အပူချိန်မြင့်တက်လာသည့်အတွက် အပူရှပ်၍ သတိလစ်သူများ အပါအဝင် အကူအညီလိုအပ်သူများလည်းရှိလာ

3383

NP News - ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီးတွင် အပူချိန်မြင့်တက်လာသည့်အတွက် အပူရှပ်၍ သတိလစ်သူများ အပါအဝင် အကူအညီလိုအပ်သူများလည်းရှိလာခဲ့ကြောင်း မြေပြင်တွင်လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ပရဟိတအသင်းများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ရန်ကုန်မြို့တွင် ဧပြီလ၊ လဆန်းပိုင်းမှစတင်ကာ အပူချိန်အလွန်အမင်းမြင့်တက်လာသောကြောင့် အပူရှပ်သည့်လက္ခဏာများကို ခံစားရသူများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ကူညီတာတင်ပဲ ဒီလ ဧပြီလဆန်းပိုင်းကနေ အပူရှပ်လို့ ဖြစ်တဲ့လူနာက ရုတ်တရက်မဟုတ်ပေမဲ့ ဆေးရုံပို့ပြီး ပြန်ရောက်မှ ဆုံးတာနဲ့၊ ဖျားတာနာတွေပို့ရတာ(၁၀)ဦးလောက်ထိ ရှိတယ်။ နောက်ပြီး အပူရှပ်လို့ဖြစ်တဲ့နောက်တွဲတွေ အများကြီးဖြစ်လာနိုင်တယ်။ ဆရာဝန်တွေကတော့ ပိုသိတာပေါ့နော်။ ကျွန်မတို့တွေ့တဲ့လူတွေဆို အဖျားကြီးတယ်။ လည်ချောင်းနာတယ်။ ဝမ်းလျောတာတွေရှိမယ်။ နောက်ဆုံး ဦးနှောက်သွေးကြောပြတ်တဲ့အထိပါဖြစ်လာနိုင်တယ်” ဟု မြေပြင်တွင် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက NP News သို့ ပြောသည်။
ယခုနှစ် ဧပြီလမှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့အပူချိန်များ မြှင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးပြောကြားထားသည်။
“အခု ဧပြီလက တော်တော်ပူတယ်။ ဧပြီပြီးသွားရင်တော့ သင်္ကြန်မိုးလေးတော့ ကျွန်မတို့ မျှော်ရမှာပေါ့နော်။ မေလ ကလည်း ပူဦးမှာဆိုတော့လေ။ ခရီးသွားနေတဲ့လူတွေ၊ ဈေးရောင်းနေတဲ့လူတွေ၊ အနှေးယာဉ်သမားတွေနဲ့ ကယ်ရီသမားတွေကိုတော့ နေအရမ်းပူတဲ့အချိန်ဆို နားနေစေချင်တယ်။ ရာသီဥတုနဲ့လိုက်ဖက်တဲ့အဝတ်အစားတွေ ဝတ်စေချင်တယ်။ အဓိကကတော့ ရေခဲရေ မသောက်ဖို့ ပြောချင်တယ်။ အဲဒါက သွေးခဲသွားနိုင်တယ်။ နောက်ဆုံး လေဖြတ်တာတွေအထိပါ ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် မနက်ပိုင်းစောစောလေးအလုပ်လုပ်ကြဖို့နဲ့ ၁၁ နာရီကနေ ၂ နာရီအတွင်းကို နေရိပ်ထဲမှာပဲ နေစေချင်တယ်” ဟု ၎င်းက အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူချိန်မြင့်တက်နိုင်ပြီး အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်း နှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကာ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ချက်များအရ သိရသည်။
