သီရိလင်္ကာနိုင်ငံတွင် ကားပြိုင်ပွဲတစ်ခုအတွင်း ပြိုင်ကားတစ်စီးက လူအုပ်ကြီးကို ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ(၇)ဦး သေဆုံးပြီး (၂ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ

 754

Pika (NP News) – ဧပြီ ၂၂

သီရိလင်္ကာနိုင်ငံမှာ ဧပြီလ(၂၁)ရက်က ကားပြိုင်ပွဲတစ်ခုအတွင်း ပြိုင်ကားတစ်စီးဟာ လမ်းကြောင်းကနေ ချော်ထွက်ပြီး ကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေကို ဝင်တိုက်ခဲ့ရာ အနည်းဆုံးလူ(၇)ဦး သေဆုံးခဲ့ ပြီး အခြားလူ(၂၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Colombo မြို့ အရှေ့ဘက်(၁၈၀)ကီလိုမီတာအကွာမှာရှိတဲ့ Diyatalawa မြို့မှာ ကျင်းပခဲ့တဲ့ ကားပြိုင်ပွဲကို လူထောင်ပေါင်းများစွာက ကြည့်ရှုနေစဉ်အချိန်အတွင်းမှာ အဲဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ပြိုင်ကားတွေထဲက တစ်စီးဟာ လမ်းကြောင်းကနေချော်ထွက်ပြီး ကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူ တွေကို ဝင်တိုက်မိခဲ့တာလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Nihal Thalduwa က ပြောကြားခဲ့ပါတယ်။

အဲဒီမတော်တဆမှုကြောင့် ပြိုင်ပွဲတာဝန်ရှိသူ(၄)ဦး အပါအဝင် အနည်းဆုံးလူ(၇)ဦး သေဆုံးခဲ့ပြီး အခြားလူ(၂၀)ဦး ကို ဆေးကုသမှုတွေ လုပ်ဆောင်ဖို့အတွက် ဆေးရုံကို ပို့ထားတယ်လို့ Nihal Thalduwa က ပြောခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက (၃)ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ Nihal Thalduwa က ထပ်မံပြောဆို ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Nihal Thalduwa က ပြောခဲ့ပါတယ်။

မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ပြိုင်ပွဲကို ရပ်နားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီကားပြိုင်ပွဲကို သီရိလင်္ကာစစ်တပ် နဲ့ သီရိလင်္ကာ Automobile Sports တို့က စီစဉ်ကျင်းပတာလို့လည်း သိရပါတယ်။

Zawgyi Version;
သီရိလကၤာႏိုင္ငံတြင္ ကားၿပိဳင္ပြဲတစ္ခုအတြင္း ၿပိဳင္ကားတစ္စီးက လူအုပ္ႀကီးကို ဝင္တိုက္မိခဲ့ရာ အနည္းဆုံး လူ(၇)ဦး ေသဆုံးၿပီး (၂ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိ
Pika (NP News) – ဧၿပီ ၂၂

သီရိလကၤာႏိုင္ငံမွာ ဧၿပီလ(၂၁)ရက္က ကားၿပိဳင္ပြဲတစ္ခုအတြင္း ၿပိဳင္ကားတစ္စီးဟာ လမ္းေၾကာင္းကေန ေခ်ာ္ထြက္ၿပီး ၾကည့္ရႈေနတဲ့ပရိသတ္ေတြနဲ႔ ၿပိဳင္ပြဲတာဝန္ရွိသူေတြကို ဝင္တိုက္ခဲ့ရာ အနည္းဆုံးလူ(၇)ဦး ေသဆုံးခဲ့ ၿပီး အျခားလူ(၂၀)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

Colombo ၿမိဳ႕ အေရွ႕ဘက္(၁၈၀)ကီလိုမီတာအကြာမွာရွိတဲ့ Diyatalawa ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ကားၿပိဳင္ပြဲကို လူေထာင္ေပါင္းမ်ားစြာက ၾကည့္ရႈေနစဥ္အခ်ိန္အတြင္းမွာ အဲဒီအျဖစ္အပ်က္ျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။ ၿပိဳင္ကားေတြထဲက တစ္စီးဟာ လမ္းေၾကာင္းကေနေခ်ာ္ထြက္ၿပီး ၾကည့္ရႈေနတဲ့ပရိသတ္ေတြနဲ႔ ၿပိဳင္ပြဲတာဝန္ရွိသူ ေတြကို ဝင္တိုက္မိခဲ့တာလို႔ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Nihal Thalduwa က ေျပာၾကားခဲ့ပါတယ္။

အဲဒီမေတာ္တဆမႈေၾကာင့္ ၿပိဳင္ပြဲတာဝန္ရွိသူ(၄)ဦး အပါအဝင္ အနည္းဆုံးလူ(၇)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၂၀)ဦး ကို ေဆးကုသမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေဆး႐ုံကို ပို႔ထားတယ္လို႔ Nihal Thalduwa က ေျပာခဲ့ပါတယ္။
ထိခိုက္ဒဏ္ရာရရွိသူေတြထဲက (၃)ဦးဟာ စိုးရိမ္ရတဲ့အေျခအေနမွာရွိတယ္လို႔ Nihal Thalduwa က ထပ္မံေျပာဆို ခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ Nihal Thalduwa က ေျပာခဲ့ပါတယ္။

မေတာ္တဆမႈျဖစ္ပြားၿပီးတဲ့ေနာက္မွာေတာ့ ၿပိဳင္ပြဲကို ရပ္နားခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီကားၿပိဳင္ပြဲကို သီရိလကၤာစစ္တပ္ နဲ႔ သီရိလကၤာ Automobile Sports တို႔က စီစဥ္က်င္းပတာလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.