လာအိုနိုင်ငံမှာ နေအိမ်တစ်ခုမှ အာဟာရချို့တဲ့နေတဲ့ ဝက်ဝံပေါက် ၁၆ ကောင် ရှာဖွေတွေ့ရှိ

1090

ရောင်နီ (NP News) - မတ် ၂၅
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ နေအိမ်တစ်ခုမှာ အာဟာရချို့တဲ့နေတဲ့ အာရှဝက်ဝံနက်သား ဆယ့်ခြောက်ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ Free the Bears က တွေ့ရှိခဲ့ပြီး ထိန်းသိမ်းကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရင်ဘတ်မှာ လခြမ်းဖြူပုံစံ အမွေးဖြူလေးတွေရှိတာကြောင့် လဝက်ဝံလို့ လူသိများတဲ့ ဝက်ဝံသားပေါက်ကလေး တွေဟာ မျိုးတုံးလုနီးပါးမျိုးစိတ် စာရင်း IUCN Red List မှာ ပါဝင်တဲ့ ရှားပါးတိရစ္ဆာန်တွေဖြစ်ပါတယ်။ အာရှ တစ်ဝှမ်းမှာ ထောင်ပေါင်းများစွာသော တောရိုင်းရှားပါး တရိစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ထားရှိခြင်း (သို့မဟုတ်) စျေးကြီးတဲ့ တိုင်းရင်းဆေးပညာတွင် အသုံးပြုဖို့အတွက် မွေးမြူလေ့ရှိပါတယ်။ ပြီးခဲ့သီတင်းပတ် ကတော့ လာအိုနိုင်ငံရှိ နေအိမ်တစ်ခုမှာ ဝက်ဝံ သားပေါက် ၁၇ ကောင်ကို ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက တွေ့ရှိ ခဲ့ပြီး ၎င်းတို့အနက် တစ်ကောင်ဟာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဝက်ဝံပေါက်လေးတွေရဲ့ အလေးချိန်ဟာ ၁.၃ ကီလိုဂရမ်မှ ၄ ကီလိုဂရမ်ကြား ရှိပြီး အသက်ကတော့ ၂ လမှ ၄ လဝန်းကျင်ရှိမယ်လို့ ယူဆရပါတယ်။
ဒီဝက်ဝံပေါက်လေးတေံကို ဖမ်းဆီးမွေးမြူခဲ့တဲ့ အိမ်ပိုင်ရှင်ကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး အဆိုပါ ဝက်ဝံပေါက်တွေကို Luang Prabang တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version;
လာအိုႏိုင္ငံမွာ ေနအိမ္တစ္ခုမွ အာဟာရခ်ိဳ႕တဲ့ေနတဲ့ ဝက္ဝံေပါက္ ၁၆ ေကာင္ ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၂၅
လာအိုႏိုင္ငံ ဗီယင္က်န္းၿမိဳ႕ရွိ ေနအိမ္တစ္ခုမွာ အာဟာရခ်ိဳ႕တဲ့ေနတဲ့ အာရွဝက္ဝံနက္သား ဆယ့္ေျခာက္ေကာင္ကို ထိန္းသိမ္းေစာင့္ေရွာက္ေရး ပရဟိတအဖြဲ႕ Free the Bears က ေတြ႕ရွိခဲ့ၿပီး ထိန္းသိမ္းကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ရင္ဘတ္မွာ လျခမ္းျဖဴပုံစံ အေမြးျဖဴေလးေတြရွိတာေၾကာင့္ လဝက္ဝံလို႔ လူသိမ်ားတဲ့ ဝက္ဝံသားေပါက္ကေလး ေတြဟာ မ်ိဳးတုံးလုနီးပါးမ်ိဳးစိတ္ စာရင္း IUCN Red List မွာ ပါဝင္တဲ့ ရွားပါးတိရစာၦန္ေတြျဖစ္ပါတယ္။ အာရွ တစ္ဝွမ္းမွာ ေထာင္ေပါင္းမ်ားစြာေသာ ေတာ႐ိုင္းရွားပါး တရိစာၦန္ေတြကို အိမ္ေမြးတိရစာၦန္ေတြအျဖစ္ ထားရွိျခင္း (သို႔မဟုတ္) ေစ်းႀကီးတဲ့ တိုင္းရင္းေဆးပညာတြင္ အသုံးျပဳဖို႔အတြက္ ေမြးျမဴေလ့ရွိပါတယ္။ ၿပီးခဲ့သီတင္းပတ္ ကေတာ့ လာအိုႏိုင္ငံရွိ ေနအိမ္တစ္ခုမွာ ဝက္ဝံ သားေပါက္ ၁၇ ေကာင္ကို ၿပီးခဲ့တဲ့ သီတင္းပတ္အေစာပိုင္းက ေတြ႕ရွိ ခဲ့ၿပီး ၎တို႔အနက္ တစ္ေကာင္ဟာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ဝက္ဝံေပါက္ေလးေတြရဲ႕ အေလးခ်ိန္ဟာ ၁.၃ ကီလိုဂရမ္မွ ၄ ကီလိုဂရမ္ၾကား ရွိၿပီး အသက္ကေတာ့ ၂ လမွ ၄ လဝန္းက်င္ရွိမယ္လို႔ ယူဆရပါတယ္။
ဒီဝက္ဝံေပါက္ေလးေတံကို ဖမ္းဆီးေမြးျမဴခဲ့တဲ့ အိမ္ပိုင္ရွင္ကိုေတာ့ ရဲတပ္ဖြဲ႕က ဆက္လက္ရွာေဖြေနဆဲျဖစ္ၿပီး အဆိုပါ ဝက္ဝံေပါက္ေတြကို Luang Prabang ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာကို လႊဲေျပာင္းေပးထားတယ္လို႔ သိရပါတယ္။