ပဲခူးမြို့ရှိ ဟံသာဝတီခေတ် ရှေးဟောင်းဆင်ကျုံးနေရာကို ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်ရန်စီစဉ်မည်

800

စော (NP News) - မေ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဟံသာဝတီ ခေတ် ရှေးဟောင်းဆင်ကျုံးနေရာကို ခရီးစဉ်ဒေသ အဖြစ်ဖော်ဆောင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ပဲခူးမြို့ရှိ ရှေးဟောင်းအမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းလျက်ရှိရာ ပဲခူးမြို့အနီး ဟံသာဝတီခေတ် ရှေးဟောင်းဆင်ကျုံးနေရာကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်ကျုံးနေရာတွင် ညှောင့်များ၊ ဆူးများကို ဖော်ထုတ်ရရှိခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက်တူးဖော်သုတေသနဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ရှေးဟောင်းအမွေအနှစ်တွေကို ကျွန်တော်တို့ ပြန်လည်ဖော်ထုတ်တယ်။ ပြန်လည် ထိန်းသိမ်းသွားမယ်လေ။ ထိန်းသိမ်းဆောင်ရွက်ချင်လို့ ကျုံးတွေ၊ ဆင်ကျုံးကို ပြန်လည်ပြီးတော့ ဖော်ထုတ် တာပါ။ ခရီးသွားကဏ္ဍမြှင့်တင်ရေးအစီအစဉ်မှာလည်း ဒါကို ခရီးစဉ်ဒေသတစ်ခုအနေနဲ့ ဖော်ဆောင်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက NP News ကို ပြောသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း အဆိုပါ ဆင်ကျုံးနေရာသို့ သွားရောက်ကြည့်ရှုခဲ့စဉ် ဆင်ကျုံးအတွင်းစိုက်ထူးထားသည့် ရှေးဟောင်း ကျွန်းတိုင်များကို မူလအတိုင်း စနစ်တကျထိန်းသိမ်း သွားရန်၊ ဆင်ကျုံးပတ်လည်ရှိ အုတ်ရိုးများနှင့် ဆင်ကျုံးအဝင်လမ်းများ စနစ်တကျဖော်ထုတ်ရန် တို့ကို ပြောကြားခဲ့သည်။
ထို့ပြင် တူးဖော်ရရှိသည့် အထောက်အထားများဖြင့် ဆင်ကျုံးပတ်လည်တွင် ပွဲကြည့်စင်များပါရှိ သည့်အတိုင်း ဆင်ကျုံးနမူနာပြတိုက်ပုံစံငယ်များ ထားရှိသွားရန်၊ အများပြည်သူလာရောက်လည်ပတ်နိုင်စေရေး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ချိတ် ဆက်၍ ခရီးစဉ်သစ်များ ထည့်သွင်း ဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။ ယခုနှစ် ဧပြီလအတွင်း ပဲခူးမြို့ရှိ အထင် ကရနေရာများသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား သောင်းနှင့်ချီသော ပမာဏရှိခဲ့ကြောင်း သိရသည်။
zawgyi version
ပဲခူးၿမိဳ႕ရွိ ဟံသာဝတီေခတ္ ေရွးေဟာင္းဆင္က်ဳံးေနရာကို ခရီးစဥ္ေဒသအျဖစ္ ေဖာ္ေဆာင္ရန္စီစဥ္မည္
ေစာ (NP News) - ေမ ၃
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ရွိ ဟံသာဝတီ ေခတ္ ေရွးေဟာင္းဆင္က်ဳံးေနရာကို ခရီးစဥ္ေဒသ အျဖစ္ေဖာ္ေဆာင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံမွ သိရသည္။
ပဲခူးၿမိဳ႕ရွိ ေရွးေဟာင္းအေမြအႏွစ္မ်ားကို ရွာေဖြေဖာ္ထုတ္ ထိန္းသိမ္းလ်က္ရွိရာ ပဲခူးၿမိဳ႕အနီး ဟံသာဝတီေခတ္ ေရွးေဟာင္းဆင္က်ဳံးေနရာကို ရွာေဖြေဖာ္ထုတ္ထိန္းသိမ္းေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ဆင္က်ဳံးေနရာတြင္ ေညႇာင့္မ်ား၊ ဆူးမ်ားကို ေဖာ္ထုတ္ရရွိခဲ့ၿပီး လက္ရွိတြင္လည္း ဆက္လက္တူးေဖာ္သုေတသနေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ေရွးေဟာင္းအေမြအႏွစ္ေတြကို ကြၽန္ေတာ္တို႔ ျပန္လည္ေဖာ္ထုတ္တယ္။ ျပန္လည္ ထိန္းသိမ္းသြားမယ္ေလ။ ထိန္းသိမ္းေဆာင္႐ြက္ခ်င္လို႔ က်ဳံးေတြ၊ ဆင္က်ဳံးကို ျပန္လည္ၿပီးေတာ့ ေဖာ္ထုတ္ တာပါ။ ခရီးသြားက႑ျမႇင့္တင္ေရးအစီအစဥ္မွာလည္း ဒါကို ခရီးစဥ္ေဒသတစ္ခုအေနနဲ႔ ေဖာ္ေဆာင္ၿပီး ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ပဲခူးတိုင္းေဒသ ႀကီး အစိုးရအဖြဲ႕မွ စီးပြားေရးရာဝန္ႀကီး ဦးတင္ဦးက NP News ကို ေျပာသည္။
ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကလည္း အဆိုပါ ဆင္က်ဳံးေနရာသို႔ သြားေရာက္ၾကည့္ရႈခဲ့စဥ္ ဆင္က်ဳံးအတြင္းစိုက္ထူးထားသည့္ ေရွးေဟာင္း ကြၽန္းတိုင္မ်ားကို မူလအတိုင္း စနစ္တက်ထိန္းသိမ္း သြားရန္၊ ဆင္က်ဳံးပတ္လည္ရွိ အုတ္႐ိုးမ်ားႏွင့္ ဆင္က်ဳံးအဝင္လမ္းမ်ား စနစ္တက်ေဖာ္ထုတ္ရန္ တို႔ကို ေျပာၾကားခဲ့သည္။
ထို႔ျပင္ တူးေဖာ္ရရွိသည့္ အေထာက္အထားမ်ားျဖင့္ ဆင္က်ဳံးပတ္လည္တြင္ ပြဲၾကည့္စင္မ်ားပါရွိ သည့္အတိုင္း ဆင္က်ဳံးနမူနာျပတိုက္ပုံစံငယ္မ်ား ထားရွိသြားရန္၊ အမ်ားျပည္သူလာေရာက္လည္ပတ္ႏိုင္ေစေရး ဟိုတယ္ႏွင့္ခရီးသြားလာေရးၫႊန္ၾကားမႈ ဦးစီးဌာနႏွင့္ ခ်ိတ္ ဆက္၍ ခရီးစဥ္သစ္မ်ား ထည့္သြင္း ေဆာင္႐ြက္သြားရန္လည္း ေျပာၾကားခဲ့သည္။ ယခုႏွစ္ ဧၿပီလအတြင္း ပဲခူးၿမိဳ႕ရွိ အထင္ ကရေနရာမ်ားသို႔ လာေရာက္လည္ပတ္သည့္ ႏိုင္ငံျခားသားခရီးသြား ေသာင္းႏွင့္ခ်ီေသာ ပမာဏရွိခဲ့ေၾကာင္း သိရသည္။