နေပြည်တော် အေလာလေယာဉ်ကွင်းကို PDF အဖွဲ့က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကြီးကြီးမားမားထိခိုက်ပျက်စီးမှုမရှိ

6385

မြူနစ် (NP News) - ဧပြီ ၄
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေယာဉ်ကွင်းကို PDF အဖွဲ့က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကြီးကြီးမားမားထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သတင်း ရရှိသည်။
NUG လက်အောက်ခံ PDF အဖွဲ့သည် ယနေ့(ဧပြီလ ၄ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ အေလာလေယာဉ်ကွင်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လေယာဉ်ကွင်းရောက်ခါနီးမှာ ပျက်ကျကုန်တာ။ လေယာဉ်ကွင်းထဲတောင် မရောက်ဘူး။ ဒါပေမဲ့ လေယာဉ်ကွင်းပြေးလမ်းအစပ်မှာ တစ်စင်းကျတယ်လို့သိရတယ်။ ပေါက်ကွဲမှုတော့ ဖြစ်သွားတယ်။ ပျက်စီးတာတော့ မရှိပါဘူး။ မြေကြီးပဲ ပုံစံပျက်သွားတာပေါ့။ ဘယ်နှစ်စင်းမှန်းတော့ မသိရသေးဘူး။ ဒါပေမဲ့ ပျက်ကျတာတော့ အကုန်ပျက်ကျတယ်။ လူထိခိုက်တာ၊ ပျက်စီးထိခိုက်တာ မရှိပါဘူး” ဟု အေလာလေတပ်နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
ထိုသို့ PDF အဖွဲ့က အသုံးပြုတိုက်ခိုက်သော ဒရုန်းများသည် လေယာဉ်ကွင်းအနီးသို့ ရောက်ရှိစဉ် လုံခြုံရေးအဖွဲ့မှ တပ်ဆင်ထားသော လုံခြုံရေးစနစ်များကြောင့် ပျက်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် PDF အဖွဲ့သည် နေပြည်တော်ရှိ စစ်ရုံးချုပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရေးသားပြောဆိုမှုများ ရှိနေသော်လည်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက စစ်ရုံးချုပ်တွင် ဒရုန်းများကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ် မရှိခဲ့ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
သို့သော် လုံခြုံရေးအဖွဲ့နှင့်နီးစပ်သည့် အခြားသော သတင်းရင်းမြစ်အချို့က စစ်ရုံးချုပ်အနီးတွင် ဗုံးအချို့ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း NP News ကို ဆက်သွယ်ပြောဆိုလာမှုများရှိ သည်။
နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း NUG ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အဆိုပါတိုက်ခိုက်မှုများကို PDF အထူးတပ်ဖွဲ့များ၊ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲ၊ Lethal Prop တပ်ခွဲတို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း (၄)စင်းပျံသန်းလာရာ လေဆိပ် ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ၎င်းဒရုန်းများကို အောင်မြင်စွာပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်ဟု နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယခုနာရီပိုင်းအတွင်း၌ မီဒီယာများကို အသိပေးပြောဆိုခဲ့သည်။
အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း (၃)စင်း ပျံသန်းဝင်ရောက်လာသည့်အတွက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံပစ်ချဖျက်းဆီးခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်များအတွင်း လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းလည်း နစကဘက်က ထုတ်ပြန်အသိပေးထားသည်။
ယခုရက်ပိုင်းအတွင်း၌ တပ်မတော်၏ လေတပ်စခန်းများကို ဒရုန်းများ၊ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ရန် PDF အဖွဲ့များက ကြိုးပမ်းလာသည်ကို တွေ့ရှိရပြီး ယမန်နေ့(ဧပြီ ၃ ရက်) တွင် ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီလေတပ်စခန်းဘက်သို့ ပစ်ခတ်ရန် ပြင်ဆင်ထားသော ၁၀၇ မမ ရှော့တိုက်ဒုံး (၄)လုံးကို သိမ်းဆည်းနိုင်ခဲ့သည်။

