ပြည်ပခရီးသွားများကို ဆွဲဆောင်ရန်အတွက် မိန်းမလှကျွန်း အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၌ ခရီးစဉ်ဒေသသစ် တိုးချဲ့ဖော်ဆောင်ရန် စီစဉ်နေ

 1032

ယွန်း (NP News) - မတ် ၃၁

ပြည်ပခရီးသွားများကို ဆွဲဆောင်ရန်အတွက် မိန်းမလှကျွန်း အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၌ ခရီးစဉ်ဒေသ သစ်အဖြစ် တိုးချဲ့ဖော်ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိကာလ၌ ပြည်ပခရီးသွားဝင်ရောက်မှုပြန်လည်လျော့နည်းနေကာ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအို နှင့် ကမ္ဘောဒီးယားတို့၌ ခရီးသွားဝင်ရောက်မှုမြင့်တက်နေကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်ပခရီးသွားများလာရောက် နိုင်ရေးအတွက် ခရီးစဉ်ဒေသများကို ဖော်ဆောင်လျှက်ရှိပြီး ခရီးသွားကုမ္ပဏီများ ပိုမိုသိရှိနိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

‘ခရီးစဉ်သစ်ကတော့ ဧရာဝတီတိုင်းဘက်ကိုတော့ ကျွန်တော်တို့ဘက်ကနေ အချို့ခရီးစဉ်ဒေသတွေကို ပိုမို သွားရောက်နိုင်ဖို့ စီစဉ်နေပါတယ်။ ဂေါ်ရင်ဂျီကျွန်း လိုဟာမျိုးတွေ ခရီးသည်တွေ ပိုလာနိုင်ဖို့နဲ့ မကြာခင်မှာ ဘိုကလေးတို့၊ ဖျာပုံတို့ဘက်ကခရီးစဉ်ဒေသအသစ်တွေကိုပါ ပြည်ပ ခရီးသွားတွေလာနိုင်ဖို့ပေါ့။ ဘိုကလေးဆိုရင် မိန်းမလှကျွန်းပေါ့။ အဲ့ဒီလိုဟာမျိုးတွေကို ပိုမိုတိုးချဲ့နိုင်ဖို့အတွက် ‌လေ့လာရေးခရီးစဉ်တွေ သွားရောက်ဖို့ ရှိပါတယ်။ ခရီးသွားကုမ္ပဏီတွေကို ပိုပြီးသိရှိနိုင်အောင် လုပ်ပေးဖို့ရှိတယ်။ ဂေါ်ရင်ဂျီကျွန်းတို့ဘာတို့ကျတော့ ခရီးစဉ်ဒေသ အနေနဲ့လည်း ပေါ်ထွက်နေပြီ။ မကြာခင်လမ်း ပန်းဆက်သွယ်ရေးတွေ ကောင်းသွားရင် ပိုပြီးဖွံ့ဖြိုးနိုင်တဲ့ အလားအလာရှိတဲ့အတွက် ခရီးသွားကုမ္ပဏီတွေကိုလည်း လုပ်ပေးနေပါတယ်။ ဒေသတွင်း တည်ငြိမ်မှုရှိတဲ့နေရာ တွေမှာ ရှိတဲ့ခရီးစဉ်တွေကို ပိုသိနိုင်အောင်လုပ်သွားဖို့ရှိပါတယ်’ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News သို့ပြောသည်။

ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးနေသော်လည်း ပြည်တွင်းခရီးသွား လည်ပတ်မှုသည် ပြီးခဲ့သည့် နှစ်ထက် ပိုမိုများပြားလျှက်ရှိပြီး ဒေသတွင်း တည်ငြိမ်မှုရှိသည့်နေရာများ၌ ခရီးစဉ်ဒေသများပိုမို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

မိန်းမလှကျွန်းကို ၁၉၉၄ ခုနှစ်မှစတင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနက တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော (Wildlife Sanctuary) အဖြစ်သတ်မှတ်ကြေညာ၍ ကာကွယ်ထိန်းသိမ်းထားပြီး ၂၀ဝ၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ချောင်းသာ၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး အစရှိသောဒေသများကို ခရီးသွား လည်ပတ်မှုများ ရှိနေသော်လည်း ကိုဗစ်မတိုင်မီကာလထက် များစွာလျော့နည်းနေပြီး ခရီးသွားကုမ္ပဏီ (၈၀)ရာခိုင်နှုန်းခန့်သည် လက်ရှိအချိန်အထိ လုပ်ငန်းပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွား များအနေဖြင့် နယ်စပ်ဒေသမှ (၈)သိန်းခန့် ဝင်ရောက်ခဲ့ပြီး လေကြောင်း ခရီးစဉ်မှ (၃)သိန်းကျော်သာ ဝင်ရောက်ခဲ့ခြင်းကြောင့် ခရီးသွားဝင်ရောက်မှု (၁)သန်း ကျော်သာရှိခဲ့သည်။