“ကျွန်တော်တို့ ကူညီခဲ့တာဆိုရင် အပူရှပ်လို့ဖြစ်တဲ့လူနာ (၇)ဦးလောက်ရှိပြီ။ ရန်ကုန်တစ်မြို့လုံးအနေနဲ့ဆိုရင် တစ်ရက်ကို အပူကြောင့်ဖြစ်တဲ့ လူနာက (၂၀)နဲ့အထက်မှာ ရှိမယ်။ အရင်နှစ်ကထက် ပိုပူလာတော့ စားဝတ်နေရေးအတွက် အပြင်ထထွက်ကြတဲ့အခါ အကာအကွယ်လေးနဲ့ထွက်စေချင်တယ်။ အဓိကကတော့ ရေဓာတ်မခမ်းခြောက်ဖို့ ဓာတ်ဆားရေ သောက်စေချင်တယ်” ဟု တွဲလက်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ထပ်မံအကြံပြုထားသည်။
မြန်မာနိုင်ငံတွင် ရာသီဥတုအလွန်အမင်းပူပြင်းလာမှုကြောင့် အပူကြောင့်ဖြစ်သည့်နောက်ဆက်တွဲဆိုးကျိုးများကို ပြည်သူ့များအနေဖြင့် ခံစားရနိုင်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြပါရန် အထက်ပါလူမှုကူညီရေးအသင်းများက တိုက်တွန်းနှိုးဆော်ထားသည်။

Zawgyi Version;
အပူခ်ိန္ျမင့္တက္လာသည့္အတြက္ အပူရွပ္၍ သတိလစ္သူမ်ား အပါအဝင္ အကူအညီလိုအပ္သူမ်ားလည္းရွိလာ
NP News - ဧၿပီ ၅
ရန္ကုန္တိုင္းေဒသႀကီးတြင္ အပူခ်ိန္ျမင့္တက္လာသည့္အတြက္ အပူရွပ္၍ သတိလစ္သူမ်ား အပါအဝင္ အကူအညီလိုအပ္သူမ်ားလည္းရွိလာခဲ့ေၾကာင္း ေျမျပင္တြင္လူမႈကူညီေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ ပရဟိတအသင္းမ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ရန္ကုန္ၿမိဳ႕တြင္ ဧၿပီလ၊ လဆန္းပိုင္းမွစတင္ကာ အပူခ်ိန္အလြန္အမင္းျမင့္တက္လာေသာေၾကာင့္ အပူရွပ္သည့္လကၡဏာမ်ားကို ခံစားရသူမ်ားျပားလာျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္မတို႔ ကူညီတာတင္ပဲ ဒီလ ဧၿပီလဆန္းပိုင္းကေန အပူရွပ္လို႔ ျဖစ္တဲ့လူနာက ႐ုတ္တရက္မဟုတ္ေပမဲ့ ေဆး႐ုံပို႔ၿပီး ျပန္ေရာက္မွ ဆုံးတာနဲ႔၊ ဖ်ားတာနာေတြပို႔ရတာ(၁၀)ဦးေလာက္ထိ ရွိတယ္။ ေနာက္ၿပီး အပူရွပ္လို႔ျဖစ္တဲ့ေနာက္တြဲေတြ အမ်ားႀကီးျဖစ္လာႏိုင္တယ္။ ဆရာဝန္ေတြကေတာ့ ပိုသိတာေပါ့ေနာ္။ ကြၽန္မတို႔ေတြ႕တဲ့လူေတြဆို အဖ်ားႀကီးတယ္။ လည္ေခ်ာင္းနာတယ္။ ဝမ္းေလ်ာတာေတြရွိမယ္။ ေနာက္ဆုံး ဦးေႏွာက္ေသြးေၾကာျပတ္တဲ့အထိပါျဖစ္လာႏိုင္တယ္” ဟု ေျမျပင္တြင္ လူမႈကူညီေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနသူတစ္ဦးက NP News သို႔ ေျပာသည္။
