ်ားေနရင္ေတာ့ ငါးေဈးက ျပန္တက္လာမွာေပါ့ ” ဟု စပါးႏွင့္ငါး ပူးတြဲလုပ္ကိုင္ေနသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ငါးေမြးျမဴေရးအျပင္အျခားေသာ ေမြးျမဴေရးလုပ္ငန္းမ်ားသည္လည္း ထုတ္လုပ္မႈစရိတ္ ႀကီးျမင့္ၿပီး အရႈံးေပၚေနျခင္းေၾကာင့္ တိုးခ်ဲ႕လုပ္ကိုင္သူမရွိေတာ့ဘဲ လုပ္ငန္းေျပာင္းလဲ လုပ္ကိုင္လာၾကသည္။ ေမြးျမဴေရးလုပ္ကိုင္သူနည္းပါးလာျခင္းေၾကာင့္ ေမြးျမဴေရးလုပ္သားမ်ား အလုပ္လက္မဲ့ ျဖစ္ပြားမႈႏႈန္းသည္ လည္း ဆက္လက္ျမင့္တက္လာကာ အခ်ိဳ႕ေသာ ေမြးျမဴေရးလုပ္သားမ်ားသည္ စားဝတ္ေနေရးအတြက္ ျပည္ပ ႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္လ်က္ရွိသည္။