Zawgyi Version;
ျပည္ပခရီးသြားမ်ားကို ဆြဲေဆာင္ရန္အတြက္ မိန္းမလွကြၽန္း အပါအဝင္ ဧရာဝတီတိုင္းေဒသႀကီး၌ ခရီးစဥ္ေဒသသစ္ တိုးခ်ဲ႕ေဖာ္ေဆာင္ရန္ စီစဥ္ေန
ယြန္း (NP News) - မတ္ ၃၁

ျပည္ပခရီးသြားမ်ားကို ဆြဲေဆာင္ရန္အတြက္ မိန္းမလွကြၽန္း အပါအဝင္ ဧရာဝတီတိုင္းေဒသႀကီး၌ ခရီးစဥ္ေဒသ သစ္အျဖစ္ တိုးခ်ဲ႕ေဖာ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံခရီးသြား လုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

လက္ရွိကာလ၌ ျပည္ပခရီးသြားဝင္ေရာက္မႈျပန္လည္ေလ်ာ့နည္းေနကာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားျဖစ္သည့္ ထိုင္း၊ လာအို ႏွင့္ ကေမာၻဒီးယားတို႔၌ ခရီးသြားဝင္ေရာက္မႈျမင့္တက္ေနေၾကာင္း သိရသည္။

သို႔ျဖစ္၍ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ျပည္ပခရီးသြားမ်ားလာေရာက္ ႏိုင္ေရးအတြက္ ခရီးစဥ္ေဒသမ်ားကို ေဖာ္ေဆာင္လွ်က္ရွိၿပီး ခရီးသြားကုမၸဏီမ်ား ပိုမိုသိရွိႏိုင္ေရးကိုလည္း ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

‘ခရီးစဥ္သစ္ကေတာ့ ဧရာဝတီတိုင္းဘက္ကိုေတာ့ ကြၽန္ေတာ္တို႔ဘက္ကေန အခ်ိဳ႕ခရီးစဥ္ေဒသေတြကို ပိုမို သြားေရာက္ႏိုင္ဖို႔ စီစဥ္ေနပါတယ္။ ေဂၚရင္ဂ်ီကြၽန္း လိုဟာမ်ိဳးေတြ ခရီးသည္ေတြ ပိုလာႏိုင္ဖို႔နဲ႔ မၾကာခင္မွာ ဘိုကေလးတို႔၊ ဖ်ာပုံတို႔ဘက္ကခရီးစဥ္ေဒသအသစ္ေတြကိုပါ ျပည္ပ ခရီးသြားေတြလာႏိုင္ဖို႔ေပါ့။ ဘိုကေလးဆိုရင္ မိန္းမလွကြၽန္းေပါ့။ အဲ့ဒီလိုဟာမ်ိဳးေတြကို ပိုမိုတိုးခ်ဲ႕ႏိုင္ဖို႔အတြက္ ‌ေလ့လာေရးခရီးစဥ္ေတြ သြားေရာက္ဖို႔ ရွိပါတယ္။ ခရီးသြားကုမၸဏီေတြကို ပိုၿပီးသိရွိႏိုင္ေအာင္ လုပ္ေပးဖို႔ရွိတယ္။ ေဂၚရင္ဂ်ီကြၽန္းတို႔ဘာတို႔က်ေတာ့ ခရီးစဥ္ေဒသ အေနနဲ႔လည္း ေပၚထြက္ေနၿပီ။ မၾကာခင္လမ္း ပန္းဆက္သြယ္ေရးေတြ ေကာင္းသြားရင္ ပိုၿပီးဖြံ႕ၿဖိဳးႏိုင္တဲ့ အလားအလာရွိတဲ့အတြက္ ခရီးသြားကုမၸဏီေတြကိုလည္း လုပ္ေပးေနပါတယ္။ ေဒသတြင္း တည္ၿငိမ္မႈရွိတဲ့ေနရာ ေတြမွာ ရွိတဲ့ခရီးစဥ္ေတြကို ပိုသိႏိုင္ေအာင္လုပ္သြားဖို႔ရွိပါတယ္’ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News သို႔ေျပာသည္။