zawgyi version
ေနျပည္ေတာ္ ေအလာေလယာဥ္ကြင္းကို PDF အဖြဲ႕က ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ခဲ့ေသာ္ လည္း ႀကီးႀကီးမားမားထိခိုက္ပ်က္စီးမႈမရွိ
ျမဴနစ္ (NP News) - ဧၿပီ ၄
ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးစိုက္ရာ ေနျပည္ေတာ္ရွိ ေအလာေလယာဥ္ကြင္းကို PDF အဖြဲ႕က ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ခဲ့ေသာ္လည္း ႀကီးႀကီးမားမားထိခိုက္ပ်က္စီးမႈမရွိခဲ့ေၾကာင္း သတင္း ရရွိသည္။
NUG လက္ေအာက္ခံ PDF အဖြဲ႕သည္ ယေန႔(ဧၿပီလ ၄ ရက္) နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေအလာေလယာဥ္ကြင္းကို ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေလယာဥ္ကြင္းေရာက္ခါနီးမွာ ပ်က္က်ကုန္တာ။ ေလယာဥ္ကြင္းထဲေတာင္ မေရာက္ဘူး။ ဒါေပမဲ့ ေလယာဥ္ကြင္းေျပးလမ္းအစပ္မွာ တစ္စင္းက်တယ္လို႔သိရတယ္။ ေပါက္ကြဲမႈေတာ့ ျဖစ္သြားတယ္။ ပ်က္စီးတာေတာ့ မရွိပါဘူး။ ေျမႀကီးပဲ ပုံစံပ်က္သြားတာေပါ့။ ဘယ္ႏွစ္စင္းမွန္းေတာ့ မသိရေသးဘူး။ ဒါေပမဲ့ ပ်က္က်တာေတာ့ အကုန္ပ်က္က်တယ္။ လူထိခိုက္တာ၊ ပ်က္စီးထိခိုက္တာ မရွိပါဘူး” ဟု ေအလာေလတပ္ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ PDF အဖြဲ႕က အသုံးျပဳတိုက္ခိုက္ေသာ ဒ႐ုန္းမ်ားသည္ ေလယာဥ္ကြင္းအနီးသို႔ ေရာက္ရွိစဥ္ လုံၿခဳံေရးအဖြဲ႕မွ တပ္ဆင္ထားေသာ လုံၿခဳံေရးစနစ္မ်ားေၾကာင့္ ပ်က္က်မႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ PDF အဖြဲ႕သည္ ေနျပည္ေတာ္ရွိ စစ္႐ုံးခ်ဳပ္ကို ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေရးသားေျပာဆိုမႈမ်ား ရွိေနေသာ္လည္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက စစ္႐ုံးခ်ဳပ္တြင္ ဒ႐ုန္းမ်ားက်ေရာက္ေပါက္ကြဲသည့္ျဖစ္စဥ္ မရွိခဲ့ေၾကာင္း တုံ႔ျပန္ေျပာဆိုထားသည္။
သို႔ေသာ္ လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သည့္ အျခားေသာ သတင္းရင္းျမစ္အခ်ိဳ႕က စစ္႐ုံးခ်ဳပ္အနီးတြင္ ဗုံးအခ်ိဳ႕က်ေရာက္ေပါက္ကြဲမႈရွိခဲ့ေၾကာင္း NP News ကို ဆက္သြယ္ေျပာဆိုလာမႈမ်ားရွိ သည္။
ေနျပည္ေတာ္ရွိ စစ္႐ုံးခ်ဳပ္ႏွင့္ ေအလာေလတပ္ကို ဒ႐ုန္းမ်ားျဖင့္ တစ္ၿပိဳင္နက္တည္း တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း NUG ဘက္က ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
အဆိုပါတိုက္ခိုက္မႈမ်ားကို PDF အထူးတပ္ဖြဲ႕မ်ား၊ ရွာထူးေဝၚနည္းပညာတပ္ဖြဲ႕၏ Kloud Drone တပ္ခြဲ၊ Lethal Prop တပ္ခြဲတို႔က ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
ယေန႔ နံနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေနျပည္ေတာ္ေလဆိပ္၏ အေရွ႕ဘက္မွ ဒ႐ုန္း (၄)စင္းပ်ံသန္းလာရာ ေလဆိပ္ ရွိ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ၎ဒ႐ုန္းမ်ားကို ေအာင္ျမင္စြာပစ္ခ် ဖ်က္ဆီးႏိုင္ခဲ့သည္ဟု နစက၏ သတင္း ထုတ္ျပန္ေရးအဖြဲ႕က ယခုနာရီပိုင္းအတြင္း၌ မီဒီယာမ်ားကို အသိေပးေျပာဆိုခဲ့သည္။
အလားတူ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၏ အေရွ႕ေတာင္ဘက္မွ ဒ႐ုန္း (၃)စင္း ပ်ံသန္းဝင္ေရာက္လာသည့္အတြက္ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕က ထပ္မံပစ္ခ်ဖ်က္းဆီးခဲ့ေၾကာင္းႏွင့္ ယင္းျဖစ္စဥ္မ်ားအတြင္း လူ၊ အေဆာက္အဦ ထိ ခိုက္ပ်က္စီးမႈ မရွိခဲ့ေၾကာင္းလည္း နစကဘက္က ထုတ္ျပန္အသိေပးထားသည္။
ယခုရက္ပိုင္းအတြင္း၌ တပ္မေတာ္၏ ေလတပ္စခန္းမ်ားကို ဒ႐ုန္းမ်ား၊ ေရွာ့တိုက္ဒုံးမ်ားျဖင့္ တိုက္ခိုက္ရန္ PDF အဖြဲ႕မ်ားက ႀကိဳးပမ္းလာသည္ကို ေတြ႕ရွိရၿပီး ယမန္ေန႔(ဧၿပီ ၃ ရက္) တြင္ ရန္ကုန္တိုင္းအတြင္းရွိ ေမွာ္ဘီေလတပ္စခန္းဘက္သို႔ ပစ္ခတ္ရန္ ျပင္ဆင္ထားေသာ ၁၀၇ မမ ေရွာ့တိုက္ဒုံး (၄)လုံးကို သိမ္းဆည္းႏိုင္ခဲ့သည္။