ယခုႏွစ္ ဧၿပီလမွ စတင္ကာ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေန႔အပူခ်ိန္မ်ား ျမႇင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးေျပာၾကားထားသည္။
“အခု ဧၿပီလက ေတာ္ေတာ္ပူတယ္။ ဧၿပီၿပီးသြားရင္ေတာ့ သၾကၤန္မိုးေလးေတာ့ ကြၽန္မတို႔ ေမွ်ာ္ရမွာေပါ့ေနာ္။ ေမလ ကလည္း ပူဦးမွာဆိုေတာ့ေလ။ ခရီးသြားေနတဲ့လူေတြ၊ ေဈးေရာင္းေနတဲ့လူေတြ၊ အေႏွးယာဥ္သမားေတြနဲ႔ ကယ္ရီသမားေတြကိုေတာ့ ေနအရမ္းပူတဲ့အခ်ိန္ဆို နားေနေစခ်င္တယ္။ ရာသီဥတုနဲ႔လိုက္ဖက္တဲ့အဝတ္အစားေတြ ဝတ္ေစခ်င္တယ္။ အဓိကကေတာ့ ေရခဲေရ မေသာက္ဖို႔ ေျပာခ်င္တယ္။ အဲဒါက ေသြးခဲသြားႏိုင္တယ္။ ေနာက္ဆုံး ေလျဖတ္တာေတြအထိပါ ျဖစ္သြားႏိုင္တယ္။ အဲဒါေၾကာင့္ မနက္ပိုင္းေစာေစာေလးအလုပ္လုပ္ၾကဖို႔နဲ႔ ၁၁ နာရီကေန ၂ နာရီအတြင္းကို ေနရိပ္ထဲမွာပဲ ေနေစခ်င္တယ္” ဟု ၎က အႀကံျပဳေျပာၾကားသည္။
ျမန္မာႏိုင္ငံတြင္ အယ္လ္နီညိဳျဖစ္စဥ္ေၾကာင့္ အပူခ်ိန္ျမင့္တက္ႏိုင္ၿပီး အပူပ်ံတက္တိမ္မ်ားျဖစ္ထြန္း၍ မြန္းလြဲပိုင္း ႏွင့္ ညေနပိုင္းတို႔တြင္ မိုးတိမ္ေတာင္မ်ား ျဖစ္ေပၚႏိုင္ကာ အဆိုပါမိုးတိမ္ေတာင္မ်ား ေ႐ြ႕လ်ားရာ ေနရာတစ္ေလွ်ာက္တြင္ ေလျပင္းတိုက္ျခင္း၊ ေလျပင္းႏွင့္အတူ မိုးထစ္ခ်ဳန္း႐ြာျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြျခင္းမ်ားလည္း ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလက ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
“ကြၽန္ေတာ္တို႔ ကူညီခဲ့တာဆိုရင္ အပူရွပ္လို႔ျဖစ္တဲ့လူနာ (၇)ဦးေလာက္ရွိၿပီ။ ရန္ကုန္တစ္ၿမိဳ႕လုံးအေနနဲ႔ဆိုရင္ တစ္ရက္ကို အပူေၾကာင့္ျဖစ္တဲ့ လူနာက (၂၀)နဲ႔အထက္မွာ ရွိမယ္။ အရင္ႏွစ္ကထက္ ပိုပူလာေတာ့ စားဝတ္ေနေရးအတြက္ အျပင္ထထြက္ၾကတဲ့အခါ အကာအကြယ္ေလးနဲ႔ထြက္ေစခ်င္တယ္။ အဓိကကေတာ့ ေရဓာတ္မခမ္းေျခာက္ဖို႔ ဓာတ္ဆားေရ ေသာက္ေစခ်င္တယ္” ဟု တြဲလက္လူမႈကူညီေရးအသင္းက တာဝန္ရွိသူတစ္ဦးက ထပ္မံအႀကံျပဳထားသည္။
ျမန္မာႏိုင္ငံတြင္ ရာသီဥတုအလြန္အမင္းပူျပင္းလာမႈေၾကာင့္ အပူေၾကာင့္ျဖစ္သည့္ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားကို ျပည္သူ႔မ်ားအေနျဖင့္ ခံစားရႏိုင္ၿပီး ႀကိဳတင္ကာကြယ္မႈမ်ား လုပ္ေဆာင္ၾကပါရန္ အထက္ပါလူမႈကူညီေရးအသင္းမ်ားက တိုက္တြန္းႏႈိးေဆာ္ထားသည္။