ျပည္ပခရီးသြားဝင္ေရာက္မႈ နည္းပါးေနေသာ္လည္း ျပည္တြင္းခရီးသြား လည္ပတ္မႈသည္ ၿပီးခဲ့သည့္ ႏွစ္ထက္ ပိုမိုမ်ားျပားလွ်က္ရွိၿပီး ေဒသတြင္း တည္ၿငိမ္မႈရွိသည့္ေနရာမ်ား၌ ခရီးစဥ္ေဒသမ်ားပိုမို ေဖာ္ေဆာင္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

မိန္းမလွကြၽန္းကို ၁၉၉၄ ခုႏွစ္မွစတင္၍ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သစ္ေတာေရးရာဝန္ ႀကီးဌာနက ေတာ႐ိုင္း တိရစာၦန္ေဘးမဲ့ေတာ (Wildlife Sanctuary) အျဖစ္သတ္မွတ္ေၾကညာ၍ ကာကြယ္ထိန္းသိမ္းထားၿပီး ၂၀ဝ၃ ခုႏွစ္တြင္ အာဆီယံ အေမြအႏွစ္ဥယ်ာဥ္အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ ေခ်ာင္းသာ၊ မႏၲေလး၊ ပုဂံ၊ အင္းေလး၊ က်ိဳက္ထီး႐ိုး အစရွိေသာေဒသမ်ားကို ခရီးသြား လည္ပတ္မႈမ်ား ရွိေနေသာ္လည္း ကိုဗစ္မတိုင္မီကာလထက္ မ်ားစြာေလ်ာ့နည္းေနၿပီး ခရီးသြားကုမၸဏီ (၈၀)ရာခိုင္ႏႈန္းခန႔္သည္ လက္ရွိအခ်ိန္အထိ လုပ္ငန္းျပန္လည္လည္ပတ္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ ျပည္ပခရီးသြား မ်ားအေနျဖင့္ နယ္စပ္ေဒသမွ (၈)သိန္းခန႔္ ဝင္ေရာက္ခဲ့ၿပီး ေလေၾကာင္း ခရီးစဥ္မွ (၃)သိန္းေက်ာ္သာ ဝင္ေရာက္ခဲ့ျခင္းေၾကာင့္ ခရီးသြားဝင္ေရာက္မႈ (၁)သန္း ေက်ာ္သာရွိခဲ့သည္။

Picture

L Mone

31/03/2024 20:18

ဘသဆိုတာ...မသိရင်မှတ်ထား....ပြည်ပနိုင်ငံကြီးတစ်ခုရဲ့ ဂျင်းအကြီးကြီး.. ဒလျှိူအားပေးလုပ်ကြံမှူ့ကြီးပါ.. Picture L Mone 31/03/2024 20:17 မညသဆိုတာ..နိုင်ငံအထီးကျန်ရေးမူ...စစ်စစ်ပါ..ပြည်ပလုပ်ကြံမှူ့ကြီးပါ

Picture

L Mone

31/03/2024 20:18

ဘသဆိုတာ...မသိရင်မှတ်ထား....ပြည်ပနိုင်ငံကြီးတစ်ခုရဲ့ ဂျင်းအကြီးကြီး.. ဒလျှိူအားပေးလုပ်ကြံမှူ့ကြီးပါ.. Picture L Mone 31/03/2024 20:17 မညသဆိုတာ..နိုင်ငံအထီးကျန်ရေးမူ...စစ်စစ်ပါ..ပြည်ပလုပ်ကြံမှူ့ကြီးပါ

Picture

L Mone

31/03/2024 20:18

မဘသဆိုတာ...မသိရင်မှတ်ထား....ပြည်ပနိုင်ငံကြီးတစ်ခုရဲ့ ဂျင်းအကြီးကြီး.. ဒလျှိူအားပေးလုပ်ကြံမှူ့ကြီးပါ.. Picture L Mone 31/03/2024 20:17 မညသဆိုတာ..နိုင်ငံအထီးကျန်ရေးမူ...စစ်စစ်ပါ..ပြည်ပလုပ်ကြံမှူ့ကြီးပါ

© 2021. All rights reserved.